အခ်စ္ေလးကို ေအာင္ပြဲခံ Kiss ေပးၿပီးမွ ဂုိးအျဖစ္ သတ္မွတ္မခံခဲ့ရတဲ့လူဒိုဂိုရက္စ္ကြင္းလယ္လူရဲ႕ျဖစ္ရပ္

Photo Credit

Photo Credit

ေဘာလုံးေလာကမွာ ဂိုးသြင္းအၿပီး ေအာင္ပြဲခံပုံအမ်ိဳးမ်ိဳးအနက္ ခြတီးခြက်ႏိုင္တဲ့ေအာင္ပြဲခံပုံေတြလည္း ရွိေနၿပီး လူဒိုဂိုရက္စ္ကြင္းလယ္လူ ၀န္ဒါဆန္ရဲ႕ဂုိးသြင္းအၿပီးျဖစ္ရပ္က ရယ္ရခက္ငိုရခက္အျဖစ္ဆုံးကာလလုိ႔ ေျပာရမယ္ထင္ပါတယ္။ ဘရာဇီးကြင္းလယ္ဖန္တီးရွင္ ၀န္ဒါဆန္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အကုန္က ဘူလ္ေဂးရီးယားလိဂ္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ဆလားဗီးယားဆုိဖီယာနဲ႔ပြဲမွာ အသင္းအတြက္ အဖိုးတန္အႏုိင္ဂုိးသြင္းယူႏုိင္ခဲ့ၿပီလုိ႔ အပိုင္တြက္ခဲ့ပါတယ္။

Photo Credit

သူဟာ ညာေတာင္ပံက ျဖတ္တင္ေဘာကို အနီးကပ္ပိတ္သြင္းခဲ့တာျဖစ္ၿပီး ေအာင္ပြဲခံဖို႔အတြက္ ဂိုးအေနာက္မွာရွိတ့ဲ ေၾကာ္ျငာဆုိင္းဘုတ္ေတြကို ခုန္ပ်ံေက်ာ္လႊားကာ ပရိသတ္ဆီ ဦးတည္ေျပးလႊားခဲ့ပါတယ္။ အဲဒီေနာက္ အသက္ ၃၁ႏွစ္အရြယ္ရွိ ၀န္ဒါဆန္ဟာ ပြဲၾကည့္စင္မွာရွိေနတဲ့ သူ႕ဇနီးျဖစ္သူကို အခ်က္ျပလွမ္းေခၚခဲ့ၿပီး ဂုဏ္ျပဳဖို႔အတြက္ အနမ္းတစ္ပြင့္လက္ေဆာင္ရယူခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ၀န္ဒါဆန္ သတိမထားမိလုိက္တာကေတာ့ သူ႕ရဲ႕သြင္းဂိုးကို ဒိုင္လူႀကီးက လူကၽြံေဘာအျဖစ္ သတ္မွတ္ကာ ဂိုးမေပးခဲ့တာျဖစ္ၿပီး သူက ဇနီးသည္နဲ႔အတူ ႐ုိမန္႔ဆန္ဆန္ေအာင္ပြဲခံေနခ်ိန္ ကြင္းထဲမွာေတာ့ ပြဲကို ဆက္လက္ကစားေနခဲ့တာျဖစ္ပါတယ္။ ခ်စ္ရသူဆီက အနမ္းတစ္ပြင့္လက္ေဆာင္ရရွိၿပီးလုိ႔ ကြင္းထဲ ျပန္၀င္မယ္အလုပ္ ပြဲက သူ႕ကို မေစာင့္ဘဲ ဆက္လက္ကစားေနၿပီး အျဖစ္မွန္သိသြားတဲ့အခါ သူလည္း မ်က္ႏွာမထားတတ္ေအာင္ျဖစ္သြားပါတယ္။


၀န္ဒါဆန္အတြက္ ပိုၿပီးဆုိးရြားေစတာကေတာ့ ႐ုပ္သံအေႏွးျပကြက္ေတြျပန္ၾကည့္တဲ့အခါ ၀န္ဒါဆန္အေနနဲ႔ ေဘာလုံးကန္တင္လုိက္ခ်ိန္မွာ လူကၽြံမေနတာကုိ သိသိသာသာျမင္ေတြ႕ခဲ့ရၿပီး ဆလားဗီးယားဂိုးသမားကလည္း ဒိုင္လူႀကီးက လူကၽြံေဘာအျဖစ္ သတ္မွတ္လုိက္ၿပီးေနာက္ ခ်က္ခ်င္းပဲ လူကၽြံေဘာကို တစ္ခါတည္းကန္တင္လုိက္ပါတယ္။ အဲဒီပြဲက ဂိုးမရွိသေရရလဒ္နဲ႔ပဲ အဆုံးသတ္သြားေပမယ့္ ၀န္ဒါဆန္ရဲ႕ျဖစ္ရပ္က လူမႈမီဒီယာမွာ အေတာ္ေလးေရပန္းစားသြားၿပီး သူကေတာ့ အဲဒီျဖစ္ရပ္ကို အျမန္ဆုံးေမ့ခ်င္ေနမွာေသခ်ာပါတယ္။

 

Photo Credit

Unicode

အချစ်လေးကို အောင်ပွဲခံ Kiss ပေးပြီးမှ ဂိုးအဖြစ် သတ်မှတ်မခံခဲ့ရတဲ့လူဒိုဂိုရက်စ်ကွင်းလယ်လူရဲ့ဖြစ်ရပ်

ဘောလုံးလောကမှာ ဂိုးသွင်းအပြီး အောင်ပွဲခံပုံအမျိုးမျိုးအနက် ခွတီးခွကျနိုင်တဲ့အောင်ပွဲခံပုံတွေလည်း ရှိနေပြီး လူဒိုဂိုရက်စ်ကွင်းလယ်လူ ဝန်ဒါဆန်ရဲ့ဂိုးသွင်းအပြီးဖြစ်ရပ်က ရယ်ရခက်ငိုရခက်အဖြစ်ဆုံးကာလလို့ ပြောရမယ်ထင်ပါတယ်။ ဘရာဇီးကွင်းလယ်ဖန်တီးရှင် ဝန်ဒါဆန်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က ဘူလ်ဂေးရီးယားလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဆလားဗီးယားဆိုဖီယာနဲ့ပွဲမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီလို့ အပိုင်တွက်ခဲ့ပါတယ်။
သူဟာ ညာတောင်ပံက ဖြတ်တင်ဘောကို အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပြီး အောင်ပွဲခံဖို့အတွက် ဂိုးအနောက်မှာရှိတဲ့ ကြော်ငြာဆိုင်းဘုတ်တွေကို ခုန်ပျံကျော်လွှားကာ ပရိသတ်ဆီ ဦးတည်ပြေးလွှားခဲ့ပါတယ်။ အဲဒီနောက် အသက် ၃၁နှစ်အရွယ်ရှိ ဝန်ဒါဆန်ဟာ ပွဲကြည့်စင်မှာရှိနေတဲ့ သူ့ဇနီးဖြစ်သူကို အချက်ပြလှမ်းခေါ်ခဲ့ပြီး ဂုဏ်ပြုဖို့အတွက် အနမ်းတစ်ပွင့်လက်ဆောင်ရယူခဲ့ပါတယ်။
ဒါပေမဲ့ ဝန်ဒါဆန် သတိမထားမိလိုက်တာကတော့ သူ့ရဲ့သွင်းဂိုးကို ဒိုင်လူကြီးက လူကျွံဘောအဖြစ် သတ်မှတ်ကာ ဂိုးမပေးခဲ့တာဖြစ်ပြီး သူက ဇနီးသည်နဲ့အတူ ရိုမန့်ဆန်ဆန်အောင်ပွဲခံနေချိန် ကွင်းထဲမှာတော့ ပွဲကို ဆက်လက်ကစားနေခဲ့တာဖြစ်ပါတယ်။ ချစ်ရသူဆီက အနမ်းတစ်ပွင့်လက်ဆောင်ရရှိပြီးလို့ ကွင်းထဲ ပြန်ဝင်မယ်အလုပ် ပွဲက သူ့ကို မစောင့်ဘဲ ဆက်လက်ကစားနေပြီး အဖြစ်မှန်သိသွားတဲ့အခါ သူလည်း မျက်နှာမထားတတ်အောင်ဖြစ်သွားပါတယ်။
ဝန်ဒါဆန်အတွက် ပိုပြီးဆိုးရွားစေတာကတော့ ရုပ်သံအနှေးပြကွက်တွေပြန်ကြည့်တဲ့အခါ ဝန်ဒါဆန်အနေနဲ့ ဘောလုံးကန်တင်လိုက်ချိန်မှာ လူကျွံမနေတာကို သိသိသာသာမြင်တွေ့ခဲ့ရပြီး ဆလားဗီးယားဂိုးသမားကလည်း ဒိုင်လူကြီးက လူကျွံဘောအဖြစ် သတ်မှတ်လိုက်ပြီးနောက် ချက်ချင်းပဲ လူကျွံဘောကို တစ်ခါတည်းကန်တင်လိုက်ပါတယ်။
အဲဒီပွဲက ဂိုးမရှိသရေရလဒ်နဲ့ပဲ အဆုံးသတ်သွားပေမယ့် ဝန်ဒါဆန်ရဲ့ဖြစ်ရပ်က လူမှုမီဒီယာမှာ အတော်လေးရေပန်းစားသွားပြီး သူကတော့ အဲဒီဖြစ်ရပ်ကို အမြန်ဆုံးမေ့ချင်နေမှာသေချာပါတယ်။