အမွား ၄ ခုပဲ က်ဴးလြန္ခဲ့တာပါ၊ ဒီထက္မပိုခဲ့ဘူး၊ ဒါက ၄ -၀ ေတာ့ မျဖစ္သင့္ဘူး

Photo Credit ; Getty Images

Photo Credit

ခ်ဲလ္ဆီးအသင္းရဲ႔ နညး္ျပသစ္ လမ္းပတ္ကေတာ့ သူရဲ႔ အသင္းဟာယမန္ေန႔ကမန္ယူအသင္းကို ၄ – ၀ နဲ႔ ရံႈးနိမ့္ခဲ့တဲ့ပြဲစဥ္မွာကံၾကမၼာရဲ႔ မ်က္ႏွာသာေပးျခင္းကိုမခံခဲ့ရဘူးလို႔ ယံုၾကည္ေနပါတယ္။ ျခေသၤ့ျပာအသင္းဟာအိုးထရက္ဖို႔ဒ္မွာအေကာင္းဆံုးကစားႏိုင္ခဲ့ေပမယ့္ အိမ္႐ွင္အသင္းကအဆံုးသတ္ပိုင္းမွာအားသာခဲ့ပါတယ္။ ဒါကအဓိကကြာျခားခ်က္ပါပဲ၊ ယူႏိုက္တက္အတြက္ မားကပ္ ရက္ဖို႔ဒ္႐ွ္က ၂ ဂိုးသြင္ယူခဲ့ျပီး၊ မာ႐ွယ္ကတစ္ဂိုး၊ ဒန္နီရယ္ဂ်ိမ္းစ္ကတစ္ဂိုးသြင္းယူေပးခဲ့တာပါ။

Photo Credit ; Reuters

ပြဲၿပီးဆံုးခ်ိန္မွာ ျမင္ေတြ႔ခဲ့ရတဲ့ ရလဒ္ကအသင္းသားေတြအေပၚ ရက္စက္လြန္းခဲ့တယ္လို႔ လမ္းပတ္ကေျပာပါတယ္။ ” ေပးခဲ့ရတဲ့ ဂိုးေတြအတြက္ အမွားလုပ္ခဲ့တာကနည္းပါတယ္၊ ပထမပိုင္းတုန္းကပြဲကိုအေကာင္းဆံုးထိန္းခ်ဳပ္ကစားႏိုင္ခဲ့ၾကတယ္၊ ဒုတိယပိုင္းမိနစ္ ၆၀ ေက်ာ္မွ ဆံုးျဖတ္ခ်က္ေတြ မွားယြင္းခဲ့ၾကတယ္ ” လို႔ လမ္းပတ္က Sky Sports သတင္းကိုေျပာပါတယ္။

Photo Credit ; Getty Images

“ပထမပိုင္းမွာ ကၽြန္ေတာ္တုိ႔အသင္းဟာ ယူႏိုက္တက္ကိုေတာက္ေလွ်ာက္တိုက္စစ္ဆင္ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ ပြဲရလဒ္က ၃ – ၀ ျဖစ္သြားခ်ိန္မွာေတာ့ ယူႏိုက္တက္ကအရမ္းကိုလြယ္လြယ္ကူကူကစားလာႏိုင္ခဲ့တယ္။ ယူႏိုက္တက္ဟာ Counter-Attacking ကစားတဲ့အသင္းပါ၊ သူတို႔မွာေနရာလြတ္ေတြ ခ်န္ထားတယ္၊ ခင္ဗ်ားေဘာလံုးကိုေျခထဲမွာပိုင္ပိုင္ႏိုင္ႏိုင္ ယူမထားႏိုင္ဘူးဆိုရင္ေတာ့ သူတို႔က Counter_Attackနဲ႔ ျပန္တိုက္စစ္ဆင္လိမ့္မယ္။ ကၽြန္ေတ္ာတို႔ မလုပ္ေဆာင္ႏိုင္ခဲ့ဘူး၊ ဒီပြဲစဥ္ကသင္ခန္းစာေတြလည္းရလိုက္ပါတယ္၊ ၄ ဂိုးေတာ့ မျဖစ္သင့္ခဲ့ဘူး” လို႔ လမ္းပတ္ကယမန္ေန႔ကပြဲစဥ္နဲ႔ ပတ္သက္ၿပီးေျပာျပခဲ့ပါတယ္။

Photo Credit ; Getty Images

ဆက္လက္ျပီးလမ္းပတ္က ” ခင္ဗ်ားတို႔သိၾကတဲ့အတိုင္းပဲအသင္းမွာဒဏ္ရာျပႆနာေတြနဲ႔ အေျပာင္းအေရႊ႕ ပိတ္ပင္ခံထားရတာေတြ ရွိေနပါတယ္။ ကၽြန္ေတာ္ အန္ဂိုလိုကန္တီကိုပါဝင္ကစားဖို႔ အခြင့္အေရးေပးခ်င္တယ္၊ သူဒဏ္ရာရလာမွာကိုေတာ့ ခြင့္မျပဳႏိုင္ဘူး၊ အမွား ၄ ခုပဲ က်ဴးလြန္ခဲ့တာပါ၊ ဒီ့ထက္မပိုပါဘူး၊ သူတို႔ကပိုၿပီးအဆံုးသတ္ပိုင္းေကာင္းမြန္ခဲ့ၾကတယ္၊ ကၽြန္ေတာ္တို႔ ဒီ့ထက္ပိုၿပီးတိုးတက္လာဖို႔ လိုပါတယ္၊ ၄ ဂိုးဂိုးမရွိနဲ႔ ရံႈးနိမ့္ခဲ့ရတဲ့ ခံစားခ်က္ကေတာ့ အေတာ္ကိုမေကာင္းတာပါ ” လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

Photo Credit

Unicode

အမှား ၄ ခုပဲ ကျူးလွန်ခဲ့တာပါ၊ ဒီထက်မပိုခဲ့ဘူး၊ ဒါက ၄ -၀ တော့ မဖြစ်သင့်ဘူး
ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် လမ်းပတ်ကတော့ သူရဲ့ အသင်းဟာယမန်နေ့ကမန်ယူအသင်းကို ၄ – ၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာကံကြမ္မာရဲ့ မျက်နှာသာပေးခြင်းကိုမခံခဲ့ရဘူးလို့ ယုံကြည်နေပါတယ်။ ခြင်္သေ့ပြာအသင်းဟာအိုးထရက်ဖို့ဒ်မှာအကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းကအဆုံးသတ်ပိုင်းမှာအားသာခဲ့ပါတယ်။ ဒါကအဓိကကွာခြားချက်ပါပဲ၊ ယူနိုက်တက်အတွက် မားကပ် ရက်ဖို့ဒ်ရှ်က ၂ ဂိုးသွင်ယူခဲ့ပြီး၊ မာရှယ်ကတစ်ဂိုး၊ ဒန်နီရယ်ဂျိမ်းစ်ကတစ်ဂိုးသွင်းယူပေးခဲ့တာပါ။
ပွဲပြီးဆုံးချိန်မှာ မြင်တွေ့ခဲ့ရတဲ့ ရလဒ်ကအသင်းသားတွေအပေါ် ရက်စက်လွန်းခဲ့တယ်လို့ လမ်းပတ်ကပြောပါတယ်။ ” ပေးခဲ့ရတဲ့ ဂိုးတွေအတွက် အမှားလုပ်ခဲ့တာကနည်းပါတယ်၊ ပထမပိုင်းတုန်းကပွဲကိုအကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ကြတယ်၊ ဒုတိယပိုင်းမိနစ် ၆၀ ကျော်မှ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့ကြတယ် ” လို့ လမ်းပတ်က Sky Sports သတင်းကိုပြောပါတယ်။
“ပထမပိုင်းမှာ ကျွန်တော်တို့အသင်းဟာ ယူနိုက်တက်ကိုတောက်လျှောက်တိုက်စစ်ဆင်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပွဲရလဒ်က ၃ – ၀ ဖြစ်သွားချိန်မှာတော့ ယူနိုက်တက်ကအရမ်းကိုလွယ်လွယ်ကူကူကစားလာနိုင်ခဲ့တယ်။ ယူနိုက်တက်ဟာ Counter-Attacking ကစားတဲ့အသင်းပါ၊ သူတို့မှာနေရာလွတ်တွေ ချန်ထားတယ်၊ ခင်ဗျားဘောလုံးကိုခြေထဲမှာပိုင်ပိုင်နိုင်နိုင် ယူမထားနိုင်ဘူးဆိုရင်တော့ သူတို့က Counter_Attackနဲ့ ပြန်တိုက်စစ်ဆင်လိမ့်မယ်။ ကျွန်တေ်ာတို့ မလုပ်ဆောင်နိုင်ခဲ့ဘူး၊ ဒီပွဲစဉ်ကသင်ခန်းစာတွေလည်းရလိုက်ပါတယ်၊ ၄ ဂိုးတော့ မဖြစ်သင့်ခဲ့ဘူး” လို့ လမ်းပတ်ကယမန်နေ့ကပွဲစဉ်နဲ့ ပတ်သက်ပြီးပြောပြခဲ့ပါတယ်။
ဆက်လက်ပြီးလမ်းပတ်က ” ခင်ဗျားတို့သိကြတဲ့အတိုင်းပဲအသင်းမှာဒဏ်ရာပြဿနာတွေနဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတာတွေ ရှိနေပါတယ်။ ကျွန်တော် အန်ဂိုလိုကန်တီကိုပါဝင်ကစားဖို့ အခွင့်အရေးပေးချင်တယ်၊ သူဒဏ်ရာရလာမှာကိုတော့ ခွင့်မပြုနိုင်ဘူး၊ အမှား ၄ ခုပဲ ကျူးလွန်ခဲ့တာပါ၊ ဒီ့ထက်မပိုပါဘူး၊ သူတို့ကပိုပြီးအဆုံးသတ်ပိုင်းကောင်းမွန်ခဲ့ကြတယ်၊ ကျွန်တော်တို့ ဒီ့ထက်ပိုပြီးတိုးတက်လာဖို့ လိုပါတယ်၊ ၄ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ခံစားချက်ကတော့ အတော်ကိုမကောင်းတာပါ ” လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။