သူလည္း မက္ဂြိဳင္းယားကို Scout လုပ္ခဲ့ဖူးေပမယ့္ ဘာျဖစ္လုိ႔မေခၚခဲ့တာလဲဆုိတာ ေျပာျပလာတ့ဲ မိုယက္စ္

Photo Credit

Photo Credit ; Getty Images

အဲဗာတန္နဲ႔ ယူႏုိက္တက္အသင္းနည္းျပေဟာင္း ေဒးဗစ္မုိယက္စ္က လက္ရွိယူႏုိက္တက္ကြင္းလယ္လူ မက္ဂြိဳင္းယား ရွက္ဖီးလ္ယူႏုိက္တက္မွာ ကစားခဲ့စဥ္က အဲဗာတန္အသင္းအတြက္ သူ႕ကို ေခၚယူဖို႔ ကင္းေထာက္ကာေစာင့္ၾကည့္ခဲ့ေပမယ့္ စာခ်ဳပ္ခ်ဳပ္ဆို မေခၚယူျဖစ္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာပါတယ္။

Photo Credit ; Getty Images / AFP

အဂၤလန္လက္ေရြးစင္ မက္ဂြိဳင္းယားဟာ ရွက္ဖီးလ္ယူႏုိက္တက္၊ ဟားလ္စီးတီးနဲ႔ လက္စတာအသင္းေတြမွာ ကစားခဲ့ၿပီးေနာက္ လြန္ခဲ့တဲ့ရက္သတၱပတ္က ယူႏုိက္တက္ကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀နဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး စေကာ့တလန္ႏိုင္ငံသား မိုယက္စ္က မက္ဂြိဳင္းယားကို ကင္းေထာက္ခဲ့ဖူးေပမယ့္ သူ႕ရဲ႕ကိုယ္ခႏၶာအရြယ္အစားေၾကာင့္ မေခၚယူျဖစ္ခဲ့ေၾကာင္း ဆိုပါတယ္။

Photo Credit ; Action Images

”ကၽြန္ေတာ္တုိ႔ သူ႕ကို ေခၚယူဖုိ႔ မႀကိဳးစားခဲ့ေပမယ့္ အဲဒီအခ်ိန္တုန္းက ကင္းေထာက္ၿပီး ေစာင့္ၾကည့္ခဲ့တာေတာ့အမွန္ပါပဲ။ အဆင့္နိမ့္ေတြက ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ကို ကၽြန္ေတာ္ သေဘာက်ေလ့ရွိၿပီး တင္မ္ကာေဟးလ္ဆုိရင္လည္း အဲဒီပုံစံအတုိင္းနာမည္ေက်ာ္လာခ့ဲတာပါ။ ဟယ္မက္ဂြိဳင္းယားလည္း ကၽြန္ေတာ္အသိအမွတ္ျပဳခဲ့တဲ့ေနာက္တစ္ေယာက္ျဖစ္ပါတယ္”

Photo Credit ; Getty Images

”သူဟာ လိဂ္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ပရက္စတန္နဲ႔ကစားခဲ့ၿပီး ကၽြန္ေတာ္လည္း အဲဒီပြဲကို ၾကည့္ျဖစ္ခဲ့ပါတယ္။ ၿပီးေတာ့ စိတ္ထဲမွာလည္း ဒီေကာင္ေလးကစားတာေကာင္းလုိက္တာလုိ႔ ေတြးမိခဲ့ပါတယ္။ ဒါေပမ့ဲ အဲဒီအခ်ိန္တုန္းက သူ႕ကိုယ္လုံးဟာ တကယ္ပဲႀကီးခဲ့ပါတယ္။

Photo Credit ; Getty Images

”ၿပီးေတာ့ အဲဒီအခ်ိန္တုန္းကလည္း မက္ဂြိဳင္းယားက ငယ္ငယ္ေလးပဲရွိေသးတာေလ။ ဒီကိုယ္လုံးနဲ႔ဆို ဘယ္လိုကစားမလဲဆုိၿပီး ေတြးမိခဲ့ပါတယ္”လုိ႔ ဖာဂူဆန္ေခတ္လြန္ ယူႏုိက္တက္နည္းျပအျဖစ္ ပထမဆုံးတာ၀န္ယူခဲ့တ့ဲ မိုယက္စ္က ေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

မက္ဂြိဳင္းယားဟာ ယူႏိုက္တက္ကစားသမားဘ၀ အဖြင့္ပြဲအျဖစ္ ခ်ဲလ္ဆီးကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး မုိယက္စ္က အဲဒီကစားသမားရဲ႕႐ုပ္ပိုင္းဆုိင္ရာတုိးတက္လာမႈအေပၚ အားရေက်နပ္ေပမယ့္ သူ႕ကို မေခၚခဲ့တဲ့အတြက္ ေနာင္တရမိျခင္းေတာ့ မရွိေၾကာင္း အခုိင္အမာေျပာၾကားခဲ့ပါတယ္။

Photo Credit ; Reuters

”အ႐ိုးသားဆုံးေျပာရရင္ သူ႕ပုံစံက တကယ္ဆုိးပါတယ္။ ဘာမွလည္းမေျပာင္းလဲဘူး။ ကၽြန္ေတာ္ ယူႏုိက္တက္ကို ေရာက္ေတာ့ အသင္းမွာ ဗီဒစ္၊ ရီယိုဖာဒီနန္၊ ဂၽြန္နီအီဗန္၊ မိုက္ကယ္ကိန္း၊ ဖီးလ္ဂ်ံဳးစ္နဲ႔ စေမာလင္း အစရွိတဲ့ဗဟိုေနာက္ခံလူေတြ အမ်ားႀကီးရွိခဲ့ပါတယ္”

Photo Credit

”ဒီေတာ့ အဲဒီအခ်ိန္မွာ လူငယ္ေနာက္ခံလူတစ္ဦးကို ေခၚယူဖို႔က ကၽြန္ေတာ္တို႔အသင္းရဲ႕အႀကီးမားဆုံးျပႆနာမဟုတ္ခဲ့ပါဘူး။ ၿပီးေတာ့ မက္ဂြိဳင္းယားလည္း ေဘာလုံးခရီးသည္ျဖစ္ခဲ့ပါတယ္။ တစ္ခါတေလ ကစားသမားေတြဟာ ကုိယ္သြားရမယ့္ေနရာေရာက္ဖုိ႔ ခရီးေတြဘာေတြထြက္ရတတ္ပါတယ္။ အဲဒီတုန္းကသာေခၚခဲ့ရင္ သူ႐ုန္းကန္ရႏိုင္ပါတယ္”လုိ႔ မိုယက္စ္က ေျပာပါတယ္။

Photo Credit

Unicode

သူလည်း မက်ဂွိုင်းယားကို Scout လုပ်ခဲ့ဖူးပေမယ့် ဘာဖြစ်လို့မခေါ်ခဲ့တာလဲဆိုတာ ပြောပြလာတဲ့ မိုယက်စ်

အဲဗာတန်နဲ့ ယူနိုက်တက်အသင်းနည်းပြဟောင်း ဒေးဗစ်မိုယက်စ်က လက်ရှိယူနိုက်တက်ကွင်းလယ်လူ မက်ဂွိုင်းယား ရှက်ဖီးလ်ယူနိုက်တက်မှာ ကစားခဲ့စဉ်က အဲဗာတန်အသင်းအတွက် သူ့ကို ခေါ်ယူဖို့ ကင်းထောက်ကာစောင့်ကြည့်ခဲ့ပေမယ့် စာချုပ်ချုပ်ဆို မခေါ်ယူဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။
အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားဟာ ရှက်ဖီးလ်ယူနိုက်တက်၊ ဟားလ်စီးတီးနဲ့ လက်စတာအသင်းတွေမှာ ကစားခဲ့ပြီးနောက် လွန်ခဲ့တဲ့ရက်သတ္တပတ်က ယူနိုက်တက်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး စကော့တလန်နိုင်ငံသား မိုယက်စ်က မက်ဂွိုင်းယားကို ကင်းထောက်ခဲ့ဖူးပေမယ့် သူ့ရဲ့ကိုယ်ခန္ဓာအရွယ်အစားကြောင့် မခေါ်ယူဖြစ်ခဲ့ကြောင်း ဆိုပါတယ်။
”ကျွန်တော်တို့ သူ့ကို ခေါ်ယူဖို့ မကြိုးစားခဲ့ပေမယ့် အဲဒီအချိန်တုန်းက ကင်းထောက်ပြီး စောင့်ကြည့်ခဲ့တာတော့အမှန်ပါပဲ။ အဆင့်နိမ့်တွေက ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ကျွန်တော် သဘောကျလေ့ရှိပြီး တင်မ်ကာဟေးလ်ဆိုရင်လည်း အဲဒီပုံစံအတိုင်းနာမည်ကျော်လာခဲ့တာပါ။ ဟယ်မက်ဂွိုင်းယားလည်း ကျွန်တော်အသိအမှတ်ပြုခဲ့တဲ့နောက်တစ်ယောက်ဖြစ်ပါတယ်”
”သူဟာ လိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ပရက်စတန်နဲ့ကစားခဲ့ပြီး ကျွန်တော်လည်း အဲဒီပွဲကို ကြည့်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ စိတ်ထဲမှာလည်း ဒီကောင်လေးကစားတာကောင်းလိုက်တာလို့ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူ့ကိုယ်လုံးဟာ တကယ်ပဲကြီးခဲ့ပါတယ်။
”ပြီးတော့ အဲဒီအချိန်တုန်းကလည်း မက်ဂွိုင်းယားက ငယ်ငယ်လေးပဲရှိသေးတာလေ။ ဒီကိုယ်လုံးနဲ့ဆို ဘယ်လိုကစားမလဲဆိုပြီး တွေးမိခဲ့ပါတယ်”လို့ ဖာဂူဆန်ခေတ်လွန် ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးတာဝန်ယူခဲ့တဲ့ မိုယက်စ်က ပြောကြားခဲ့ပါတယ်။
မက်ဂွိုင်းယားဟာ ယူနိုက်တက်ကစားသမားဘ၀ အဖွင့်ပွဲအဖြစ် ချဲလ်ဆီးကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး မိုယက်စ်က အဲဒီကစားသမားရဲ့ရုပ်ပိုင်းဆိုင်ရာတိုးတက်လာမှုအပေါ် အားရကျေနပ်ပေမယ့် သူ့ကို မခေါ်ခဲ့တဲ့အတွက် နောင်တရမိခြင်းတော့ မရှိကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။
”အရိုးသားဆုံးပြောရရင် သူ့ပုံစံက တကယ်ဆိုးပါတယ်။ ဘာမှလည်းမပြောင်းလဲဘူး။ ကျွန်တော် ယူနိုက်တက်ကို ရောက်တော့ အသင်းမှာ ဗီဒစ်၊ ရီယိုဖာဒီနန်၊ ဂျွန်နီအီဗန်၊ မိုက်ကယ်ကိန်း၊ ဖီးလ်ဂျုံးစ်နဲ့ စမောလင်း အစရှိတဲ့ဗဟိုနောက်ခံလူတွေ အများကြီးရှိခဲ့ပါတယ်”
”ဒီတော့ အဲဒီအချိန်မှာ လူငယ်နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့က ကျွန်တော်တို့အသင်းရဲ့အကြီးမားဆုံးပြဿနာမဟုတ်ခဲ့ပါဘူး။ ပြီးတော့ မက်ဂွိုင်းယားလည်း ဘောလုံးခရီးသည်ဖြစ်ခဲ့ပါတယ်။ တစ်ခါတလေ ကစားသမားတွေဟာ ကိုယ်သွားရမယ့်နေရာရောက်ဖို့ ခရီးတွေဘာတွေထွက်ရတတ်ပါတယ်။ အဲဒီတုန်းကသာခေါ်ခဲ့ရင် သူရုန်းကန်ရနိုင်ပါတယ်”လို့ မိုယက်စ်က ပြောပါတယ်။