အဂၤလိပ္ကလပ္ေတြအားလံုး မရဏအုပ္စုကို ေရွာင္ႏိုင္ခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုမဲခြဲပြဲ

Photo Credit

Photo Credit ; AP

ယခုႏွစ္ခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲပြဲကို မိုနာကိုမွာ က်င္းပျပဳလုပ္ခဲ့ရာ အဂၤလိပ္ကလပ္ေတြအားလုံး မရဏအုပ္စုကို ေရွာင္ႏုိင္ခဲ့ၿပီး ေတာ့တင္ဟမ္၊ မန္စီးတီး၊ လီဗာပူးနဲ႔ ခ်ဲလ္ဆီးတို႔အားလုံး ေနာက္တစ္ဆင့္ေမွ်ာ္မွန္းလုိ႔ရႏိုင္တဲ့အုပ္စုထဲ အသီးသီးက်ေရာက္ခဲ့ပါတယ္။

Photo Credit ; Getty Images

ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးက ယူကရိန္းကလပ္ ရွက္တာဒိုးနက္နဲ႔ ၃ရာသီဆက္ေတြ႕ဆုံမႈအျဖစ္ ယခုႏွစ္အုပ္စုအဆင့္မွာလည္း ေတြ႕ဆုံေနၿပီး ခ႐ိုေအးရွားကလပ္ ဒိုင္နမိုဇာဂရက္၊ ခ်န္ပီယံလိဂ္မ်က္ႏွာသစ္ အတၱလႏၱာတုိ႔နဲ႔လည္း တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။

Photo Credit 

လက္ရွိခ်န္ပီယံ လီဗာပူးကလည္း မန္စီးတီးလုိပဲ ၿပိဳင္ဘက္ေဟာင္းနဲ႔ ျပန္လည္ေတြ႕ဆုံမႈအျဖစ္ ယမန္ႏွစ္အုပ္စုအဆင့္မွာပဲ ေတြ႕ဆုံခဲ့တဲ့ စီးရီးေအကလပ္ နာပိုလီနဲ႔ ဒီႏွစ္ထပ္မံေတြ႕ဆုံေနၿပီး အုပ္စု E မွာ ၾသစႀတီးယားကလပ္ ဆဲလ္ဘတ္၊ ဘယ္လ္ဂ်ီယံကလပ္ ဂ်န္႔အသင္းတုိ႔လည္း ပါ၀င္ေနပါတယ္။

Photo Credit ; Reuters

အဂၤလိပ္ကလပ္ေတြအနက္ အုပ္စုအေခ်ာင္ဆုံးက ခ်ဲလ္ဆီးျဖစ္ၿပီး ယူ႐ိုပါလိဂ္ခ်န္ပီယံအျဖစ္ ဦးစားေပးအဆင့္သတ္မွတ္ခံခဲ့ရၿပီးေနာက္ အုပ္စု H မွာ ေအဂ်က္စ္၊ ဗလန္စီယာ၊ လုိင္လီတုိ႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။ ေအဂ်က္စ္က မႏွစ္က ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ဒီႏွစ္မွာ ဒီေဂ်ာင္နဲ႔ ဒီလစ္ဂ်္တုိ႔လုိ အဓိကကစားသမားအမ်ားစု အသင္းေျပာင္းေရႊ႕သြားၿပီျဖစ္ရာ ယမန္ႏွစ္ကေလာက္ အင္အားေတာင့္တင္းဖို႔ သိပ္မေသခ်ာေတာ့ပါဘူး။

Photo Credit ; AP

လိုင္လီကလည္း အင္အားေတာင့္တင္းတဲ့အသင္းျဖစ္ၿပီး ယမန္ႏွစ္ရာသီက ဒုတိယရရွိခဲ့ရာမွာ အဓိကေနရာကေန ပါ၀င္ခဲ့တဲ့ေတာင္ပံကစားသမား ပီပီက အာဆင္နယ္ကို ေပါင္ ၇၂သန္းနဲ႔ ေျပာင္းေရႊ႕သြားခဲ့လုိ႔ အားနည္းေနႏိုင္ပါတယ္။ အဂၤလိပ္ကလပ္ေတြအနက္ အုပ္စုအက်ပ္ဆုံးက ေတာ့တင္ဟမ္ျဖစ္ၿပီး ဘြန္ဒက္စ္လီဂါခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္၊ ဂရိကလပ္ အုိလံပီယာကို႔စ္နဲ႔ ဆားဘီးယားကလပ္ ဇီဗက္ဒါတို႔နဲ႔အတူ အုပ္စု (E)မွာ တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။

Photo Credit ; Reuters

အုပ္စုက်ပ္အျဖစ္ ခ်န္ပီယံေဟာင္းေတြျဖစ္တဲ့ ဘာစီလုိနာ၊ အင္တာမီလန္၊ ေဒါ့မြန္တုိ႔ရဲ႕ အုပ္စု (F)ကို သတ္မွတ္ရမွာျဖစ္ၿပီး ခ်က္ကိုယ္စားျပဳ ဆလားဗီးယားပရာဟာအသင္းလည္း အဲဒီအုပ္စုမွာ ပါ၀င္ေနပါတယ္။ ဒါ့အျပင္ အုပ္စု (A)မွာ ပီအက္စ္ဂ်ီနဲ႔ ရီးရဲလ္မက္ဒရစ္တို႔က အုပ္စုပထမရဖုိ႔ အားၿပိဳင္ရဖြယ္ရွိေနသလုိ ဂ်ဴဗင္တပ္စ္၊ အက္သလက္တီကို၊ ေလဗာကူဆင္နဲ႔ လိုကိုမိုတစ္ေမာ္စကိုတုိ႔ပါ၀င္ေနတဲ့ အုပ္စု (D)ကလည္း ခန္႔မွန္းရခက္လာႏုိင္ပါတယ္။

Photo Credit ; Sky Sports

ခ်န္ပီယံလိဂ္အုပ္စုမဲခြဲမႈ

Photo Credit ; Goal

အုပ္စု (A) – ပီအက္စ္ဂ်ီ၊ ရီးရဲလ္၊ ဘ႐ုဂ်က္၊ ဂါလာတာစာေရး

Photo Credit ; Goal

အုပ္စု (B) – ဘုိင္ယန္၊ ေတာ့တင္ဟမ္၊ အုိလံပီယာကို႔စ္၊ ဇီဗက္ဒါ

Photo Credit ; Goal

အုပ္စု (C) – မန္စီးတီး၊ ရွက္တာဒိုးနက္၊ ဒိုင္နမိုဇာဂရက္၊ အတၱလႏၱာ

Photo Credit ; Goal

အုပ္စု (D) – ဂ်ဴဗင္တပ္စ္၊ အက္သလက္တီကို၊ ေလဗာကူဆင္၊ လုိကိုမိုတစ္ေမာ္စကုိ

Photo Credit ; Goal

အုပ္စု (E) – လီဗာပူး၊ နာပိုလီ၊ ဆဲလ္ဘတ္၊ ဂ်န္႔

Photo Credit ; Goal

အုပ္စု (F) – ဘာစီလုိနာ၊ ေဒါ့မြန္၊ အင္တာမီလန္၊ ဆလားဗီးယားပရာဟာ

Photo Credit ; Goal

အုပ္စု (G) – ဇင္းနစ္၊ ဘင္ဖီကာ၊ လီယြန္၊ လုိက္ပ္ဇစ္

Photo Credit ; Goal

အုပ္စု (H) – ခ်ဲလ္ဆီး၊ ေအဂ်က္စ္၊ ဗလန္စီယာ၊ လုိင္လီ

Unicode

အင်္ဂလိပ်ကလပ်တွေအားလုံး မရဏအုပ်စုကို ရှောင်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲ

ယခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲကို မိုနာကိုမှာ ကျင်းပပြုလုပ်ခဲ့ရာ အင်္ဂလိပ်ကလပ်တွေအားလုံး မရဏအုပ်စုကို ရှောင်နိုင်ခဲ့ပြီး တော့တင်ဟမ်၊ မန်စီးတီး၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့အားလုံး နောက်တစ်ဆင့်မျှော်မှန်းလို့ရနိုင်တဲ့အုပ်စုထဲ အသီးသီးကျရောက်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးက ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ ၃ရာသီဆက်တွေ့ဆုံမှုအဖြစ် ယခုနှစ်အုပ်စုအဆင့်မှာလည်း တွေ့ဆုံနေပြီး ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်၊ ချန်ပီယံလိဂ်မျက်နှာသစ် အတ္တလန္တာတို့နဲ့လည်း တစ်အုပ်စုတည်းကျရောက်နေပါတယ်။
လက်ရှိချန်ပီယံ လီဗာပူးကလည်း မန်စီးတီးလိုပဲ ပြိုင်ဘက်ဟောင်းနဲ့ ပြန်လည်တွေ့ဆုံမှုအဖြစ် ယမန်နှစ်အုပ်စုအဆင့်မှာပဲ တွေ့ဆုံခဲ့တဲ့ စီးရီးအေကလပ် နာပိုလီနဲ့ ဒီနှစ်ထပ်မံတွေ့ဆုံနေပြီး အုပ်စု E မှာ သြစတြီးယားကလပ် ဆဲလ်ဘတ်၊ ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းတို့လည်း ပါဝင်နေပါတယ်။
အင်္ဂလိပ်ကလပ်တွေအနက် အုပ်စုအချောင်ဆုံးက ချဲလ်ဆီးဖြစ်ပြီး ယူရိုပါလိဂ်ချန်ပီယံအဖြစ် ဦးစားပေးအဆင့်သတ်မှတ်ခံခဲ့ရပြီးနောက် အုပ်စု H မှာ အေဂျက်စ်၊ ဗလန်စီယာ၊ လိုင်လီတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။ အေဂျက်စ်က မနှစ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာ ဒီဂျောင်နဲ့ ဒီလစ်ဂျ်တို့လို အဓိကကစားသမားအများစု အသင်းပြောင်းရွှေ့သွားပြီဖြစ်ရာ ယမန်နှစ်ကလောက် အင်အားတောင့်တင်းဖို့ သိပ်မသေချာတော့ပါဘူး။
လိုင်လီကလည်း အင်အားတောင့်တင်းတဲ့အသင်းဖြစ်ပြီး ယမန်နှစ်ရာသီက ဒုတိယရရှိခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တဲ့တောင်ပံကစားသမား ပီပီက အာဆင်နယ်ကို ပေါင် ၇၂သန်းနဲ့ ပြောင်းရွှေ့သွားခဲ့လို့ အားနည်းနေနိုင်ပါတယ်။ အင်္ဂလိပ်ကလပ်တွေအနက် အုပ်စုအကျပ်ဆုံးက တော့တင်ဟမ်ဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်၊ ဂရိကလပ် အိုလံပီယာကို့စ်နဲ့ ဆားဘီးယားကလပ် ဇီဗက်ဒါတို့နဲ့အတူ အုပ်စု (E)မှာ တစ်အုပ်စုတည်းကျရောက်နေပါတယ်။
အုပ်စုကျပ်အဖြစ် ချန်ပီယံဟောင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ အင်တာမီလန်၊ ဒေါ့မွန်တို့ရဲ့ အုပ်စု (F)ကို သတ်မှတ်ရမှာဖြစ်ပြီး ချက်ကိုယ်စားပြု ဆလားဗီးယားပရာဟာအသင်းလည်း အဲဒီအုပ်စုမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် အုပ်စု (A)မှာ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့က အုပ်စုပထမရဖို့ အားပြိုင်ရဖွယ်ရှိနေသလို ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ လေဗာကူဆင်နဲ့ လိုကိုမိုတစ်မော်စကိုတို့ပါဝင်နေတဲ့ အုပ်စု (D)ကလည်း ခန့်မှန်းရခက်လာနိုင်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုမဲခွဲမှု
အုပ်စု (A) – ပီအက်စ်ဂျီ၊ ရီးရဲလ်၊ ဘရုဂျက်၊ ဂါလာတာစာရေး
အုပ်စု (B) – ဘိုင်ယန်၊ တော့တင်ဟမ်၊ အိုလံပီယာကို့စ်၊ ဇီဗက်ဒါ
အုပ်စု (C) – မန်စီးတီး၊ ရှက်တာဒိုးနက်၊ ဒိုင်နမိုဇာဂရက်၊ အတ္တလန္တာ
အုပ်စု (D) – ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ လေဗာကူဆင်၊ လိုကိုမိုတစ်မော်စကို
အုပ်စု (E) – လီဗာပူး၊ နာပိုလီ၊ ဆဲလ်ဘတ်၊ ဂျန့်
အုပ်စု (F) – ဘာစီလိုနာ၊ ဒေါ့မွန်၊ အင်တာမီလန်၊ ဆလားဗီးယားပရာဟာ
အုပ်စု (G) – ဇင်းနစ်၊ ဘင်ဖီကာ၊ လီယွန်၊ လိုက်ပ်ဇစ်
အုပ်စု (H) – ချဲလ်ဆီး၊ အေဂျက်စ်၊ ဗလန်စီယာ၊ လိုင်လီ