ဟာဇက္ရဲ႕ေက်ာနံပါတ္ ၁၀အက်ႌကို ၀ီလ်ံဆက္ခံ၀တ္ဆင္မည္

Photo Credit

Photo Credit

ခ်ဲလ္ဆီးေတာင္ပံကစားသမား ၀ီလ်ံဟာ ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ရီးရဲလ္ကို ၾကယ္ပြင့္ကစားသမား ဟာဇက္ ေျပာင္းေရႊ႕သြားခဲ့ၿပီးေနာက္ လာမယ့္ ၂၀၁၉-၂၀ ရာသီမွာ ဟာဇက္ရဲ႕ေက်ာနံပါတ္ ၁၀အက်ႌကို ၀တ္ဆင္ကစားမွာျဖစ္ေၾကာင္း သိရပါတယ္။ ဘရာဇီးလက္ေရြးစင္၀ီလ်ံဟာ ၂၀၁၃ ခုႏွစ္က အန္ဇီအသင္းကေန ခ်ဲလ္ဆီးကို ေရာက္လာၿပီးခ်ိန္ကတည္းက ေက်ာနံပါတ္ ၂၂ အက်ႌ၀တ္ဆင္ကစားခဲ့ေပမယ့္ အခုေတာ့ ရီးရဲလ္ကို ယူ႐ိုသန္း ၁၀၀ နဲ႔မေျပာင္းေရႊ႕ခင္ ခ်ဲလ္ဆီးအသင္းမွာ ၅ႏွစ္ၾကာ၀တ္ဆင္ကစားခဲ့တဲ့ ဟာဇက္ရဲ႕ေက်ာနံပါတ္ ၁၀ အက်ႌကို ေျပာင္းလဲ၀တ္ဆင္ကစားေတာ့မွာျဖစ္ပါတယ္။

Photo Credit

တစ္ဆက္တည္းမွာပဲ ၿပီးခဲ့တဲ့ဇန္န၀ါရီလက ေခၚယူခဲ့ၿပီးေနာက္ ေဒါ့မြန္မွာ အငွားကစားရာကေန ေရာက္လာတဲ့ ေတာင္ပံကစားသမား ပူလီဆစ္က ၀ီလ်ံ၀တ္ဆင္ကစားခဲ့တ့ဲ ေက်ာနံပါတ္ ၂၂ အက်ႌကုိ ဆက္ခံ၀တ္ဆင္မွာျဖစ္ၿပီး ယမန္ႏွစ္ရာသီက အက္စ္တြန္ဗီလာအသင္းမွာ အငွားနဲ႔ကစားခဲ့တဲ့ တုိက္စစ္မွဴး ေအဘရာဟမ္ကလည္း ေက်ာနံပါတ္ ၉အက်ႌ၀တ္ဆင္ကစားမွာျဖစ္ပါတယ္။ ၿပီးခဲ့တ့ဲရာသီက ဒါဘီအသင္းမွာ လက္ရွိခ်ဲလ္ဆီးနည္းျပလမ္းပတ္ရဲ႕ဦးေဆာင္မႈေအာက္မွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ကြင္းလယ္လူ ေမဆင္ေမာင့္ကလည္း ရာသီသစ္မွာ အေရးပါတဲ့ေနရာကေန ပါ၀င္ခြင့္ရဖြယ္ရွိေနၿပီး ေက်ာနံပါတ္ ၁၉ အက်ႌ၀တ္ဆင္ကစားမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

ၿပီးခဲ့ဲတဲ့ရာသီက အသီးသီးအငွားထြက္ကစားခဲ့ၿပီးေနာက္ မိခင္ကလပ္နဲ႔ ျပန္လည္ပူးေပါင္းေနၿပီျဖစ္တဲ့ တုိက္စစ္မွဴး ဘက္ရႊာယီ၊ ကြင္းလယ္လူ ဘာကာယိုကိုနဲ႔ ဘယ္ေနာက္ခံလူ ကင္နဒီတုိ႔လည္း အရင္တုန္းက၀တ္ဆင္ခဲ့တ့ဲ ေက်ာနံပါတ္ ၂၃၊ ၁၄နဲ႔ ၁၆ အက်ႌေတြပဲ အသီးသီးျပန္လည္၀တ္ဆင္ကစားမွာျဖစ္ၿပီး လူငယ္ကစားသမားေတြျဖစ္တဲ့ ရီဆီဂ်ိမ္းစ္က ေက်ာနံပါတ္ ၂၄နဲ႔ တုိမိုရီက ေက်ာနံပါတ္ ၂၉ အက်ႌအသီးသီး၀တ္ဆင္ကစားမွာျဖစ္ပါတယ္။ စတုတ္စီးတီးနဲ႔ အဲဗာတန္အသင္းတို႔ဆီ အငွားနဲ႔သြားေရာက္မကစားခင္ ခ်ဲလ္ဆီးမွာ ေက်ာနံပါတ္ ၅အက်ႌ၀တ္ဆင္ကစားခဲ့တဲ့ ေနာက္ခံလူ ဇူးမားက ေက်ာနံပါတ္ ၁၅ ၀တ္ဆင္မွာျဖစ္သလို ဒိန္းမတ္ေနာက္ခံလူ ခရစၥတီယန္ဆန္ကလည္း ေက်ာနံပါတ္ ၂၇ ကေန ေက်ာနံပါတ္ ၄အက်ႌ ေျပာင္းလဲ၀တ္ဆင္မွာျဖစ္ပါတယ္။

Photo Credit ; Getty Images

ခ်ဲလ္ဆီးအသင္းဟာ အသင္းရဲ႕တရား၀င္စတုိးဆုိင္ကေန ၀ယ္ယူထားတဲ့ ေက်ာနံပါတ္အေဟာင္းအက်ႌေတြကို ပရိသတ္ေတြအတြက္ အခမဲ့ျပန္လည္လဲလွယ္ေပးမွာျဖစ္ၿပီး တျခားဆုိင္ေတြက၀ယ္ယူထားတဲ့ပရိသတ္ေတြကေတာ့ အက်ႌသစ္ေတြနဲ႔ျပန္လဲရင္ ၅၀% သာယူမယ္လုိ႔ ေၾကညာထားပါတယ္။ ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ရာသီသစ္အဖြင့္ပြဲစဥ္အျဖစ္ ၾသဂုတ္လ ၁၁ရက္ေန႔မွာ ယူႏုိက္တက္နဲ႔အေ၀းကြင္းပဲြကစားရမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

Unicode

ဟာဇက်ရဲ့ကျောနံပါတ် ၁၀အင်္ကျီကို ဝီလျံဆက်ခံဝတ်ဆင်မည်

ချဲလ်ဆီးတောင်ပံကစားသမား ဝီလျံဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးရဲလ်ကို ကြယ်ပွင့်ကစားသမား ဟာဇက် ပြောင်းရွှေ့သွားခဲ့ပြီးနောက် လာမယ့် ၂၀၁၉-၂၀ ရာသီမှာ ဟာဇက်ရဲ့ကျောနံပါတ် ၁၀အင်္ကျီကို ဝတ်ဆင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။ ဘရာဇီးလက်ရွေးစင်ဝီလျံဟာ ၂၀၁၃ ခုနှစ်က အန်ဇီအသင်းကနေ ချဲလ်ဆီးကို ရောက်လာပြီးချိန်ကတည်းက ကျောနံပါတ် ၂၂ အင်္ကျီဝတ်ဆင်ကစားခဲ့ပေမယ့် အခုတော့ ရီးရဲလ်ကို ယူရိုသန်း ၁၀၀ နဲ့မပြောင်းရွှေ့ခင် ချဲလ်ဆီးအသင်းမှာ ၅နှစ်ကြာဝတ်ဆင်ကစားခဲ့တဲ့ ဟာဇက်ရဲ့ကျောနံပါတ် ၁၀ အင်္ကျီကို ပြောင်းလဲဝတ်ဆင်ကစားတော့မှာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ပြီးခဲ့တဲ့ဇန်နဝါရီလက ခေါ်ယူခဲ့ပြီးနောက် ဒေါ့မွန်မှာ အငှားကစားရာကနေ ရောက်လာတဲ့ တောင်ပံကစားသမား ပူလီဆစ်က ဝီလျံဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၂၂ အင်္ကျီကို ဆက်ခံဝတ်ဆင်မှာဖြစ်ပြီး ယမန်နှစ်ရာသီက အက်စ်တွန်ဗီလာအသင်းမှာ အငှားနဲ့ကစားခဲ့တဲ့ တိုက်စစ်မှူး အေဘရာဟမ်ကလည်း ကျောနံပါတ် ၉အင်္ကျီဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒါဘီအသင်းမှာ လက်ရှိချဲလ်ဆီးနည်းပြလမ်းပတ်ရဲ့ဦးဆောင်မှုအောက်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ကွင်းလယ်လူ မေဆင်မောင့်ကလည်း ရာသီသစ်မှာ အရေးပါတဲ့နေရာကနေ ပါဝင်ခွင့်ရဖွယ်ရှိနေပြီး ကျောနံပါတ် ၁၉ အင်္ကျီဝတ်ဆင်ကစားမှာဖြစ်ပါတယ်။
ပြီးခဲ့ဲတဲ့ရာသီက အသီးသီးအငှားထွက်ကစားခဲ့ပြီးနောက် မိခင်ကလပ်နဲ့ ပြန်လည်ပူးပေါင်းနေပြီဖြစ်တဲ့ တိုက်စစ်မှူး ဘက်ရွှာယီ၊ ကွင်းလယ်လူ ဘာကာယိုကိုနဲ့ ဘယ်နောက်ခံလူ ကင်နဒီတို့လည်း အရင်တုန်းကဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၃၊ ၁၄နဲ့ ၁၆ အင်္ကျီတွေပဲ အသီးသီးပြန်လည်ဝတ်ဆင်ကစားမှာဖြစ်ပြီး လူငယ်ကစားသမားတွေဖြစ်တဲ့ ရီဆီဂျိမ်းစ်က ကျောနံပါတ် ၂၄နဲ့ တိုမိုရီက ကျောနံပါတ် ၂၉ အင်္ကျီအသီးသီးဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ စတုတ်စီးတီးနဲ့ အဲဗာတန်အသင်းတို့ဆီ အငှားနဲ့သွားရောက်မကစားခင် ချဲလ်ဆီးမှာ ကျောနံပါတ် ၅အင်္ကျီဝတ်ဆင်ကစားခဲ့တဲ့ နောက်ခံလူ ဇူးမားက ကျောနံပါတ် ၁၅ ဝတ်ဆင်မှာဖြစ်သလို ဒိန်းမတ်နောက်ခံလူ ခရစ္စတီယန်ဆန်ကလည်း ကျောနံပါတ် ၂၇ ကနေ ကျောနံပါတ် ၄အင်္ကျီ ပြောင်းလဲဝတ်ဆင်မှာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ အသင်းရဲ့တရားဝင်စတိုးဆိုင်ကနေ ဝယ်ယူထားတဲ့ ကျောနံပါတ်အဟောင်းအင်္ကျီတွေကို ပရိသတ်တွေအတွက် အခမဲ့ပြန်လည်လဲလှယ်ပေးမှာဖြစ်ပြီး တခြားဆိုင်တွေကဝယ်ယူထားတဲ့ပရိသတ်တွေကတော့ အင်္ကျီသစ်တွေနဲ့ပြန်လဲရင် ၅၀% သာယူမယ်လို့ ကြေညာထားပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ရာသီသစ်အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၁၁ရက်နေ့မှာ ယူနိုက်တက်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။