အသင္းေဟာင္းအတြက္ေတာ့ ေဆာရီးပါပဲလုိ႔ ျပန္ေတာင္းပန္ခဲ့တဲ့ မာနီ

Photo Credit: Getty Images
Photo Credit: Getty Images

လီဗာပူးက ေဆာက္သမ္တန္ကို 2-1 နဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ အေကာင္းဆံုးေျခစြမ္းျပကာ အဆံုးအျဖတ္ျဖစ္ေစခဲ့တဲ့ တုိက္စစ္မွဴးမာနီက အသင္းေဟာင္းအတြက္ေတာ့ Sorry ပါပဲလုိ႔ေျပာၾကားၿပီး ျပန္လည္ေတာင္းပန္စကားဆိုခဲ့ပါတယ္။

Photo Credit: Getty Images

ေဆာက္သမ္တန္ကြင္းမွာကစားခဲ့တဲ့ စေနညကပြဲစဥ္မွာ လီဗာပူးအတြက္အဖြင့္ဂိုးကို မာနီကသြင္းယူေပးႏုိင္ခဲ့တာျဖစ္ၿပီး ဖာမီႏိုသြင္းယူခဲ့တဲ့ ဒုတိယဂုိးကိုလည္း ဖန္တီးေပးႏုိင္ခဲ့တာပါ။ တခ်ဳိ႕ကစားသမားေတြဟာ အသင္းေဟာင္းနဲ႔ပြဲစဥ္မွာဂိုးသြင္းယူႏုိင္ခဲ့ရင္ ေအာင္ပြဲခံဖုိ႔ျငင္းဆန္ေလ့ရွိပါတယ္။ ဒါေပမဲ့ မာနီကေတာ့ အဲဒီပြဲစဥ္မွာ လီဗာပူးအတြက္ ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ကစားေဖာ္ေတြနဲ႔အတူ ေပ်ာ္ရႊင္စြာေအာင္ပြဲခံခဲ့ပါတယ္။

Photo Credit: Getty Images

အဲဒီပြဲစဥ္အၿပီး မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာေတာ့ မာနီဟာ အသင္းေဟာင္းေဆာက္သမ္တန္နဲ႔ ပရိသတ္ေတြကို ျပန္လည္ေတာင္းပန္ခဲ့ၿပီး သူ႕ရဲ႕စိတ္မေကာင္းမႈကိုေဖာ္ျပခဲ့ပါတယ္။ မာနီဟာ 2014 ကေန 2016 အထိ ေဆာက္သမ္တန္အသင္းမွာ 2 ရာသီၾကာကစားခဲ့ၿပီး အသင္းပရိသတ္ေတြရဲ႕ အခ်စ္ေတာ္တစ္ဦးလည္းျဖစ္ခဲ့ကာ 2016 ဇြန္လက လီဗာပူးကို ေပါင္ 34 သန္းနဲ႔ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း ေဆာက္သမ္တန္ပရိသတ္ေတြက မာနီကိုခ်စ္ခင္ေနဆဲျဖစ္ၿပီး ၿပိဳင္ဘက္အျဖစ္ရင္ဆုိင္ရတာေတာင္မွ အၿမဲတမ္းအားေပးခဲ့ၾကတာပါ။

Photo Credit: Getty Images

ဘီဘီစီနဲ႔အင္တာဗ်ဴးမွာ မာနီက ”အသင္းေဟာင္းအတြက္ ကၽြန္ေတာ္စိတ္မေကာင္းျဖစ္မိပါတယ္။ ဂိုးသြင္းလုိက္ရတဲ့အတြက္လည္း စိတ္မေကာင္းပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္က အခုခ်ိန္မွာ လီဗာပူးဂ်ာစီကုိ၀တ္ဆင္ထားရတာပါ။ ေဆာက္သမ္တန္ဟာ ကၽြန္ေတာ့္ဘ၀တိုးတက္ခဲ့မႈအတြက္ အလြန္ေကာင္းမြန္တဲ့ေျခလွမ္းတစ္ခုျဖစ္ခဲ့ၿပီး ကလပ္အေပၚမွာ ကၽြန္ေတာ့္ဘက္က ေလးစားမႈအျပည့္ရွိပါတယ္။ သိပ္ကိုေကာင္းမြန္တဲ့သူေတြရွိတဲ့ မယံုႏုိင္စရာေနရာတစ္ခုျဖစ္ၿပီး ကၽြန္ေတာ့္အတြက္ သင္ယူစရာအမ်ားႀကီးလည္းရရွိေစခဲ့တာပါ။ ဒါေပမဲ့ ဒီလုိျဖစ္ရပ္မ်ဳိးဟာ ေဘာလံုးသမားဘ၀ရဲ႕ အစိတ္အပိုင္းတစ္ရပ္ျဖစ္ၿပီး ကိုယ့္ဘက္က ရင္ဆုိင္ႏုိင္ဖုိ႔လိုပါတယ္”လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

(Unicode)

အသင်းဟောင်းအတွက်တော့ ဆောရီးပါပဲလို့ ပြန်တောင်းပန်ခဲ့တဲ့ မာနီ

လီဗာပူးက ဆောက်သမ်တန်ကို 2-1 နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြကာ အဆုံးအဖြတ်ဖြစ်စေခဲ့တဲ့ တိုက်စစ်မှူးမာနီက အသင်းဟောင်းအတွက်တော့ Sorry ပါပဲလို့ပြောကြားပြီး ပြန်လည်တောင်းပန်စကားဆိုခဲ့ပါတယ်။

ဆောက်သမ်တန်ကွင်းမှာကစားခဲ့တဲ့ စနေညကပွဲစဉ်မှာ လီဗာပူးအတွက်အဖွင့်ဂိုးကို မာနီကသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဖာမီနိုသွင်းယူခဲ့တဲ့ ဒုတိယဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။ တချို့ကစားသမားတွေဟာ အသင်းဟောင်းနဲ့ပွဲစဉ်မှာဂိုးသွင်းယူနိုင်ခဲ့ရင် အောင်ပွဲခံဖို့ငြင်းဆန်လေ့ရှိပါတယ်။ ဒါပေမဲ့ မာနီကတော့ အဲဒီပွဲစဉ်မှာ လီဗာပူးအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကစားဖော်တွေနဲ့အတူ ပျော်ရွှင်စွာအောင်ပွဲခံခဲ့ပါတယ်။

အဲဒီပွဲစဉ်အပြီး မီဒီယာတွေနဲ့အင်တာဗျူးမှာတော့ မာနီဟာ အသင်းဟောင်းဆောက်သမ်တန်နဲ့ ပရိသတ်တွေကို ပြန်လည်တောင်းပန်ခဲ့ပြီး သူ့ရဲ့စိတ်မကောင်းမှုကိုဖော်ပြခဲ့ပါတယ်။ မာနီဟာ 2014 ကနေ 2016 အထိ ဆောက်သမ်တန်အသင်းမှာ 2 ရာသီကြာကစားခဲ့ပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးလည်းဖြစ်ခဲ့ကာ 2016 ဇွန်လက လီဗာပူးကို ပေါင် 34 သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ဆောက်သမ်တန်ပရိသတ်တွေက မာနီကိုချစ်ခင်နေဆဲဖြစ်ပြီး ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရတာတောင်မှ အမြဲတမ်းအားပေးခဲ့ကြတာပါ။

ဘီဘီစီနဲ့အင်တာဗျူးမှာ မာနီက ”အသင်းဟောင်းအတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ဂိုးသွင်းလိုက်ရတဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်က အခုချိန်မှာ လီဗာပူးဂျာစီကိုဝတ်ဆင်ထားရတာပါ။ ဆောက်သမ်တန်ဟာ ကျွန်တော့်ဘဝတိုးတက်ခဲ့မှုအတွက် အလွန်ကောင်းမွန်တဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပြီး ကလပ်အပေါ်မှာ ကျွန်တော့်ဘက်က လေးစားမှုအပြည့်ရှိပါတယ်။ သိပ်ကိုကောင်းမွန်တဲ့သူတွေရှိတဲ့ မယုံနိုင်စရာနေရာတစ်ခုဖြစ်ပြီး ကျွန်တော့်အတွက် သင်ယူစရာအများကြီးလည်းရရှိစေခဲ့တာပါ။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးဟာ ဘောလုံးသမားဘဝရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ကိုယ့်ဘက်က ရင်ဆိုင်နိုင်ဖို့လိုပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။