သူ႕အေပၚ ေ၀ဖန္မႈေတြကို ျပင္းထန္စြာတု႔ံျပန္ရင္း ဥေရာပစူပါဖလားပြဲမွာ ေနာက္ထပ္အံ့အားသင့္စရာလူစာရင္းထုတ္သုံးဖုိ႔ မေၾကာက္မရြံ႕ထုတ္သုံးလာႏုိင္တဲ့လမ္းပတ္

Photo Credit

Photo Credit

ခ်ဲလ္ဆီးအသင္းနည္းျပဖရန္႔လမ္းပတ္က ယေန႔ည လီဗာပူးနဲ႔ကစားရမယ့္ဥေရာပစူပါဖလားပြဲမတိုင္ခင္ လူငယ္အမ်ားစုကို ေနရာေပးတဲ့သူ႕ရဲ႕နည္းဗ်ဴဟာနဲ႔ပတ္သက္လုိ႔ ေ၀ဖန္မႈေတြကို ျပင္းထန္စြာတု႔ံျပန္သြားပါတယ္။

Photo Credit ; Getty Images

ခ်ဲလ္ဆီးဂႏၳ၀င္ကစားသမားတစ္ဦးလည္းျဖစ္တဲ့ လမ္းပတ္ဟာ အသင္းရဲ႕အကယ္ဒမီထြက္ကစားသမားေတြကို ေနရာေပးဖို႔ မေၾကာက္ဘူးဆုိတာ သက္ေသျပသထားၿပီးျဖစ္ကာ တနဂၤေႏြညက ယူႏုိက္တက္ကို ၄-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ကြင္းလယ္လူ ေမဆင္ေမာင့္နဲ႔ တုိက္စစ္မွဴး ေအဘရာဟမ္တုိ႔ကို ဦးစားေပးကစားသမားေတြအျဖစ္ ထုတ္သုံးခဲ့ပါတယ္။

Photo Credit ; Getty Images

အဲဒီပဲြမွာ အရွက္ရဖြယ္ဂိုးျပတ္အေရးနိမ့္ခဲ့ၿပီးေနာက္ လမ္းပတ္ရဲ႕လူစာရင္းထုတ္ပုံနဲ႔ပတ္သက္လုိ႔ ေ၀ဖန္မႈေတြအမ်းအျပားထြက္ေပၚခဲ့ေပမယ့္ ကာယကံရွင္ျဖစ္သူကေတာ့ ေမဆင္ေမာင့္နဲ႔ ေအဘရာဟမ္တုိ႔လုိ လူငယ္ေတြလည္း အခြင့္အေရးရဖုိ႔ ထိုက္တန္မႈအျပည့္ရွိေၾကာင္း ဆုိပါတယ္။

Photo Credit ; Reuters

”ကၽြန္ေတာ္ကေတာ့ ဘယ္အသက္အရြယ္ပဲျဖစ္ျဖစ္ ကစားမယ့္ပြဲကိုအႏိုင္ရဖို႔ ကၽြန္ေတာ့္စိတ္ထဲမွာ အေကာင္းဆုံးထင္တဲ့အသင္းကို ေရြးခ်ယ္တာပါ။ ၿပိဳင္ပြဲ၀င္အသင္းတစ္သင္းပိုင္ဆုိင္ထားတာအရမ္းအေရးႀကီးတယ္လုိ႔လည္း ထင္ပါတယ္”

Photo Credit ; Reuters

”လူငယ္ကစားသမားေတြဆုိရင္လည္း ေလ့က်င့္ေရးကြင္းမွာ သူတုိ႔ဘာလုပ္ႏုိင္လဲဆုိတာ သက္ေသျပသႏိုင္ရင္ အခြင့္အေရးရဖို႔ လုံး၀ကို ထုိက္တန္မႈရွိပါတယ္။ ေမဆင္ေမာင့္ဆုိရင္လည္း အဲဒီအတုိင္းပါပဲ။ ခ်ဲလ္ဆီးလုိအသင္းအတြက္ လူငယ္ေတြက အေရးႀကီးလုိ႔ ကၽြန္ေတာ္လည္း လူငယ္ကစားသမားေတြကို ထုတ္သုံးဖို႔ ဘာမွေၾကာက္ေနမွာမဟုတ္ဘူး”

Photo Credit ; EPA

”သူတုိ႔လည္း အခြင့္အေရးရဖုိ႔ ထိုက္တန္မႈရွိပါတယ္”လုိ႔ လမ္းပတ္က ေျပာပါတယ္။ လမ္းပတ္ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ အဓိကၿပိဳင္ဘက္အသင္းတစ္သင္းကို ဂိုးျပတ္အေရးနိမ့္ခဲ့ရေပမယ့္ အစၥတန္ဘူလ္မွာ ကစးမယ့္ဥေရာပစူပါဖလားပြဲမွာေတာ့ ခ်ဲလ္ဆီးနည္းျပဘ၀ပထမဆုံးဆုဖလားရယူဖုိ႔ အခြင့္အေရးရွိေနပါတယ္။

Photo Credit ; Getty Images

”ဒီအလုပ္က ေန႔တုိင္းစိန္ေခၚမႈေတြနဲ႔ျပည့္ႏွက္ေနတဲ့အလုပ္ျဖစ္ၿပီး ေလ့က်င့္ေရးကြင္းက မျဖစ္စေလာက္ဆုံးျဖတ္ခ်က္ေလးကအစ ေနာက္ဆုံး ရလဒ္တစ္ခုထြက္ေပၚၿပီးလုိ႔ ကစားသမားတစ္ေယာက္ရဲ႕အေၾကာင္းနဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ဆုံးျဖတ္ခ်က္ခ်ရတ့ဲအထိေပါ့။ ဒီအတြက္လည္း ကၽြန္ေတာ့္ဘက္က ျပင္ဆင္ထားပါတယ္”လုိ႔ လမ္းပတ္က ဆက္ေျပာပါတယ္။

Photo Credit ; Getty Images

Unicode

သူ့အပေါ် ဝေဖန်မှုတွေကို ပြင်းထန်စွာတုံ့ပြန်ရင်း ဥရောပစူပါဖလားပွဲမှာ နောက်ထပ်အံ့အားသင့်စရာလူစာရင်းထုတ်သုံးဖို့ မကြောက်မရွံ့ထုတ်သုံးလာနိုင်တဲ့လမ်းပတ်

ချဲလ်ဆီးအသင်းနည်းပြဖရန့်လမ်းပတ်က ယနေ့ည လီဗာပူးနဲ့ကစားရမယ့်ဥရောပစူပါဖလားပွဲမတိုင်ခင် လူငယ်အများစုကို နေရာပေးတဲ့သူ့ရဲ့နည်းဗျူဟာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေကို ပြင်းထန်စွာတုံ့ပြန်သွားပါတယ်။
ချဲလ်ဆီးဂန္ထဝင်ကစားသမားတစ်ဦးလည်းဖြစ်တဲ့ လမ်းပတ်ဟာ အသင်းရဲ့အကယ်ဒမီထွက်ကစားသမားတွေကို နေရာပေးဖို့ မကြောက်ဘူးဆိုတာ သက်သေပြသထားပြီးဖြစ်ကာ တနင်္ဂနွေညက ယူနိုက်တက်ကို ၄-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်လူ မေဆင်မောင့်နဲ့ တိုက်စစ်မှူး အေဘရာဟမ်တို့ကို ဦးစားပေးကစားသမားတွေအဖြစ် ထုတ်သုံးခဲ့ပါတယ်။
အဲဒီပွဲမှာ အရှက်ရဖွယ်ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် လမ်းပတ်ရဲ့လူစာရင်းထုတ်ပုံနဲ့ပတ်သက်လို့ ဝေဖန်မှုတွေအမျးအပြားထွက်ပေါ်ခဲ့ပေမယ့် ကာယကံရှင်ဖြစ်သူကတော့ မေဆင်မောင့်နဲ့ အေဘရာဟမ်တို့လို လူငယ်တွေလည်း အခွင့်အရေးရဖို့ ထိုက်တန်မှုအပြည့်ရှိကြောင်း ဆိုပါတယ်။
”ကျွန်တော်ကတော့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကစားမယ့်ပွဲကိုအနိုင်ရဖို့ ကျွန်တော့်စိတ်ထဲမှာ အကောင်းဆုံးထင်တဲ့အသင်းကို ရွေးချယ်တာပါ။ ပြိုင်ပွဲဝင်အသင်းတစ်သင်းပိုင်ဆိုင်ထားတာအရမ်းအရေးကြီးတယ်လို့လည်း ထင်ပါတယ်”
”လူငယ်ကစားသမားတွေဆိုရင်လည်း လေ့ကျင့်ရေးကွင်းမှာ သူတို့ဘာလုပ်နိုင်လဲဆိုတာ သက်သေပြသနိုင်ရင် အခွင့်အရေးရဖို့ လုံးဝကို ထိုက်တန်မှုရှိပါတယ်။ မေဆင်မောင့်ဆိုရင်လည်း အဲဒီအတိုင်းပါပဲ။ ချဲလ်ဆီးလိုအသင်းအတွက် လူငယ်တွေက အရေးကြီးလို့ ကျွန်တော်လည်း လူငယ်ကစားသမားတွေကို ထုတ်သုံးဖို့ ဘာမှကြောက်နေမှာမဟုတ်ဘူး”
”သူတို့လည်း အခွင့်အရေးရဖို့ ထိုက်တန်မှုရှိပါတယ်”လို့ လမ်းပတ်က ပြောပါတယ်။ လမ်းပတ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အဓိကပြိုင်ဘက်အသင်းတစ်သင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပေမယ့် အစ္စတန်ဘူလ်မှာ ကစးမယ့်ဥရောပစူပါဖလားပွဲမှာတော့ ချဲလ်ဆီးနည်းပြဘဝပထမဆုံးဆုဖလားရယူဖို့ အခွင့်အရေးရှိနေပါတယ်။
”ဒီအလုပ်က နေ့တိုင်းစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့အလုပ်ဖြစ်ပြီး လေ့ကျင့်ရေးကွင်းက မဖြစ်စလောက်ဆုံးဖြတ်ချက်လေးကအစ နောက်ဆုံး ရလဒ်တစ်ခုထွက်ပေါ်ပြီးလို့ ကစားသမားတစ်ယောက်ရဲ့အကြောင်းနဲ့ပတ်သက်ပြီး ကြီးမားတဲ့ဆုံးဖြတ်ချက်ချရတဲ့အထိပေါ့။ ဒီအတွက်လည်း ကျွန်တော့်ဘက်က ပြင်ဆင်ထားပါတယ်”လို့ လမ်းပတ်က ဆက်ပြောပါတယ်။