အနာဂတ္မွာ စည္းၾကပ္ဒိုင္ေတြေနရာ ရိုေဘာ့ေတြနဲ႔အစားထုိးခ်င္ေနတဲ့ဖီဖာ

photo-the sun

photo-gettyimages

လူကၽြံေဘာေတြဖမ္းတဲ့ေနရာမွာ VAR က ဘယ္ေလာက္တိက်ေၾကာင္း ျဖစ္ရပ္ေတြေပၚေပါက္အၿပီးမွာေတာ့ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ဖီဖာဟာ အနာဂတ္ေဘာလုံးပြဲေတြမွာ စည္းၾကပ္ဒိုင္ေတြေနရာ ရိုေဘာ့ေတြနဲ႔အစားထုိးဖို႔အေရးကို အခုကတည္းက စတင္စီစဥ္ေနၿပီျဖစ္ပါတယ္။ ဗီဒီယိုအကူဒုိင္စနစ္ျဖစ္တဲ့ VAR ကို နည္းပညာပိုင္းအရ ပုိအဆင့္ျမင့္လာေအာင္ ထပ္မံဆန္းသစ္အသုံးျပဳလာႏိုင္မယ္ဆိုရင္ ေဘာလုံးကြင္းထဲက လက္ေတြ႕ဘ၀ေတြဟာ အတိတ္မွာ က်န္ခဲ့ေတာ့မွာပါ။ အထူးသျဖင့္ စည္းၾကပ္နဲ႔အကူဒုိင္ေတြအတြက္ VAR ဟာ ေကာင္းတဲ့အလားအလာေတာ့ မဟုတ္ပါဘူး။

photo-btsport

ဒါေၾကာင့္လည္း ကြင္းေဘးတစ္ေလွ်ာက္ အလံတစ္ခုနဲ႔ လြန္းထိုးေျပးလႊားေနတဲ့ စည္းၾကပ္ဒိုင္တစ္ေယာက္ရဲ႕ပုံရပ္ဟာ သမိုင္းစာအုပ္ထဲေရာက္သြားႏိုင္ပါတယ္။ Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရေတာ့ ဖီဖာဟာ စည္းၾကပ္ဒိုင္ေတြကို ကင္မရာေတြ၊ကြန္ျပဴတာေတြနဲ႔ ဘယ္လိုအစားထိုးႏိုင္မလဲဆိုတဲ့အေပၚ သိႏိုင္ဖုိ႔ သုေတသနဌာနတစ္ခုတည္ေထာင္ထားတယ္လို႔ သိရပါတယ္။ ဒီအတြက္ လူသားေတြေနရာ ရိုေဘာ့ေတြအစား၀င္ဖုိ႔က ႏွစ္ကာလအားျဖင့္ အမ်ားႀကီးမၾကာႏိုင္ေတာ့ပါဘူး။

photo-gettyimages

ပရီးမီးယားလိဂ္ရာသီအစမွာတင္ VAR နည္းပညာရဲ႕ဆင့္ကဲတုိးတက္လာမႈကို ပရိသတ္ေတြျမင္ခဲ့ရၿပီး ျဖစ္ပါတယ္။ အခုခ်ိန္မွာ ကစားသမားတစ္ေယာက္ လူကၽြံျခင္းရွိမရွိကို VAR နည္းပညာရဲ႕လုိင္းစင္းေလးေတြက အတိအက်အေျဖထုတ္ေပးႏိုင္ေပးႏိုင္ေနတာပါ။ မီလီမီတာအနည္းငယ္ေတာင္ မလြဲေစရပါဘူး။ ဒါေပမဲ့ ေဘာလုံးပြဲေတြအေပၚ နည္းပညာလႊမ္းမိုးလာတာကို ပရိသတ္အမ်ားစုက မႏွစ္ၿခိဳက္ျဖစ္ေနၾကၿပီး အဲဒါက ပြဲအရွိန္ကို အလြန္အမင္းေႏွးေကြးေစသလို ေဘာလုံးရဲ႕အႏွစ္သာကိုလည္း သတ္သလိုျဖစ္ေနတယ္လို႔ အသံေတြထြက္ေနၾကပါတယ္။

[Unicode]

လူကျွံဘောတွေဖမ်းတဲ့နေရာမှာ VAR က ဘယ်လောက်တိကျကြောင်း ဖြစ်ရပ်တွေပေါ်ပေါက်အပြီးမှာတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ အနာဂတ်ဘောလုံးပွဲတွေမှာ စည်းကြပ်ဒိုင်တွေနေရာ ရိုဘော့တွေနဲ့အစားထိုးဖို့အရေးကို အခုကတည်းက စတင်စီစဉ်နေပြီဖြစ်ပါတယ်။ ဗီဒီယိုအကူဒိုင်စနစ်ဖြစ်တဲ့ VAR ကို နည်းပညာပိုင်းအရ ပိုအဆင့်မြင့်လာအောင် ထပ်မံဆန်းသစ်အသုံးပြုလာနိုင်မယ်ဆိုရင် ဘောလုံးကွင်းထဲက လက်တွေ့ဘဝတွေဟာ အတိတ်မှာ ကျန်ခဲ့တော့မှာပါ။ အထူးသဖြင့် စည်းကြပ်နဲ့အကူဒိုင်တွေအတွက် VAR ဟာ ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။

ဒါကြောင့်လည်း ကွင်းဘေးတစ်လျှောက် အလံတစ်ခုနဲ့ လွန်းထိုးပြေးလွှားနေတဲ့ စည်းကြပ်ဒိုင်တစ်ယောက်ရဲ့ပုံရပ်ဟာ သမိုင်းစာအုပ်ထဲရောက်သွားနိုင်ပါတယ်။ Mirror သတင်းစာရဲ့ဖော်ပြချက်အရတော့ ဖီဖာဟာ စည်းကြပ်ဒိုင်တွေကို ကင်မရာတွေ၊ကွန်ပြူတာတွေနဲ့ ဘယ်လိုအစားထိုးနိုင်မလဲဆိုတဲ့အပေါ် သိနိုင်ဖို့ သုတေသနဌာနတစ်ခုတည်ထောင်ထားတယ်လို့ သိရပါတယ်။ ဒီအတွက် လူသားတွေနေရာ ရိုဘော့တွေအစားဝင်ဖို့က နှစ်ကာလအားဖြင့် အများကြီးမကြာနိုင်တော့ပါဘူး။

ပရီးမီးယားလိဂ်ရာသီအစမှာတင် VAR နည်းပညာရဲ့ဆင့်ကဲတိုးတက်လာမှုကို ပရိသတ်တွေမြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အခုချိန်မှာ ကစားသမားတစ်ယောက် လူကျွံခြင်းရှိမရှိကို VAR နည်းပညာရဲ့လိုင်းစင်းလေးတွေက အတိအကျအဖြေထုတ်ပေးနိုင်ပေးနိုင်နေတာပါ။ မီလီမီတာအနည်းငယ်တောင် မလွဲစေရပါဘူး။ ဒါပေမဲ့ ဘောလုံးပွဲတွေအပေါ် နည်းပညာလွှမ်းမိုးလာတာကို ပရိသတ်အများစုက မနှစ်ခြိုက်ဖြစ်နေကြပြီး အဲဒါက ပွဲအရှိန်ကို အလွန်အမင်းနှေးကွေးစေသလို ဘောလုံးရဲ့အနှစ်သာကိုလည်း သတ်သလိုဖြစ်နေတယ်လို့ အသံတွေထွက်နေကြပါတယ်။