သူ႕ကစားသမားဘ၀ကို ကယ္တင္ဖို႔ ယူႏုိက္တက္ကေန ဆန္းခ်က္ဇ္ ထြက္ခြာခဲ့တာျဖစ္ေၾကာင္း ဆုိးလ္ရွားဖြင့္ဟ

Photo Credit

Photo Credit ; AFP / Getty Images

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက တုိက္စစ္မွဴးဆန္းခ်က္ဇ္အေနနဲ႔ သူ႕ရဲ႕ပေရာဖက္ရွင္နယ္ကစားသမားဘ၀ကို ကယ္တင္ႏိုင္ဖို႔အတြက္ အုိးလ္ထရက္ဖုိ႔ဒ္အေျခစိုက္အသင္းကေန ထြက္ခြာခဲ့ရတာျဖစ္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။

Photo Credit

ဆန္းခ်က္ဇ္ဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က စီးရီးေအကလပ္ အင္တာမီလန္အသင္းထံ တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားခဲ့ရာ ယူႏုိက္တက္ကစားသမားဘ၀ သူ႕ရဲ႕ ၁၈လတာ႐ုန္းကန္ရမႈေတြကလည္း အနည္းဆုံးတစ္ရာသီေတာ့ အဆုံးသတ္သြားၿပီျဖစ္ပါတယ္။

Photo Credit

ခ်ီလီလက္ေရြးစင္ ဆန္းခ်က္ဇ္ဟာ ၂၀၁၈ ဇန္န၀ါရီလက အာဆင္နယ္ကေန ေရာက္လာၿပီးခ်ိန္ကတည္းက အသင္းအတြက္ ၃ဂိုးသာသြင္းယူႏုိင္ခဲ့ပါတယ္။ ”ဆန္းခ်က္ဇ္အေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ လိုအပ္ေနခဲ့တာပါ။ သူ႕အတြက္ ဒီမွာ အလုပ္မျဖစ္မွန္းအားလံုးသိနားလည္ခဲ့ပါတယ္။ သူ႕အေနနဲ႔ ကစားသမားဘ၀ကို အစကေန ျပန္လည္စတင္ဖို႔ လိုအပ္ပါတယ္။ အဲဒီမွာ ပုံမွန္ပြဲထြက္ခြင့္ရရွိၿပီး ဂိုးေတြသြင္းယူႏုိင္ဖို႔ေတြေပါ့။ ဒီအေျပာင္းအေရႊ႕က အားလုံးအတြက္ အက်ိဳးရွိေစခဲ့ပါတယ္”

Photo Credit

”ကၽြန္ေတာ္တုိ႔ဘက္က ၾကည့္မယ္ဆုိရင္ ရက္သတၱပတ္တုိင္းမွာ သူ႕ကို အင္တာမီလန္မွာ လူကာကူနဲ႔ တြဲကစားမွာကို ျမင္ေတြ႕ရမယ္။ အင္တာမီလန္အသင္းအတြက္ သူက အက်ိဳးရွိတဲ့ကစားသမားျဖစ္လာမွာပါ။ ကၽြန္ေတာ္တု႔ိဘက္ကလည္း ဆုံးျဖတ္ခ်က္ခ်ခဲ့တာပါ။ ကၽြန္ေတာ္တုိ႔အေနနဲ႔ တုိက္စစ္မွဴးေတြျဖစ္တဲ့ မာရွယ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္း၀ုဒ္တုိ႔ကို အျပည့္အ၀ယုံၾကည္ပါတယ္”လုိ႔ ဆုိးလ္ရွားက ေျပာၾကားခဲ့ပါတယ္။

Photo Credit

အသက္ ၁၇ႏွစ္အရြယ္ရွိ ဂရင္း၀ုဒ္ဟာ တုိက္စစ္မွဴး မာရွယ္ ဒဏ္ရာရေနလုိ႔ စေနေန႔မွာ ကစားရမယ့္ ေဆာက္သမ္တန္နဲ႔အေ၀းကြင္းပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ခြင့္ရဖို႔ ရာခုိင္ႏႈန္းမ်ားေနပါတယ္။ သူဟာ ယူႏိုက္တက္ရဲ႕ယခုရာသီအဖြင့္ ၃ပြဲစလုံးမွာ လူစား၀င္ကစားသမားအျဖစ္ ပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။

Photo Credit

Unicode

သူ့ကစားသမားဘဝကို ကယ်တင်ဖို့ ယူနိုက်တက်ကနေ ဆန်းချက်ဇ် ထွက်ခွာခဲ့တာဖြစ်ကြောင်း ဆိုးလ်ရှားဖွင့်ဟ

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူးဆန်းချက်ဇ်အနေနဲ့ သူ့ရဲ့ပရောဖက်ရှင်နယ်ကစားသမားဘဝကို ကယ်တင်နိုင်ဖို့အတွက် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က စီးရီးအေကလပ် အင်တာမီလန်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ရာ ယူနိုက်တက်ကစားသမားဘ၀ သူ့ရဲ့ ၁၈လတာရုန်းကန်ရမှုတွေကလည်း အနည်းဆုံးတစ်ရာသီတော့ အဆုံးသတ်သွားပြီဖြစ်ပါတယ်။
ချီလီလက်ရွေးစင် ဆန်းချက်ဇ်ဟာ ၂၀၁၈ ဇန်နဝါရီလက အာဆင်နယ်ကနေ ရောက်လာပြီးချိန်ကတည်းက အသင်းအတွက် ၃ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ”ဆန်းချက်ဇ်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ လိုအပ်နေခဲ့တာပါ။ သူ့အတွက် ဒီမှာ အလုပ်မဖြစ်မှန်းအားလုံးသိနားလည်ခဲ့ပါတယ်။ သူ့အနေနဲ့ ကစားသမားဘဝကို အစကနေ ပြန်လည်စတင်ဖို့ လိုအပ်ပါတယ်။ အဲဒီမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိပြီး ဂိုးတွေသွင်းယူနိုင်ဖို့တွေပေါ့။ ဒီအပြောင်းအရွှေ့က အားလုံးအတွက် အကျိုးရှိစေခဲ့ပါတယ်”
”ကျွန်တော်တို့ဘက်က ကြည့်မယ်ဆိုရင် ရက်သတ္တပတ်တိုင်းမှာ သူ့ကို အင်တာမီလန်မှာ လူကာကူနဲ့ တွဲကစားမှာကို မြင်တွေ့ရမယ်။ အင်တာမီလန်အသင်းအတွက် သူက အကျိုးရှိတဲ့ကစားသမားဖြစ်လာမှာပါ။ ကျွန်တော်တု့ိဘက်ကလည်း ဆုံးဖြတ်ချက်ချခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကို အပြည့်အဝယုံကြည်ပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။
အသက် ၁၇နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ တိုက်စစ်မှူး မာရှယ် ဒဏ်ရာရနေလို့ စနေနေ့မှာ ကစားရမယ့် ဆောက်သမ်တန်နဲ့အဝေးကွင်းပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရဖို့ ရာခိုင်နှုန်းများနေပါတယ်။ သူဟာ ယူနိုက်တက်ရဲ့ယခုရာသီအဖွင့် ၃ပွဲစလုံးမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။