အကယ္ဒမီထြက္ကစားသမားေတြရဲ႕ဂိုးေတြနဲ႔ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးႏိုင္ပြဲစရၿပီ

photo-chelsea

photo-gettyimages

ခ်ဲလ္ဆီးဟာ ေနာ္၀စ္ခ်္နဲ႔အေ၀းကြင္းပြဲစဥ္မွာေတာ့ အကယ္ဒမီထြက္ကစားသမားေတြရဲ႕သြင္းဂိုးေတြနဲ႔ အႏိုင္ရသြားခဲ့ပါတယ္။ နည္းျပလမး္ပတ္လက္ထက္ ခ်ဲလ္ဆီးရဲ႕ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲလည္း ျဖစ္လာခဲ့တာပါ။ တန္းတက္အသင္းငယ္ကို ၃-၂ ဂိုးနဲ႔ခက္ခက္ခဲခဲႏိုင္ခဲ့တာျဖစ္ေပမယ့္ ဒီႏိုင္ပြဲက သူတို႔အတြက္ အားအင္တစ္ရပ္ျဖစ္သြားမွာပါ။ ခ်ဲလ္ဆီးတိုက္စစ္မွာ အကယ္ဒမီထြက္ကစားသမားေတြျဖစ္ၾကတဲ့ ေအဘရာဟမ္နဲ႔ေမဆင္ေမာင့္တို႔အတြဲညီညီေျခစြမး္ျပခ့ဲၾကၿပီး ေအဘရာဟမ္က ၂ ဂိုး၊ ေမဆင္ေမာင့္က ၁ ဂိုးသြင္းခဲ့တာပါ။

photo-gettyimages

၄-၃-၃ ကစားကြက္နဲ႔ ခ်ဲလ္ဆီးရဲ႕ပြဲထြက္စာရင္းမွာ ဒဏ္ရာေၾကာင့္ ကန္တီမပါႏိုင္ခဲ့ဘဲ ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ဟိုနဲ႔အတူ ကိုဗာဆစ္နဲ႔ဘာကေလတုိ႔ပါ၀င္ခဲ့ၾကပါတယ္။ အေထာင္တုိက္စစ္မွွာေတာ့ ေအဘရာဟမ္ျပန္လည္ပြဲထြက္ခြင့္ရခဲ့တာပါ။ ေအဘရာဟမ္ဟာ ပြဲအစ ၃ မိနစ္မွာပဲ ပထမဆုံးရတဲ့အခြင့္အလမး္ကေန ခ်ဲလ္ဆီးအသင္းႀကီးအတြက္ သူ႔ရဲ႕ပထမဆုံးဂိုးကို သြင္းေပးႏိုင္ခဲ့ပါတယ္။ ေနာက္ခံလူအက္ပီလီကူတာရဲ႕ျဖတ္တင္ေဘာကို ပင္နယ္တီဧရိယာထဲမွာပဲ သူက မနားတမ္းသြင္းယူခဲ့တာပါ။ ဒါေပမဲ့ ခ်ဲလ္ဆီးရဲ႕ဦးေဆာင္မႈက ၃ မိနစ္သာခံလိုက္ၿပီး ခ်က္ခ်င္းပဲေနာ္၀စ္ခ်္ကို ေခ်ပဂိုးျပန္ေပးလုိက္ရပါတယ္။ နယူးကာဆယ္နဲ႔ပြဲက ဟက္ထရစ္သြင္းခဲ့တဲ့ တုိက္စစ္မႈးပက္ကီရဲ႕ဖန္တီးမႈနဲ႔ ေနာ္၀စ္ခ်္ေခ်ပဂိုးရသြားခဲ့တာပါ။ ၁-၁ ျဖစ္သြားေပမယ့္ ေနာက္ ၁၀ မိနစ္ေက်ာ္မွာ ခ်ဲလ္ဆီးျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒီတစ္ႀကိမ္ေတာ့ ေမဆင္ေမာင့္က ပူလီဆစ္နဲ႔တြဲလုံးကေန ေဘာလုံးကို ဆြဲထုတ္သြားၿပီး သြင္းယူခဲ့တာပါ။ အဲဒီေနာက္ပိုင္း ခ်ဲလ္ဆီးဟာ ထပ္မံဦးေဆာင္ႏိုင္မယ့္အခြင့္အလမ္းေတြရခဲ့ေပမယ့္္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။ အဲဒီအတြက္ ေပးဆပ္ခဲ့ရၿပီး မိနစ္ ၃၀ မွာ ေနာ္၀စ္ခ်္ကို ေခ်ပဂိုးျပန္ေပးခဲ့ရပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ပလုိင္းေပါက္နဲ႔ဖားေကာက္သလိုျဖစ္ေနတာပါ။ တုိက္စစ္ေကာင္းသေလာက္ ခံစစ္ေဟာင္းေလာင္းျဖစ္ေနလို႔ ပထမပိုင္းအၿပီး ၂-၂ ျဖစ္ေနခဲ့တယ္။

photo-gettyimages

ဒုတိယပိုင္းအစမွာေတာ့ ခ်ဲလ္ဆီးဟာ ျပန္လည္ဦးေဆာင္ႏိုင္ေရးအတြက္ ေနာ္၀စ္ခ်္ဘက္ကို တရစပ္တိုက္စစ္ဆင္မႈလုပ္ခဲ့ပါတယ္။ အခြင့္အေရးေတြရခဲ့ေပမယ့္ မိနစ္ ၇၀ နားေရာက္မွသာ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာပါ။ ကိုဗာဆစ္ အလယ္ေၾကာက ထုိးေပးတဲ့ေဘာလုံးကို ေအဘရာဟမ္က ပါးနပ္စြာနဲ႔ ေနာ္၀စ္ခ်္ေနာက္ခံလူႏွစ္ေယာက္ကို လွည့္စားၿပီး သြင္းယူသြားခ့ဲတာပါ။ ပြဲခ်ိန္ေႏွာင္းပိုင္းမွာေတာ့ ခ်ဲလ္ဆီးဟာ အႏိုင္ရလဒ္ကိုပဲထိန္သြားခဲ့လို႔ လမ္းပတ္လက္ထက္ ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲျဖစ္သြားခဲ့ပါတယ္။

[Unicode]

ချဲလ်ဆီးဟာ နော်ဝစ်ချ်နဲ့အဝေးကွင်းပွဲစဉ်မှာတော့ အကယ်ဒမီထွက်ကစားသမားတွေရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ နည်းပြလမ်းပတ်လက်ထက် ချဲလ်ဆီးရဲ့ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲလည်း ဖြစ်လာခဲ့တာပါ။ တန်းတက်အသင်းငယ်ကို ၃-၂ ဂိုးနဲ့ခက်ခက်ခဲခဲနိုင်ခဲ့တာဖြစ်ပေမယ့် ဒီနိုင်ပွဲက သူတို့အတွက် အားအင်တစ်ရပ်ဖြစ်သွားမှာပါ။ ချဲလ်ဆီးတိုက်စစ်မှာ အကယ်ဒမီထွက်ကစားသမားတွေဖြစ်ကြတဲ့ အေဘရာဟမ်နဲ့မေဆင်မောင့်တို့အတွဲညီညီခြေစွမ်းပြခဲ့ကြပြီး အေဘရာဟမ်က ၂ ဂိုး၊ မေဆင်မောင့်က ၁ ဂိုးသွင်းခဲ့တာပါ။

၄-၃-၃ ကစားကွက်နဲ့ ချဲလ်ဆီးရဲ့ပွဲထွက်စာရင်းမှာ ဒဏ်ရာကြောင့် ကန်တီမပါနိုင်ခဲ့ဘဲ ကွင်းလယ်မှာ ဂျော်ဂျင်ဟိုနဲ့အတူ ကိုဗာဆစ်နဲ့ဘာကလေတို့ပါဝင်ခဲ့ကြပါတယ်။ အထောင်တိုက်စစ်မှာတော့ အေဘရာဟမ်ပြန်လည်ပွဲထွက်ခွင့်ရခဲ့တာပါ။ အေဘရာဟမ်ဟာ ပွဲအစ ၃ မိနစ်မှာပဲ ပထမဆုံးရတဲ့အခွင့်အလမ်းကနေ ချဲလ်ဆီးအသင်းကြီးအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။ နောက်ခံလူအက်ပီလီကူတာရဲ့ဖြတ်တင်ဘောကို ပင်နယ်တီဧရိယာထဲမှာပဲ သူက မနားတမ်းသွင်းယူခဲ့တာပါ။ ဒါပေမဲ့ ချဲလ်ဆီးရဲ့ဦးဆောင်မှုက ၃ မိနစ်သာခံလိုက်ပြီး ချက်ချင်းပဲနော်ဝစ်ချ်ကို ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ နယူးကာဆယ်နဲ့ပွဲက ဟက်ထရစ်သွင်းခဲ့တဲ့ တိုက်စစ်မှုးပက်ကီရဲ့ဖန်တီးမှုနဲ့ နော်ဝစ်ချ်ချေပဂိုးရသွားခဲ့တာပါ။ ၁-၁ ဖြစ်သွားပေမယ့် နောက် ၁၀ မိနစ်ကျော်မှာ ချဲလ်ဆီးပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဒီတစ်ကြိမ်တော့ မေဆင်မောင့်က ပူလီဆစ်နဲ့တွဲလုံးကနေ ဘောလုံးကို ဆွဲထုတ်သွားပြီး သွင်းယူခဲ့တာပါ။ အဲဒီနောက်ပိုင်း ချဲလ်ဆီးဟာ ထပ်မံဦးဆောင်နိုင်မယ့်အခွင့်အလမ်းတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ပေးဆပ်ခဲ့ရပြီး မိနစ် ၃၀ မှာ နော်ဝစ်ချ်ကို ချေပဂိုးပြန်ပေးခဲ့ရပါတယ်။ ချဲလ်ဆီးအနေနဲ့ ပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေတာပါ။ တိုက်စစ်ကောင်းသလောက် ခံစစ်ဟောင်းလောင်းဖြစ်နေလို့ ပထမပိုင်းအပြီး ၂-၂ ဖြစ်နေခဲ့တယ်။

ဒုတိယပိုင်းအစမှာတော့ ချဲလ်ဆီးဟာ ပြန်လည်ဦးဆောင်နိုင်ရေးအတွက် နော်ဝစ်ချ်ဘက်ကို တရစပ်တိုက်စစ်ဆင်မှုလုပ်ခဲ့ပါတယ်။ အခွင့်အရေးတွေရခဲ့ပေမယ့် မိနစ် ၇၀ နားရောက်မှသာ ပြန်လည်ဦးဆောင်နိုင်ခဲ့တာပါ။ ကိုဗာဆစ် အလယ်ကြောက ထိုးပေးတဲ့ဘောလုံးကို အေဘရာဟမ်က ပါးနပ်စွာနဲ့ နော်ဝစ်ချ်နောက်ခံလူနှစ်ယောက်ကို လှည့်စားပြီး သွင်းယူသွားခဲ့တာပါ။ ပွဲချိန်နှောင်းပိုင်းမှာတော့ ချဲလ်ဆီးဟာ အနိုင်ရလဒ်ကိုပဲထိန်သွားခဲ့လို့ လမ်းပတ်လက်ထက် ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲဖြစ်သွားခဲ့ပါတယ်။