သူ့ရဲ့အခက်ခဲဆုံးပြိုင်ဘက်နဲ့ တွဲကစားဖူးသူတွေထဲက အကောင်းဆုံးကစားသမားကို ဖွင့်ဟလိုက်တဲ့ဗန်ဒစ်ဂ်ျ
photo-the times
photo-AFP
Ballond’Or ဆုအတွက် ရေပန်းစားနေသူတစ်ယောက်ဖြစ်တဲ့ လီဗာပူးနောက်ခံလူဗန်ဒစ်ဂ်ျက သူ့နဲ့တွဲကစားခဲ့ဖူးသူတွေထဲမှာ လီဗာပူးအသင်းဖော်ဖာမီနိုကသာ အကောင်းဆုံးဖြစ်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဗန်ဒစ်ဂ်ျအနေနဲ့ ဆာလာနဲ့မာနီတို့လည်းရှိနေတဲ့ လီဗာပူးတိုက်စစ်မှာ ဖာမီနိုကို အံ့အားသင့်ဖွယ်ရွေးချယ်ခဲ့တာပါ။ ဗန်ဒစ်ဂ်ျနဲ့ဖာမီနိုတို့ဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဖလားရခဲ့တဲ့လီဗာပူးအတွက် အရေးပါခဲ့သူတွေလည်း ဖြစ်ပါတယ်။
photo-gettyimages
photo-gettyimages
[Unicode]
Ballond’Or ဆုအတွက် ရေပန်းစားနေသူတစ်ယောက်ဖြစ်တဲ့ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်က သူ့နဲ့တွဲကစားခဲ့ဖူးသူတွေထဲမှာ လီဗာပူးအသင်းဖော်ဖာမီနိုကသာ အကောင်းဆုံးဖြစ်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဗန်ဒစ်ဂျ်အနေနဲ့ ဆာလာနဲ့မာနီတို့လည်းရှိနေတဲ့ လီဗာပူးတိုက်စစ်မှာ ဖာမီနိုကို အံ့အားသင့်ဖွယ်ရွေးချယ်ခဲ့တာပါ။ ဗန်ဒစ်ဂျ်နဲ့ဖာမီနိုတို့ဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဖလားရခဲ့တဲ့လီဗာပူးအတွက် အရေးပါခဲ့သူတွေလည်း ဖြစ်ပါတယ်။
သူနဲ့တွဲကစားဖူးသူတွေထဲမှာ ဘယ်သူက အကြီးကျယ်ဆုံးလဲလို့ မေးမြန်းတော့ ဗန်ဒစ်ဂျ်က“နည်းနည်းလေးဘက်လိုက်ရာတော့ ကျမှာပါ။ ကျွန်တော့်ရဲ့အသင်းဖော်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဖာမီနိုလို့ပဲ ဆိုချင်ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့တာပါ။ ဘရာဇီးသားဖာမီနိုဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုပူးတွဲရခဲ့တဲ့ဆာလာနဲ့မာနီတို့လောက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ၂၇ နှစ်အရွယ် ဖာမီနိုဟာ လီဗာပူးကိုရောက်လာပြီးကတည်းက ပြိုင်ပွဲအရပ်ရပ် ၁၃၉ ပွဲမှာ ၄၉ ဂိုးသွင်းပေးနိုင်ခဲ့ကာ အသင်းအတွက်အရေးပါတဲ့တိုက်စစ်မှုးတွေထဲက တစ်ယောက်အဖြစ် ရပ်တည်နေတာပါ။
ဒါ့အပြင် ဗန်ဒစ်ဂျ်က မန်စီးတီးတိုက်စစ်မှုးအဂူရိုဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့အခက်ခဲဆုံးပြိုက်ဘက်ဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ မန်စီးတီးသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူလည်းဖြစ်တဲ့ အဂူရိုဟာ ၂၀၁၁ မှာ အက်သလက်တီကိုကနေရောက်လာပြီးကတည်းက ပရီးမီးယားလိဂ်ခံစစ်မှုးအများစုအတွက် သတိအထားရဆုံးသူဖြစ်ခဲ့တာပါ။ နောက်ပြီး ဗန်ဒစ်ဂျ်က ဘာစီလိုနာနဲ့ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းရော်နယ်ဒင်ဟိုဟာ သူ့အတွက် သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။