သူ လူစားဝင္လာၿပီး စပါး ၃ဂိုးစလုံးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အဲရစ္ဆင္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ပရိသတ္ေတြ ေတာင္းဆို

Photo Credit

Photo Credit ; Getty Images

ေတာ့တင္ဟမ္အသင္းပရိသတ္ေတြဟာ အက္စ္တြန္ဗီလာနဲ႔ပြဲမွ ကြင္းလယ္လူ အဲရစ္ဆင္ရဲ႕စြမ္းေဆာင္ရည္ကို မ်က္ဝါးထင္ထင္ေတြ႕ျမင္ခဲ့ရၿပီးေနာက္ ဘယ္အတြက္ေၾကာင့္ သူ႔ကို အသင္းက စာခ်ဳပ္သစ္မခ်ဳုပ္ဆိုႏိုင္ရတာလဲဆိုတဲ့အေျဖကို သိခ်င္ေနၾကေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images

စပါးဟာ တန္းတက္ဗီလာကို အိမ္ကြင္းမွာ ေနာက္ကေန လိုက္ကစားခဲ့ရကာ ပြဲၿပီးဖို႔ မိနစ္ ၂၀အလိုအတြင္း ၃ဂိုးသြင္းယူႏိုင္ခဲ့လို႔ ၃-၁ ဂိုးနဲ႔အႏိုင္ရၿပီး အဖြင့္လွခဲ့တာျဖစ္ေပမယ့္ ဒိန္းမတ္လက္ေ႐ြးစင္ အဲရစ္ဆင္လူစားဝင္လာခ်ိန္ေရာက္မွ အရာအားလုံး ေျပာင္းလဲသြားတာပါ။

Photo Credit

အဲရစ္ဆင္ဟာ စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆိုင္ဖို႔ အသင့္ရွိေနၿပီျဖစ္ေၾကာင္း ယခုေႏြရာသီအေစာပိုင္းက လူသိရွင္ၾကားဖြင့္ဟထားၿပီး ရီးရဲလ္နဲ႔ ယူႏိုက္တက္တို႔ရဲ႕ခ်ဥ္းကပ္ျခင္းခံေနရေပမယ့္ စပါးအသင္းပရိသတ္ေတြကေတာ့ အသင္းမွာ သူဆက္ရွိဖို႔ အဲရစ္ဆင္ ေတာင္းဆိုတာမွန္သမွ်လိုက္ေလ်ာရမွာျဖစ္ေၾကာင္း အသင္းတာဝန္ရွိသူေတြကို တိုက္တြန္းခဲ့ပါတယ္။

Photo Credit

”ကြၽန္ေတာ္တို႔အသင္းအတြက္ အဲရစ္ဆင္က ဘယ္ေလာက္အေရးပါလဲဆိုတာ လီဗိုင္းနဲ႔ ပိုခ်က္တီႏိုတို႔အတြက္ သက္ေသျပဖို႔လိုအပ္တယ္ဆိုရင္ ဒီပြဲရဲ႕ေနာက္ဆုံး ၂၅ မိနစ္က ရွင္းလင္းတဲ့အေျဖပါပဲ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကလည္း ”အသင္းမွာ အဲရစ္ဆင္ မျဖစ္မေနဆက္ရွိေနရမွာျဖစ္ၿပီး ဒီအတြက္လည္း သူ႔စိတ္ႀကိဳက္လစာေပးလိုက္ပါ”လို႔ တိုက္တြန္းခဲ့ပါတယ္။

Photo Credit

ေနာက္တစ္ေယာက္ကလည္း ”အသင္းနာမည္ကို ေတာ့တင္ဟမ္အဲရစ္ဆင္ေဟာ့စပါးပဲ နာမည္ေျပာင္းရေျပာင္းရ သူဆက္ရွိေနဖို႔ပဲ အေရးႀကီးပါတယ္”လို႔ ဟာသေႏွာေရးသားခဲ့ပါတယ္။ ”အဲရစ္ဆင္အေနနဲ႔ တစ္ႏွစ္လုပ္ခ သန္း၂၀ ရဖို႔ ထိုက္တန္ပါတယ္”လို႔ ေထာက္ခံေရးသားခဲ့ပါတယ္။

Photo Credit

စပါးဟာ ဗီလာကို ဂိုးျပတ္အႏိုင္ရခဲ့လို႔ လီဗာပူး၊ စီးတီးတို႔နဲ႔အတူ အမွတ္တူအေနအထားမွာ ရပ္တည္ေနၿပီး စပါးအေနနဲ႔ ပြဲႀကီးပြဲေကာင္းအျဖစ္ လာမယ့္ရက္သတၱပတ္မွာ ၂ႏွစ္ဆက္ခ်န္ပီယံ မန္စီးတီးနဲ႔အေဝးကြင္းပြဲက်ပ္ကစားရမွာျဖစ္ပါတယ္။

Photo Credit

Unicode

သူ လူစားဝင်လာပြီး စပါး ၃ဂိုးစလုံးသွင်းယူနိုင်ခဲ့ပြီးနောက် အဲရစ်ဆင်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ပရိသတ်တွေ တောင်းဆို

တော့တင်ဟမ်အသင်းပရိသတ်တွေဟာ အက်စ်တွန်ဗီလာနဲ့ပွဲမှ ကွင်းလယ်လူ အဲရစ်ဆင်ရဲ့စွမ်းဆောင်ရည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီးနောက် ဘယ်အတွက်ကြောင့် သူ့ကို အသင်းက စာချုပ်သစ်မချုုပ်ဆိုနိုင်ရတာလဲဆိုတဲ့အဖြေကို သိချင်နေကြကြောင်း သိရပါတယ်။
စပါးဟာ တန်းတက်ဗီလာကို အိမ်ကွင်းမှာ နောက်ကနေ လိုက်ကစားခဲ့ရကာ ပွဲပြီးဖို့ မိနစ် ၂၀အလိုအတွင်း ၃ဂိုးသွင်းယူနိုင်ခဲ့လို့ ၃-၁ ဂိုးနဲ့အနိုင်ရပြီး အဖွင့်လှခဲ့တာဖြစ်ပေမယ့် ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်လူစားဝင်လာချိန်ရောက်မှ အရာအားလုံး ပြောင်းလဲသွားတာပါ။
အဲရစ်ဆင်ဟာ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း ယခုနွေရာသီအစောပိုင်းက လူသိရှင်ကြားဖွင့်ဟထားပြီး ရီးရဲလ်နဲ့ ယူနိုက်တက်တို့ရဲ့ချဉ်းကပ်ခြင်းခံနေရပေမယ့် စပါးအသင်းပရိသတ်တွေကတော့ အသင်းမှာ သူဆက်ရှိဖို့ အဲရစ်ဆင် တောင်းဆိုတာမှန်သမျှလိုက်လျောရမှာဖြစ်ကြောင်း အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။
”ကျွန်တော်တို့အသင်းအတွက် အဲရစ်ဆင်က ဘယ်လောက်အရေးပါလဲဆိုတာ လီဗိုင်းနဲ့ ပိုချက်တီနိုတို့အတွက် သက်သေပြဖို့လိုအပ်တယ်ဆိုရင် ဒီပွဲရဲ့နောက်ဆုံး ၂၅ မိနစ်က ရှင်းလင်းတဲ့အဖြေပါပဲ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း ”အသင်းမှာ အဲရစ်ဆင် မဖြစ်မနေဆက်ရှိနေရမှာဖြစ်ပြီး ဒီအတွက်လည်း သူ့စိတ်ကြိုက်လစာပေးလိုက်ပါ”လို့ တိုက်တွန်းခဲ့ပါတယ်။
နောက်တစ်ယောက်ကလည်း ”အသင်းနာမည်ကို တော့တင်ဟမ်အဲရစ်ဆင်ဟော့စပါးပဲ နာမည်ပြောင်းရပြောင်းရ သူဆက်ရှိနေဖို့ပဲ အရေးကြီးပါတယ်”လို့ ဟာသနှောရေးသားခဲ့ပါတယ်။ ”အဲရစ်ဆင်အနေနဲ့ တစ်နှစ်လုပ်ခ သန်း၂၀ ရဖို့ ထိုက်တန်ပါတယ်”လို့ ထောက်ခံရေးသားခဲ့ပါတယ်။
စပါးဟာ ဗီလာကို ဂိုးပြတ်အနိုင်ရခဲ့လို့ လီဗာပူး၊ စီးတီးတို့နဲ့အတူ အမှတ်တူအနေအထားမှာ ရပ်တည်နေပြီး စပါးအနေနဲ့ ပွဲကြီးပွဲကောင်းအဖြစ် လာမယ့်ရက်သတ္တပတ်မှာ ၂နှစ်ဆက်ချန်ပီယံ မန်စီးတီးနဲ့အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပါတယ်။