အဂၤလန္မွာေတာ့ လီဗာပူးရဲ႕အက်ၤီေရာင္းအားက မန္ယူထက္ ၃ ဆျဖစ္ေန

photo-liverpoolecho

photo-liverpool

လီဗာပူးဟာ ဒီကေန႔ရဲ႕ကမာၻ႔အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္သလုိ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕လက္ရွိခ်န္ပီယံလည္းျဖစ္ပါတယ္။ ဂ်ာမန္သားနည္းျပကေလာ့ပ္လက္ထက္ သူတုိ႔ရဲ႕အရွိန္ရလာတဲ့ ေအာင္ျမင္မႈဟာ အဂၤလိပ္ေဘာလုံးေလာမွာ သူတို႔ရဲ႕ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ မန္ယူအတြက္ေတာ့ ဆန္႔က်င္ဘက္လုိပါပဲ။ ၂၀၁၃ မွာ ဖာဂူဆန္အနားယူသြားၿပီးကတည္းက အဲဒီသူရဲနီေတြဟာ တျဖည္းျဖည္းနဲ႔က်ရိပ္ျပသြားခဲ့တာပါ။ အခုဆုိရင္ မန္ယူဟာ ထိပ္ဆုံး ၄ ေနရာအတြက္သာေမွ်ာ္လင့္ႏိုင္ေတာ့တဲ့အသင္းျဖစ္သြားၿပီး ကမာၻတစ္၀န္း သူတို႔ရဲ႕ေက်ာ္ၾကားမႈဟာလည္း တျဖည္းျဖည္းနဲ႔ က်ဆင္းေနပါတယ္။ ဒီအခ်ိန္မွာ အဂၤလန္ရဲ႕နာမည္ႀကီးအြန္လိုင္းအေရာင္းကုမၸဏီတစ္ခုက လီဗာပူးအိမ္ကြင္း၀တ္စုံေရာင္းခ်ရမႈဟာ မန္ယူ၀တ္စုံထက္ ၃ ဆျဖစ္ေနေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

photo-gettyimages

”ဖာဂူဆန္ေၾကာင့္ လီဗာပူးဟာ မန္ယူအရိပ္ေအာက္မွာ ႏွစ္ေပါင္း ၃၀ ေလာက္က်ေရာက္ေနခဲ့ပါတယ္။ ဒါေပမဲ့ ပရီးမီးယားလိဂ္က အထင္ႀကီးဖြယ္ေျခစြမ္းနဲ႔ အေပါင္းလကၡာဆန္တဲ့အေျပာင္းအေရႊ႕ေတြေၾကာင့္ ၂၀၁၇-၁၈ ရာသီအတြင္း လီဗာပူးအက်ၤီအတြက္ မွာယူမႈေတြဟာ မန္ယူကို ေက်္ာတတ္သြားပါတယ္။ အခုဆိုရင္ လီဗာပူးအက်ၤီရဲ႕ေရာင္းအားက မန္ယူထက္ ၃ ဆျဖစ္ေနပါၿပီ”လို႔ အဲဒီအြန္လိုင္းအေရာင္းကုမၸဏီျဖစ္တဲ့ LovetheSales ကေဖာ္ျပခဲ့တာပါ။

photo-poshmark

ခ်န္ပီယံလိဂ္မွာ ဗုိလ္စြဲခဲ့လို႔လည္း ၿဗိတိန္ျပည္တြင္းမွာ လီဗာပူးအက်ၤီေရာင္းအားက ၇၆ ရာခိုင္ႏႈန္းျမင့္တက္သြားပါတယ္။ ဂိုးသမားအက်ၤီေတြထဲမွာေတာ့ လီဗာပူးဂိုးသမားအယ္ဆစ္ဆန္ရဲ႕အက်ၤီက အေရာင္းရဆုံးျဖစ္ေနပါတယ္။ အဲဒါက ကစားသမားရဲ႕လက္စြမ္းေၾကာင့္ျဖစ္ၿပီး အဂၤလန္မွာေတာ့ အယ္လစ္ဆန္ရဲ႕လီဗာပူးအက်ၤီဟာ ေရပန္းအစားဆုံးေဘာလုံးအက်ၤီေတြထဲမွာ အဆင့္ ၁၁ ခ်ိတ္ၿပီး ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ အဲဗာတန္၊နယူးကာဆယ္နဲ႔၀က္စ္ဟမ္းတုိ႔ရဲ႕အက်ၤီထက္ေတာင္ ပိုေရာင္းအားေကာင္းေနတာပါ။

[Unicode]

လီဗာပူးဟာ ဒီကနေ့ရဲ့ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံလည်းဖြစ်ပါတယ်။ ဂျာမန်သားနည်းပြကလော့ပ်လက်ထက် သူတို့ရဲ့အရှိန်ရလာတဲ့ အောင်မြင်မှုဟာ အင်္ဂလိပ်ဘောလုံးလောမှာ သူတို့ရဲ့ခါးသီးပြိုင်ဘက်ဖြစ်တဲ့ မန်ယူအတွက်တော့ ဆန့်ကျင်ဘက်လိုပါပဲ။ ၂၀၁၃ မှာ ဖာဂူဆန်အနားယူသွားပြီးကတည်းက အဲဒီသူရဲနီတွေဟာ တဖြည်းဖြည်းနဲ့ကျရိပ်ပြသွားခဲ့တာပါ။ အခုဆိုရင် မန်ယူဟာ ထိပ်ဆုံး ၄ နေရာအတွက်သာမျှော်လင့်နိုင်တော့တဲ့အသင်းဖြစ်သွားပြီး ကမ္ဘာတစ်ဝန်း သူတို့ရဲ့ကျော်ကြားမှုဟာလည်း တဖြည်းဖြည်းနဲ့ ကျဆင်းနေပါတယ်။ ဒီအချိန်မှာ အင်္ဂလန်ရဲ့နာမည်ကြီးအွန်လိုင်းအရောင်းကုမ္ပဏီတစ်ခုက လီဗာပူးအိမ်ကွင်းဝတ်စုံရောင်းချရမှုဟာ မန်ယူဝတ်စုံထက် ၃ ဆဖြစ်နေကြောင်း ဖော်ပြလိုက်ပါတယ်။

”ဖာဂူဆန်ကြောင့် လီဗာပူးဟာ မန်ယူအရိပ်အောက်မှာ နှစ်ပေါင်း ၃၀ လောက်ကျရောက်နေခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်က အထင်ကြီးဖွယ်ခြေစွမ်းနဲ့ အပေါင်းလက္ခာဆန်တဲ့အပြောင်းအရွှေ့တွေကြောင့် ၂၀၁၇-၁၈ ရာသီအတွင်း လီဗာပူးအင်္ကျီအတွက် မှာယူမှုတွေဟာ မန်ယူကို ကျေ်ာတတ်သွားပါတယ်။ အခုဆိုရင် လီဗာပူးအင်္ကျီရဲ့ရောင်းအားက မန်ယူထက် ၃ ဆဖြစ်နေပါပြီ”လို့ အဲဒီအွန်လိုင်းအရောင်းကုမ္ပဏီဖြစ်တဲ့ LovetheSales ကဖော်ပြခဲ့တာပါ။

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့လို့လည်း ဗြိတိန်ပြည်တွင်းမှာ လီဗာပူးအင်္ကျီရောင်းအားက ၇၆ ရာခိုင်နှုန်းမြင့်တက်သွားပါတယ်။ ဂိုးသမားအင်္ကျီတွေထဲမှာတော့ လီဗာပူးဂိုးသမားအယ်ဆစ်ဆန်ရဲ့အင်္ကျီက အရောင်းရဆုံးဖြစ်နေပါတယ်။ အဲဒါက ကစားသမားရဲ့လက်စွမ်းကြောင့်ဖြစ်ပြီး အင်္ဂလန်မှာတော့ အယ်လစ်ဆန်ရဲ့လီဗာပူးအင်္ကျီဟာ ရေပန်းအစားဆုံးဘောလုံးအင်္ကျီတွေထဲမှာ အဆင့် ၁၁ ချိတ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အဲဗာတန်၊နယူးကာဆယ်နဲ့ဝက်စ်ဟမ်းတို့ရဲ့အင်္ကျီထက်တောင် ပိုရောင်းအားကောင်းနေတာပါ။