အသင္းနဲ႔အတူ ဂါရတ္ေဘးလ္ ဆက္ရွိမယ္လုိ႔ ဇီဒန္း အတည္ျပဳ

Photo Credit

Photo Credit ; AP

လာလီဂါအဖြင့္ပြဲစဥ္အျဖစ္ ဆယ္လ္တာဗီဂိုနဲ႔ပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ကစားခြင့္ရရွိခဲ့တဲ့ ေတာင္ပံတုိက္စစ္မွဴး ဂါရတ္ေဘးလ္အေနနဲ႔ ယခုရာသီမွာ အသင္းနဲ႔အတူ ဆက္ရွိသြားမွာျဖစ္ေၾကာင္း ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းက အတည္ျပဳလုိက္ပါတယ္။

Photo Credit

ေတာင္ပံကစားသမား ဟာဇက္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရၿပီးေနာက္ ေဘးလ္ဟာ ဆယ္လ္တာဗီဂိုကို ၁-၃ဂုိးနဲ႔အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဦးစားေပးကစားသမားအျဖစ္ အံ့အားသင့္ဖြယ္ပါ၀င္လာခဲ့ၿပီး ဘန္ဇီးမားရဲ႕ဦးေဆာင္ဂိုးအတြက္ ဂိုးဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

Photo Credit

ေဘးလ္ဟာ အဲဒီပဲြမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဒီလုိပါ၀င္ခြင့္ရခဲ့တာက အံ့အးသင့္စရာေကာင္းေနပါတယ္။ သူဟာ ယခုေႏြရာသီအတြင္း အသင္းေျပာင္းေရႊ႕ဖုိ႔ ေသခ်ာသေလာက္ရွိေနခဲ့ၿပီး တ႐ုတ္စူပါလိဂ္ကလပ္ကို ေရာက္ရွိဖို႔လည္း အေတာ္ေလးနီးစပ္ခဲ့ပါတယ္။

Photo Credit

ဇီဒန္းကိုယ္တိုင္ကလည္း အသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲေတြမွာ ေဘးလ္ကို အသင္းရဲ႕လူစာရင္းကေန အၿမဲလုိလုိခ်န္လွပ္ခဲ့ၿပီး အသင္းေျပာင္းေရႊ႕ဖို႔ အသင္းဘက္က အတတ္ႏိုင္ဆုံးႀကိဳးစားေနတယ္လုိ႔ေတာင္ ေျပာၾကားခဲ့ဖူးပါတယ္။ ဒါေပမဲ့ ဆယ္လ္တာဗီဂိုနဲ႔ပြဲအၿပီးမွာေတာ့ ဇီဒန္းက ေဘးလ္အအေနနဲ႔ ဒီရာသီမွာ ပါ၀င္ကစားခြင့္ရရွိမယ္လုိ႔ အတည္ျပဳခဲ့ပါတယ္။

Photo Credit

”ေဘးလ္အေနနဲ႔ အသင္းမွာပဲ ဆက္ရွိသြားမွာပါ။ ကၽြန္ေတာ္တို႔ဟာ ရာသီသစ္အတြက္ အာ႐ုံအျပည့္အ၀စုိက္ထားတာကလြဲလို႔ တျခားဘာမွမရွိပါဘူး။ ဟာဇက္ဒဏ္ရာရသြားတာက အသင္းအတြက္ ကံဆုိးမႈျဖစ္ခဲ့ေပမယ့္ အဲဒီအခ်က္က ေဘးလ္နဲ႔ပတ္သက္လု႔ိ ဒီပြဲရဲ႕နည္းဗ်ဴဟာက ေျပာင္းလဲသြားတာမဟုတ္ပါဘူး”

Photo Credit

”ေဘးလ္ေရာ ဂ်ိမ္းစ္ပါ အသင္းမွာရွိတ့ဲကစားသမားတုိင္းက ရီးရဲလ္ဂ်ာစီအတြက္ အားကုန္ကစားသြားမွာပါ”လုိ႔ ဇီဒန္းက ဆုိပါတယ္။ ရီးရဲလ္ဟာ လက္ရွိအခ်ိန္မွာ အခါးသီးဆုံးၿပိဳင္ဘက္ ဘာစီလုိနာကို ၃မွတ္ျဖတ္ထားႏိုင္ၿပီး လက္ရွိခ်န္ပီယံက အဖြင့္ပြဲစဥ္မွာ ဘီလ္ဘာအုိကုိ ၁-၀ဂိုးနဲ႔ အေရးနိမ့္ထားပါတယ္။

Photo Credit

Unicode

အသင်းနဲ့အတူ ဂါရတ်ဘေးလ် ဆက်ရှိမယ်လို့ ဇီဒန်း အတည်ပြု

လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်အနေနဲ့ ယခုရာသီမှာ အသင်းနဲ့အတူ ဆက်ရှိသွားမှာဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက အတည်ပြုလိုက်ပါတယ်။
တောင်ပံကစားသမား ဟာဇက် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီးနောက် ဘေးလ်ဟာ ဆယ်လ်တာဗီဂိုကို ၁-၃ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဦးစားပေးကစားသမားအဖြစ် အံ့အားသင့်ဖွယ်ပါဝင်လာခဲ့ပြီး ဘန်ဇီးမားရဲ့ဦးဆောင်ဂိုးအတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဘေးလ်ဟာ အဲဒီပွဲမှာ တောက်လျှောက်ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီလိုပါဝင်ခွင့်ရခဲ့တာက အံ့အးသင့်စရာကောင်းနေပါတယ်။ သူဟာ ယခုနွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေခဲ့ပြီး တရုတ်စူပါလိဂ်ကလပ်ကို ရောက်ရှိဖို့လည်း အတော်လေးနီးစပ်ခဲ့ပါတယ်။
ဇီဒန်းကိုယ်တိုင်ကလည်း အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ဘေးလ်ကို အသင်းရဲ့လူစာရင်းကနေ အမြဲလိုလိုချန်လှပ်ခဲ့ပြီး အသင်းပြောင်းရွှေ့ဖို့ အသင်းဘက်က အတတ်နိုင်ဆုံးကြိုးစားနေတယ်လို့တောင် ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲအပြီးမှာတော့ ဇီဒန်းက ဘေးလ်အအနေနဲ့ ဒီရာသီမှာ ပါဝင်ကစားခွင့်ရရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။
”ဘေးလ်အနေနဲ့ အသင်းမှာပဲ ဆက်ရှိသွားမှာပါ။ ကျွန်တော်တို့ဟာ ရာသီသစ်အတွက် အာရုံအပြည့်အဝစိုက်ထားတာကလွဲလို့ တခြားဘာမှမရှိပါဘူး။ ဟာဇက်ဒဏ်ရာရသွားတာက အသင်းအတွက် ကံဆိုးမှုဖြစ်ခဲ့ပေမယ့် အဲဒီအချက်က ဘေးလ်နဲ့ပတ်သက်လု့ိ ဒီပွဲရဲ့နည်းဗျူဟာက ပြောင်းလဲသွားတာမဟုတ်ပါဘူး”
”ဘေးလ်ရော ဂျိမ်းစ်ပါ အသင်းမှာရှိတဲ့ကစားသမားတိုင်းက ရီးရဲလ်ဂျာစီအတွက် အားကုန်ကစားသွားမှာပါ”လို့ ဇီဒန်းက ဆိုပါတယ်။ ရီးရဲလ်ဟာ လက်ရှိအချိန်မှာ အခါးသီးဆုံးပြိုင်ဘက် ဘာစီလိုနာကို ၃မှတ်ဖြတ်ထားနိုင်ပြီး လက်ရှိချန်ပီယံက အဖွင့်ပွဲစဉ်မှာ ဘီလ်ဘာအိုကို ၁-ဝဂိုးနဲ့ အရေးနိမ့်ထားပါတယ်။