အယ္လစ္ဆန္ေနရာမွာ အက္ဒရီယန္က အစားျဖည့္ေပးႏိုင္မယ္လုိ႔ အာႏိုးယုံၾကည္

photo-gettyimages

photo-gettyimages

ဒဏ္ရာရေနတ့ဲ နံပါတ္ ၁ ဂိုးသမားအယ္လစ္ဆန္ေနရာမွာ အရန္ဂိုးသမားအက္ဒရီယန္က ေကာင္းစြာအစားျဖည့္ေပးႏုိင္မယ္လုိ႔ လီဗာပူးေနာက္ခံလူအာႏိုးက ယုံၾကည္ေနပါတယ္။ စပိန္သားဂိုးသမားအက္ဒရီယန္ဟာ ၿပီးခဲ့တဲ့အပတ္ကမွ ၀က္စ္ဟမ္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လီဗာပူးကိုေရာက္လာခဲ့တာပါ။ လီဗာပူးဟာ အသင္းနဲ႔လမ္းခြဲသြားတဲ့ အရန္ဂိုးသမားမစ္ဂ္ႏိုလက္ရဲ႕ေနရာမွာ အက္ဒရီယန္နဲ႔အစားထုိးခဲ့တာပါ။

photo-reuters

ျဖစ္ခ်င္ေတာ့ ၿပီးခဲ့တဲ့ေသာၾကာေန႔ကစားခဲ့တဲ့ ေနာ္၀စ္ခ်္နဲ႔ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ အယ္လစ္ဆန္က ဒဏ္ရာရၿပီး ကြင္းထဲကထြက္သြားခဲ့ရလို႔ ပထမပိုင္းမွာပဲ အက္ဒရီယန္ဟာ အသင္းသစ္အတြက္ ပထမဆုံးအႀကိမ္အျဖစ္ ကစားခြင့္ရရွိခဲ့ပါတယ္။ လက္ရွိမွာလည္း ရက္သတၱပတ္ ၈ ပတ္အထိ အယ္လစ္ဆန္နားရႏိုင္လုိ႔ အက္ဒရီယန္ဟာ လီဗာပူးရဲ႕လာမယ့္ပြဲေတြမွာ ပဲြထြက္အျဖစ္ပါ၀င္ရေတာ့မွာပါ။ အယ္လစ္ဆန္မရွိခ်ိန္ အသင္းရဲ႕ဂိုးေပါက္အတြက္ စုိးရိမ္မႈေတြရွိေနၾကေပမယ့္ အားႏိုးကေတာ့ သူ႔ရဲ႕အသင္းေဖာ္သစ္အေပၚ ယုံၾကည္မႈရွိေနပါတယ္။

photo-reuters

”သူ႔ရဲ႕အေတြ႕အႀကဳံက အဓိကအခ်က္ပါပဲ။ သူဟာ ပြဲေတြအမ်ားႀကီးကစားခဲ့တာပါ။ ဒါေၾကာင့္ အေျခအေနကုိ သူသိပါတယ္။ သူဟာ ပရိသတ္ေတြရဲ႕အားေပးမႈကိုရရွိေနၿပီးျဖစ္ေနၿပီလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဂိုးသမားတစ္ေယာက္ဒဏ္ရာရသြားၿပီဆုိရင္ ဒါဟာ ေကာင္းတဲ့အေျခအေနေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့လညး္ သူလုပ္ႏိုင္မွာပါ။ သူဟာ ကၽြန္ေတာ္တို႔ရဲပြဲထြက္႕ဂိုးသမားအျဖစ္ ေနာက္ရက္သတၱပတ္အနည္းငယ္ထိ ရွိေနမွာပါ။ ဒါကို လက္ခံႀကိဳဆုိရမွာျဖစ္ၿပီး ကၽြန္ေတာ္တုိ႔ဆီကေန သူသင္ယူႏိုင္မယ္လို႔လည္း ေသခ်ာေျပာရဲပါတယ္”လုိ႔ အက္ဒရီယန္နဲ႔ပတ္သက္ၿပီး အာႏုိးက ေျပာခဲ့ပါတယ္။

[Unicode]

ဒဏ်ရာရနေတဲ့ နံပါတ် ၁ ဂိုးသမားအယ်လစ်ဆန်နေရာမှာ အရန်ဂိုးသမားအက်ဒရီယန်က ကောင်းစွာအစားဖြည့်ပေးနိုင်မယ်လို့ လီဗာပူးနောက်ခံလူအာနိုးက ယုံကြည်နေပါတယ်။ စပိန်သားဂိုးသမားအက်ဒရီယန်ဟာ ပြီးခဲ့တဲ့အပတ်ကမှ ဝက်စ်ဟမ်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးကိုရောက်လာခဲ့တာပါ။ လီဗာပူးဟာ အသင်းနဲ့လမ်းခွဲသွားတဲ့ အရန်ဂိုးသမားမစ်ဂ်နိုလက်ရဲ့နေရာမှာ အက်ဒရီယန်နဲ့အစားထိုးခဲ့တာပါ။

ဖြစ်ချင်တော့ ပြီးခဲ့တဲ့သောကြာနေ့ကစားခဲ့တဲ့ နော်ဝစ်ချ်နဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အယ်လစ်ဆန်က ဒဏ်ရာရပြီး ကွင်းထဲကထွက်သွားခဲ့ရလို့ ပထမပိုင်းမှာပဲ အက်ဒရီယန်ဟာ အသင်းသစ်အတွက် ပထမဆုံးအကြိမ်အဖြစ် ကစားခွင့်ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ရက်သတ္တပတ် ၈ ပတ်အထိ အယ်လစ်ဆန်နားရနိုင်လို့ အက်ဒရီယန်ဟာ လီဗာပူးရဲ့လာမယ့်ပွဲတွေမှာ ပွဲထွက်အဖြစ်ပါဝင်ရတော့မှာပါ။ အယ်လစ်ဆန်မရှိချိန် အသင်းရဲ့ဂိုးပေါက်အတွက် စိုးရိမ်မှုတွေရှိနေကြပေမယ့် အားနိုးကတော့ သူ့ရဲ့အသင်းဖော်သစ်အပေါ် ယုံကြည်မှုရှိနေပါတယ်။

”သူ့ရဲ့အတွေ့အကြုံက အဓိကအချက်ပါပဲ။ သူဟာ ပွဲတွေအများကြီးကစားခဲ့တာပါ။ ဒါကြောင့် အခြေအနေကို သူသိပါတယ်။ သူဟာ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေပြီးဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ ဂိုးသမားတစ်ယောက်ဒဏ်ရာရသွားပြီဆိုရင် ဒါဟာ ကောင်းတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူလုပ်နိုင်မှာပါ။ သူဟာ ကျွန်တော်တို့ရဲပွဲထွက့်ဂိုးသမားအဖြစ် နောက်ရက်သတ္တပတ်အနည်းငယ်ထိ ရှိနေမှာပါ။ ဒါကို လက်ခံကြိုဆိုရမှာဖြစ်ပြီး ကျွန်တော်တို့ဆီကနေ သူသင်ယူနိုင်မယ်လို့လည်း သေချာပြောရဲပါတယ်”လို့ အက်ဒရီယန်နဲ့ပတ်သက်ပြီး အာနိုးက ပြောခဲ့ပါတယ်။