သူဟာ ေမာ္ရင္ဟိုရဲ႕ကိုယ္ပြားမဟုတ္ဘူးလို႔ အခိုင္အမာေျပာၾကားလိုက္တဲ့လမ္းပတ္

photo-gettyimages

photo-the sun

ခ်ဲလ္ဆီးနည္းျပသစ္လမ္းပတ္ဟာ ေမာ္ရင္ဟိုရဲ႕လက္ေအာက္က ကစားသမားတစ္ေယာက္အျဖစ္ စတမး္ဖုိ႔ဒ္ဘရစ္ခ်္မွာ နာမည္ရလာခဲ့တာပါ။ အဲဒါေၾကာင့္လည္း ဒီေပၚတူဂီသားနည္းျပဆီကေန နည္းျပပိုင္းနဲ႔ပတ္သက္လုိ႔ ပညာယူစရာေတြ ရယူခဲ့ေၾကာင္း လမး္ပတ္က ဖြင့္ဟေျပာၾကားခဲ့ဖူးပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးအသင္းကိုေတာ့ တစ္ေယာက္ေယာက္ဆီက ေကာ္ပီကူးတာထက္ ကိုယ္ပိုင္နည္းလမ္းနဲ႔သာ ကိုင္တြယ္သြားမယ္လို႔ လမး္ပတ္က အခိုင္အမာေျပာၾကားလုိက္ပါတယ္။

photo-gettyimages

”ကၽြန္ေတာ့္ကစားသမားဘ၀ နည္းျပေတြဆီကေန ပညာယူစရာေတြ ယူပါတယ္။ ေမာ္ရင္ဟို ဒါမွမဟုတ္ အန္စေလာ့တီ ဒါမွမဟုတ္ ဂတ္ဟစ္ဒင့္တို႔ရဲ႕ကိုယ္ပြားျဖစ္ဖုိ႔ေတာ့ ႀကိဳးစားမွာ မဟုတ္ပါဘူး။ သူတို႔ဆီက လႊမ္းမိုးမႈေတြရွိမယ္ဆိုရင္ေတာင္ ကုိယ့္ကိုယ္ပိုင္နည္းလမး္နဲ႔ပဲ အသင္းကို ကိုင္တြယ္သြားမွာပါ။ တခ်ဳိ႕ေသာနည္းျပေတြက ပရိသတ္အႀကိဳက္ပိုေဆာင္ပါတယ္။ တခ်ိဳ႕က်ေတာ့ နည္းဗ်ဴဟာပိုင္းပိုအသားေပးတယ္။ ကၽြန္ေတာ္ကေတာ့ ဘယ္သူနဲ႔မွ မတူတဲ့ပုံစံမ်ိဳးနဲ႔ပဲ ႀကိဳးစားသြားမွာပါ”လို႔ လမး္ပတ္ကေျပာၾကားခဲ့တာပါ။

photo-gettyimages

လမး္ပတ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဒါဘီကိုကိုင္တြယ္စဥ္ သူ႔ဆရာေဟာင္းေမာ္ရင္ဟိုကိုင္တြယ္တဲ့မန္ယူကို အိုးလ္ထရက္ဖုိ႔ဒ္မွာ အႏုိင္ယူခဲ့ဖူးပါတယ္။ ဒီေန႔မွာလည္း သူ႔ရဲ႕ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ရာသီသစ္ပထမဆုံးပြဲအျဖစ္ အိုးလ္ထရက္ဖုိ႔ဒ္ကို သြားေရာက္ရမွာပါ။ မန္ယူနဲ႔ဒီအေ၀းကြင္းပြဲဟာ သူ႔ရဲ႕ခ်ဲလ္ဆီးနည္းျပဘ၀ ပထမဆုံးၿပိဳင္ပြဲအသြင္ပြဲလည္း ျဖစ္လာမွာပါ။

[Unicode]

ချဲလ်ဆီးနည်းပြသစ်လမ်းပတ်ဟာ မော်ရင်ဟိုရဲ့လက်အောက်က ကစားသမားတစ်ယောက်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ နာမည်ရလာခဲ့တာပါ။ အဲဒါကြောင့်လည်း ဒီပေါ်တူဂီသားနည်းပြဆီကနေ နည်းပြပိုင်းနဲ့ပတ်သက်လို့ ပညာယူစရာတွေ ရယူခဲ့ကြောင်း လမ်းပတ်က ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းကိုတော့ တစ်ယောက်ယောက်ဆီက ကော်ပီကူးတာထက် ကိုယ်ပိုင်နည်းလမ်းနဲ့သာ ကိုင်တွယ်သွားမယ်လို့ လမ်းပတ်က အခိုင်အမာပြောကြားလိုက်ပါတယ်။

”ကျွန်တော့်ကစားသမားဘ၀ နည်းပြတွေဆီကနေ ပညာယူစရာတွေ ယူပါတယ်။ မော်ရင်ဟို ဒါမှမဟုတ် အန်စလော့တီ ဒါမှမဟုတ် ဂတ်ဟစ်ဒင့်တို့ရဲ့ကိုယ်ပွားဖြစ်ဖို့တော့ ကြိုးစားမှာ မဟုတ်ပါဘူး။ သူတို့ဆီက လွှမ်းမိုးမှုတွေရှိမယ်ဆိုရင်တောင် ကိုယ့်ကိုယ်ပိုင်နည်းလမ်းနဲ့ပဲ အသင်းကို ကိုင်တွယ်သွားမှာပါ။ တချို့သောနည်းပြတွေက ပရိသတ်အကြိုက်ပိုဆောင်ပါတယ်။ တချို့ကျတော့ နည်းဗျူဟာပိုင်းပိုအသားပေးတယ်။ ကျွန်တော်ကတော့ ဘယ်သူနဲ့မှ မတူတဲ့ပုံစံမျိုးနဲ့ပဲ ကြိုးစားသွားမှာပါ”လို့ လမ်းပတ်ကပြောကြားခဲ့တာပါ။

လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒါဘီကိုကိုင်တွယ်စဉ် သူ့ဆရာဟောင်းမော်ရင်ဟိုကိုင်တွယ်တဲ့မန်ယူကို အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ယူခဲ့ဖူးပါတယ်။ ဒီနေ့မှာလည်း သူ့ရဲ့ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ရာသီသစ်ပထမဆုံးပွဲအဖြစ် အိုးလ်ထရက်ဖို့ဒ်ကို သွားရောက်ရမှာပါ။ မန်ယူနဲ့ဒီအဝေးကွင်းပွဲဟာ သူ့ရဲ့ချဲလ်ဆီးနည်းပြဘ၀ ပထမဆုံးပြိုင်ပွဲအသွင်ပွဲလည်း ဖြစ်လာမှာပါ။