အာဆင္နယ္အတြက္ ဆူးတစ္ေခ်ာင္းလုိျဖစ္ေနတဲ့ လီဗာပူးၾကယ္ပြင့္ဖာမီႏို

photo-daily mail

photo-gettyimages

စေနညမွာ ၂ ပြဲစီႏိုင္ထားၾကတဲ့ ဇယားထိပ္ ၂ သင္းျဖစ္တဲ့ လီဗာပူးနဲ႔အာဆင္နယ္တို႔ရဲ႕ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းရွိေနပါတယ္။ လီဗာပူးအိမ္ကြင္းအန္ဖီးလ္မွာဆုိေတာ့ အာဆင္နယ္အတြက္ စိန္ေခၚမႈႀကီးမားၿပီး လီဗာပူးတိုက္စစ္က ဆာလာနဲ႔မာနီတို႔ဟာ အာဆင္နယ္ခံစစ္ကို ေကာင္းစြာၿခိမ္းေျခာက္ႏိုင္စြမး္ရွိပါတယ္။ ဒါေပမဲ့ လီဗာပူးမွာ အာဆင္နယ္ပိုေၾကာက္ရမယ့္ကစားသမားက ဖာမီႏိုျဖစ္ေနပါတယ္။

photo-gettyimages

အဲဒီဘရာဇီးသားတုိက္စစ္မႈးဟာ မၾကာေသးခင္ႏွစ္ေတြအတြင္း အာဆင္နယ္အတြက္ ဆူးတစ္ေခ်ာင္းလိုျဖစ္ေနခဲ့တာပါ။ အဲဒီလီဗာပူးၾကယ္ပြင့္ဟာ အာဆင္နယ္နဲ႔ ရင္ဆိုင္ခဲ့တဲ့ပြဲေတြမွာ ၈ ဂိုးသြင္းႏိုင္ခဲ့တာပါ။ သူတုိ႔ႏွစ္သငး္ေနာက္ဆုံးေတြ႕ခဲ့တဲ့ ၿပီးခဲ့တဲ့ဒီဇင္ဘာကဆုိရင္ ဖာမီႏိုဟာ အာဆင္နယ္ဘက္ကို ဟက္ထရစ္သြင္းႏိုင္ခဲ့ၿပီး အဲဒီပြဲမွာ လီဗာပူးက အာဆင္နယ္ကို ၅-၁ ဂိုးနဲ႔ေတာင္ ရလဒ္ပိုင္းျပတ္သားခဲ့ပါတယ္။ အာဆင္နယ္အတြက္ စုိးရိမ္စရာေနာက္ထပ္ကိန္းဂဏန္းအခ်က္အလက္က သူတုိ႔နဲ႔ေတြ႕ရင္ ဖာမီႏိုဘယ္ေလာက္အဆုံးသတ္ေကာင္းတယ္ဆိုတာပါ။ ဖာမီႏိုဟာ အာဆင္နယ္နဲ႔ေတြ႕ဆုံမႈေတြမွာ ဂိုးေပါက္တည့္ကန္ခ်က္ ၁၁ ခ်က္ထဲကေန ၈ ဂိုးသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္ခံစစ္ဟာ ဖာမီႏိုကို အခြင့္အေရးနည္းနည္းေလးေတာင္ ေပးလို႔မရပါဘူး။

photo-gettyimages

အာဆင္နယ္နဲ႔ပတ္သက္ၿပီး ဖာမီႏိုရဲ႕စိတ္၀င္စားစရာအေကာင္းဆုံးနဲ႔ ေစာင့္ၾကည့္ခ်င္စရာအေကာင္းဆုံးအခ်က္ကေတာ့ အာဆင္နယ္နဲ႔ကစားတိုင္း အိမ္ကြင္းအန္ဖီးလ္မွာ သူအၿမဲဂိုးသြင္းႏိုင္ခဲ့တယ္ဆိုတာပါပဲ။ သူ႔ရဲ႕ပထမဆုံးရာသီမွာ အာဆင္နယ္နဲ႔ ၃-၃ သေရက်ေတာ့ ဖာမီႏိုဟာ လီဗာပူးအတြက္ ၂ ဂိုးကို ပဲြခ်ိန္အေစာပိုင္း ၁၉ မိနစ္အတြင္းမွာတင္ သြင္းယူႏိုင္ခဲ့ပါတယ္။ ေနာက္တစ္ႏွစ္ေက်ာ္အၾကာ အန္ဖီးလ္မွာလည္း ပြဲအစ ၉ မိနစ္ကတည္းက သူဂိုးသြင္းႏိုင္ခဲ့ၿပီး အဲဒါဟာ အာဆင္နယ္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရဖို႔ လီဗာပူးအတြက္ အေရးပါခဲ့ပါတယ္။ ၂၀၁၇ ၾသဂုတ္မွာလည္း အန္ဖီးလ္မွာ အာဆင္နယ္ကို ၄ ဂိုးျပတ္နဲ႔ႏိုင္ေတာ့ အဖြင့္ဂိုးသြင္းခဲ့သူက ူဖာမီႏိုပါပဲ။

[Unicode]

စနေညမှာ ၂ ပွဲစီနိုင်ထားကြတဲ့ ဇယားထိပ် ၂ သင်းဖြစ်တဲ့ လီဗာပူးနဲ့အာဆင်နယ်တို့ရဲ့ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းရှိနေပါတယ်။ လီဗာပူးအိမ်ကွင်းအန်ဖီးလ်မှာဆိုတော့ အာဆင်နယ်အတွက် စိန်ခေါ်မှုကြီးမားပြီး လီဗာပူးတိုက်စစ်က ဆာလာနဲ့မာနီတို့ဟာ အာဆင်နယ်ခံစစ်ကို ကောင်းစွာခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ လီဗာပူးမှာ အာဆင်နယ်ပိုကြောက်ရမယ့်ကစားသမားက ဖာမီနိုဖြစ်နေပါတယ်။

အဲဒီဘရာဇီးသားတိုက်စစ်မှုးဟာ မကြာသေးခင်နှစ်တွေအတွင်း အာဆင်နယ်အတွက် ဆူးတစ်ချောင်းလိုဖြစ်နေခဲ့တာပါ။ အဲဒီလီဗာပူးကြယ်ပွင့်ဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ ၈ ဂိုးသွင်းနိုင်ခဲ့တာပါ။ သူတို့နှစ်သင်းနောက်ဆုံးတွေ့ခဲ့တဲ့ ပြီးခဲ့တဲ့ဒီဇင်ဘာကဆိုရင် ဖာမီနိုဟာ အာဆင်နယ်ဘက်ကို ဟက်ထရစ်သွင်းနိုင်ခဲ့ပြီး အဲဒီပွဲမှာ လီဗာပူးက အာဆင်နယ်ကို ၅-၁ ဂိုးနဲ့တောင် ရလဒ်ပိုင်းပြတ်သားခဲ့ပါတယ်။ အာဆင်နယ်အတွက် စိုးရိမ်စရာနောက်ထပ်ကိန်းဂဏန်းအချက်အလက်က သူတို့နဲ့တွေ့ရင် ဖာမီနိုဘယ်လောက်အဆုံးသတ်ကောင်းတယ်ဆိုတာပါ။ ဖာမီနိုဟာ အာဆင်နယ်နဲ့တွေ့ဆုံမှုတွေမှာ ဂိုးပေါက်တည့်ကန်ချက် ၁၁ ချက်ထဲကနေ ၈ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ခံစစ်ဟာ ဖာမီနိုကို အခွင့်အရေးနည်းနည်းလေးတောင် ပေးလို့မရပါဘူး။

အာဆင်နယ်နဲ့ပတ်သက်ပြီး ဖာမီနိုရဲ့စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ စောင့်ကြည့်ချင်စရာအကောင်းဆုံးအချက်ကတော့ အာဆင်နယ်နဲ့ကစားတိုင်း အိမ်ကွင်းအန်ဖီးလ်မှာ သူအမြဲဂိုးသွင်းနိုင်ခဲ့တယ်ဆိုတာပါပဲ။ သူ့ရဲ့ပထမဆုံးရာသီမှာ အာဆင်နယ်နဲ့ ၃-၃ သရေကျတော့ ဖာမီနိုဟာ လီဗာပူးအတွက် ၂ ဂိုးကို ပွဲချိန်အစောပိုင်း ၁၉ မိနစ်အတွင်းမှာတင် သွင်းယူနိုင်ခဲ့ပါတယ်။ နောက်တစ်နှစ်ကျော်အကြာ အန်ဖီးလ်မှာလည်း ပွဲအစ ၉ မိနစ်ကတည်းက သူဂိုးသွင်းနိုင်ခဲ့ပြီး အဲဒါဟာ အာဆင်နယ်ကို ၃-၁ ဂိုးနဲ့အနိုင်ရဖို့ လီဗာပူးအတွက် အရေးပါခဲ့ပါတယ်။ ၂၀၁၇ သြဂုတ်မှာလည်း အန်ဖီးလ်မှာ အာဆင်နယ်ကို ၄ ဂိုးပြတ်နဲ့နိုင်တော့ အဖွင့်ဂိုးသွင်းခဲ့သူက ူဖာမီနိုပါပဲ။