အစၥတန္ဘူလ္မွာ မီလ္နာကို ထပ္မံအရွက္ရေစခဲ့တဲ့ ကန္တီ

Photo Credit

Photo Credit

ခ်ဲလ္ဆီးအသင္းကြင္းလယ္လူ ကန္တီဟာ ယမန္ေန႔ညက လီဗာပူးကုိ ပင္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ခဲ့တဲ့ ဥေရာပစူပါဖလားပြဲမွာ မိနစ္ ၁၂၀လုံး ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္ကြင္းလယ္လူ မီလ္နာကို ထပ္မံအရွက္ရေစေအာင္ ျပဳလုပ္ခဲ့ပါတယ္။

Photo Credit

ညာေတာင္ပံကေန ထုိးေဖာက္ဖို႔ ႀကိဳးစားေနတဲ့ ကန္တီကို လီဗာပူးဘယ္ေနာက္ခံလူ ကန္တီက လုိက္လံတားဆီးဖို႔ ႀကိဳးစားစဥ္ အဲဒီျပင္သစ္လက္ေရြးစင္က အရွိန္နဲ႔ေျပး၀င္လာတဲ့ ၿပိဳင္ဘက္၀ါရင့္ကြင္းလယ္လူ မီလ္နာကို ေပါင္ၾကားထဲကေန အသာေလးထည့္လုိက္တာျဖစ္ပါတယ္။

Photo Credit

အသက္ ၂၈ႏွစ္အရြယ္ရွိ ကန္တီဟာ အ႐ိုးရွင္းဆုံးပုံစံနဲ႔ မီလ္နာကို ေပါင္ၾကားထဲကေန ထည့္ခဲ့တာျဖစ္ၿပီး အဲဒီျဖစ္ရပ္ေၾကာင့္ ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီက အဲဒီအခ်ိန္တုန္းက မန္စီးတီးကစားသမားျဖစ္ခဲ့တဲ့ မီလ္နာကို အခုလိုပဲ Nutmeg ျပဳလုပ္ခဲ့တာကို ပရိသတ္ေတြက ျပန္လည္ေရးသားခဲ့ၾကပါတယ္။

Photo Credit

ၿပီးေတာ့ ပရိသတ္ေတြဟာ အဲဒီပြဲမတုိင္ခင္ ဒဏ္ရာျပႆနာေတြေၾကာင့္ ႀကံ့ခုိင္မႈအျပည့္ရဖို႔ ႐ုန္းကန္ခဲ့ရတဲ့ကန္တီ တစ္ပြဲလုံးမေမာမပန္းကစားသြားႏိုင္တာကို ခ်ီးက်ဴးေနၾကၿပီး အခုလို မီလ္နာကို Nutmeg လုပ္ခဲ့လုိ႔လည္း အဲဒီဗီဒီယိုဖုိင္အတိုေလးကို ျပန္လည္မွ်ေ၀ကာ အသီးသီးခ်ီးက်ဴးခဲ့ၾကပါတယ္။

Photo Credit

ခ်ဲလ္ဆီးဟာ အဲဒီပြဲမွာ ပူလီဆစ္ရဲ႕တိက်တဲ့ေပးပုိ႔မႈကေန တုိက္စစ္မွဴး ဂ်ီ႐ူးရဲ႕ကန္သြင္းခ်က္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းျပန္စအၿပီး ၃မိနစ္အၾကာမွာပဲ မာေနးက ေခ်ပဂိုးျပန္သြင္းကာ အခ်ိန္ပိုမွာ ေနာက္ထပ္ တစ္ဘက္တစ္ဂိုးစီသြင္းယူခဲ့ၿပီးေနာက္ ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာေတာ့ လီဗာပူးက ၅-၄ ဂိုးနဲ႔အႏုိင္ရရွိကာ ဥေရာပစူပါဖလားရယူသြားႏိုင္ခဲ့ပါတယ္။

Photo Credit

ေနာက္ၿပီး ခ်ဲလ္ဆီးပရိသတ္ေတြဟာ အဲဒီပြဲမွာ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳရဲ႕ နာမည္စာလုံးေပါင္း မွားေနတာကိုလည္း သတိျပဳမိခဲ့ၿပီး စာလုံးအေပါင္းအမွန္က Jorginho ျဖစ္ေပမယ့္ သူ႕၀တ္စုံမွာ Jorghino’ ဆုိၿပီး h နဲ႔ n ကို ေနရာမွား ေရးထုိးမိခဲ့တာျဖစ္ပါတယ္။

Photo Credit ; AP

Unicode

အစ္စတန်ဘူလ်မှာ မီလ်နာကို ထပ်မံအရှက်ရစေခဲ့တဲ့ ကန်တီ

ချဲလ်ဆီးအသင်းကွင်းလယ်လူ ကန်တီဟာ ယမန်နေ့ညက လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့တဲ့ ဥရောပစူပါဖလားပွဲမှာ မိနစ် ၁၂၀လုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ဘက်ကွင်းလယ်လူ မီလ်နာကို ထပ်မံအရှက်ရစေအောင် ပြုလုပ်ခဲ့ပါတယ်။
ညာတောင်ပံကနေ ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ ကန်တီကို လီဗာပူးဘယ်နောက်ခံလူ ကန်တီက လိုက်လံတားဆီးဖို့ ကြိုးစားစဉ် အဲဒီပြင်သစ်လက်ရွေးစင်က အရှိန်နဲ့ပြေးဝင်လာတဲ့ ပြိုင်ဘက်ဝါရင့်ကွင်းလယ်လူ မီလ်နာကို ပေါင်ကြားထဲကနေ အသာလေးထည့်လိုက်တာဖြစ်ပါတယ်။
အသက် ၂၈နှစ်အရွယ်ရှိ ကန်တီဟာ အရိုးရှင်းဆုံးပုံစံနဲ့ မီလ်နာကို ပေါင်ကြားထဲကနေ ထည့်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ကြောင့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက အဲဒီအချိန်တုန်းက မန်စီးတီးကစားသမားဖြစ်ခဲ့တဲ့ မီလ်နာကို အခုလိုပဲ Nutmeg ပြုလုပ်ခဲ့တာကို ပရိသတ်တွေက ပြန်လည်ရေးသားခဲ့ကြပါတယ်။
ပြီးတော့ ပရိသတ်တွေဟာ အဲဒီပွဲမတိုင်ခင် ဒဏ်ရာပြဿနာတွေကြောင့် ကြံ့ခိုင်မှုအပြည့်ရဖို့ ရုန်းကန်ခဲ့ရတဲ့ကန်တီ တစ်ပွဲလုံးမမောမပန်းကစားသွားနိုင်တာကို ချီးကျူးနေကြပြီး အခုလို မီလ်နာကို Nutmeg လုပ်ခဲ့လို့လည်း အဲဒီဗီဒီယိုဖိုင်အတိုလေးကို ပြန်လည်မျှဝေကာ အသီးသီးချီးကျူးခဲ့ကြပါတယ်။
ချဲလ်ဆီးဟာ အဲဒီပွဲမှာ ပူလီဆစ်ရဲ့တိကျတဲ့ပေးပို့မှုကနေ တိုက်စစ်မှူး ဂျီရူးရဲ့ကန်သွင်းချက်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပြန်စအပြီး ၃မိနစ်အကြာမှာပဲ မာနေးက ချေပဂိုးပြန်သွင်းကာ အချိန်ပိုမှာ နောက်ထပ် တစ်ဘက်တစ်ဂိုးစီသွင်းယူခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ လီဗာပူးက ၅-၄ ဂိုးနဲ့အနိုင်ရရှိကာ ဥရောပစူပါဖလားရယူသွားနိုင်ခဲ့ပါတယ်။
နောက်ပြီး ချဲလ်ဆီးပရိသတ်တွေဟာ အဲဒီပွဲမှာ ကွင်းလယ်လူ ဂျော်ဂျင်ညိုရဲ့ နာမည်စာလုံးပေါင်း မှားနေတာကိုလည်း သတိပြုမိခဲ့ပြီး စာလုံးအပေါင်းအမှန်က Jorginho ဖြစ်ပေမယ့် သူ့ဝတ်စုံမှာ Jorghino’ ဆိုပြီး h နဲ့ n ကို နေရာမှား ရေးထိုးမိခဲ့တာဖြစ်ပါတယ်။