လွပတဲ့ေနာက္ေပါက္ဂိုးနဲ႔ တစ္ကြင္းလံုးကို အံ့အားသင့္ေစခဲ့တဲ့ ပတ္ဒရို

Photo Credit: Daily Mail

ၾသစႀတီးယားေျမမွာကစားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ ဆဲလ္ဘတ္တုိ႔ရဲ႕ရာသီႀကိဳေျခစမ္းပြဲစဥ္မွာ ခ်ဲလ္ဆီးတုိက္စစ္မွဴးပတ္ဒရုိဟာ လွပတဲ့ေနာက္ေပါက္ကန္ခ်က္သြင္းဂိုးနဲ႔အတူ တစ္ကြင္းလံုးမွာရွိတဲ့ ပရိသတ္ေတြအျပင္ ၿပိဳင္ဘက္နည္းျပရဲ႕ခ်ီးက်ဴးဂုဏ္ျပဳမႈကိုပါရယူႏုိင္ခဲ့ပါတယ္။

Photo Credit: Daily Mail

၀ါရင့္တုိက္စစ္မွဴးပတ္ဒရုိဟာ အဲဒီပြဲစဥ္မွာ ေအဘရာဟမ္၊ ပူလီဆစ္တုိ႔နဲ႔တြဲၿပီး ခ်ဲလ္ဆီးတုိက္စစ္ကုိဦးေဆာင္လာခဲ့သလုိ မိနစ္ ၉၀ ျပည့္လည္းကစားခြင့္ရခဲ့ပါတယ္။ ခ်ဲလ္ဆီးက ၅-၃ နဲ႔အႏုိင္ရခဲ့တဲ့ အဲဒီပြဲစဥ္မွာ စတုတၳေျမာက္ဂိုးကို ပတ္ဒရိုက သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ ၅၇ မိနစ္မွာ ဘယ္ေတာင္ပံကေန ဘတ္ကေလနဲ႔ ေအဘရာဟမ္တုိ႔႔ အေပးအယူလုပ္ၿပီး တုိက္စစ္ဆင္လာရာကေန ဘတ္ကေလက ျဖတ္တင္ေဘာေပးပို႔လုိက္ရာမွာ လူကၽြံေထာင္ေခ်ာက္ကိုေဖာက္ထြက္လာတဲ့ ပတ္ဒရိုက တစ္ခ်က္ခုန္ၿပီး ေနာက္ေပါက္နဲ႔ေျမမက်ကန္ကာ ဂိုးသြင္းယူခဲ့တာပါ။

Photo Credit: Daily Mail

ေျခဖေနာင့္နဲဲ႔ ပတ္ဒရုိခုန္ၿပီးပိတ္သြင္းလုိက္တာကို ဆဲလ္ဘတ္ဂိုးသမားက ဒိုက္ဗင္ပစ္ၿပီးပုတ္ထုတ္ဖုိ႔ႀကိဳးစားခဲ့ေပမယ့္ ေဘာလံုးကသူ႕ကိုေက်ာ္ၿပီး ဂိုးထဲ၀င္သြားခဲ့တာျဖစ္ပါတယ္။ အဲဒီသြင္းဂိုးက လွပလြန္းတာေၾကာင့္ တစ္ကြင္းလံုးမွာရွိတဲ့ပရိသတ္ေတြက ေအာ္ဟစ္အားေပးခဲ့ၾကတဲ့အျပင္ ၿပိဳဳင္ဘက္အသင္း ဆဲလ္ဘတ္နည္းျပဂ်က္ဆီမာ့ခ်္ကိုယ္တုိင္ေတာင္မွ လက္ခုပ္တီးကာဂုဏ္ျပဳခဲ့ပါတယ္။

Photo Credit: Daily Mail

အဲဒီပြဲစဥ္မွာ ခ်ဲလ္ဆီးအတြက္ အေမရိကန္ေတာင္ပံကစားသမား ပူလီဆစ္ကလည္းေျခစြမ္းျပကာ ၂ ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ဘတ္ကေလ၊ ပတ္ဒရိုနဲ႔ ဘတ္ရွဴယာယီတုိ႔က ၁ ဂိုးစီသြင္းယူေပးႏုိင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ဂ်ပန္ေျမမွာ ကာ၀ါဆာကီဖရန္တာလီကိုရႈံးနိမ့္ၿပီးေနာက္ပိုင္း ေျခစမ္းပြဲ ၃ ပြဲဆက္အႏုိင္ရတာျဖစ္သလုိ တုိက္စစ္အားျပဳကစားဟန္ကိုလည္းျပသခဲ့လုိ႔ ခ်ီးက်ဴးမႈေတြခံေနရပါတယ္။ ၾသဂုတ္ ၃ ရက္ေန႔မွာေတာ့ ခ်ဲလ္ဆီးဟာ ေနာက္ဆံုးေျခစမ္းပြဲအျဖစ္ ဂလက္ဘတ္နဲ႔ရင္ဆုိင္မွာျဖစ္ၿပီး ၾသဂုတ္ ၁၁ မွာေတာ့ မန္ယူနဲ႔ရင္ဆုိင္ကာ ပရီးမီးယားလိဂ္ရာသီသစ္ကိုစတင္ဖြင့္လွစ္ရမွာျဖစ္ပါတယ္။

(Unicode)

လှပတဲ့နောက်ပေါက်ဂိုးနဲ့ တစ်ကွင်းလုံးကို အံ့အားသင့်စေခဲ့တဲ့ ပတ်ဒရို

သြစတြီးယားမြေမှာကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဆဲလ်ဘတ်တို့ရဲ့ရာသီကြိုခြေစမ်းပွဲစဉ်မှာ ချဲလ်ဆီးတိုက်စစ်မှူးပတ်ဒရိုဟာ လှပတဲ့နောက်ပေါက်ကန်ချက်သွင်းဂိုးနဲ့အတူ တစ်ကွင်းလုံးမှာရှိတဲ့ ပရိသတ်တွေအပြင် ပြိုင်ဘက်နည်းပြရဲ့ချီးကျူးဂုဏ်ပြုမှုကိုပါရယူနိုင်ခဲ့ပါတယ်။

ဝါရင့်တိုက်စစ်မှူးပတ်ဒရိုဟာ အဲဒီပွဲစဉ်မှာ အေဘရာဟမ်၊ ပူလီဆစ်တို့နဲ့တွဲပြီး ချဲလ်ဆီးတိုက်စစ်ကိုဦးဆောင်လာခဲ့သလို မိနစ် ၉၀ ပြည့်လည်းကစားခွင့်ရခဲ့ပါတယ်။ ချဲလ်ဆီးက ၅-၃ နဲ့အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ စတုတ္ထမြောက်ဂိုးကို ပတ်ဒရိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၅၇ မိနစ်မှာ ဘယ်တောင်ပံကနေ ဘတ်ကလေနဲ့ အေဘရာဟမ်တို့ အပေးအယူလုပ်ပြီး တိုက်စစ်ဆင်လာရာကနေ ဘတ်ကလေက ဖြတ်တင်ဘောပေးပို့လိုက်ရာမှာ လူကျွံထောင်ချောက်ကိုဖောက်ထွက်လာတဲ့ ပတ်ဒရိုက တစ်ချက်ခုန်ပြီး နောက်ပေါက်နဲ့မြေမကျကန်ကာ ဂိုးသွင်းယူခဲ့တာပါ။

ခြေဖနောင့်နဲ့ ပတ်ဒရိုခုန်ပြီးပိတ်သွင်းလိုက်တာကို ဆဲလ်ဘတ်ဂိုးသမားက ဒိုက်ဗင်ပစ်ပြီးပုတ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် ဘောလုံးကသူ့ကိုကျော်ပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီသွင်းဂိုးက လှပလွန်းတာကြောင့် တစ်ကွင်းလုံးမှာရှိတဲ့ပရိသတ်တွေက အော်ဟစ်အားပေးခဲ့ကြတဲ့အပြင် ပြိုုင်ဘက်အသင်း ဆဲလ်ဘတ်နည်းပြဂျက်ဆီမာ့ချ်ကိုယ်တိုင်တောင်မှ လက်ခုပ်တီးကာဂုဏ်ပြုခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ချဲလ်ဆီးအတွက် အမေရိကန်တောင်ပံကစားသမား ပူလီဆစ်ကလည်းခြေစွမ်းပြကာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘတ်ကလေ၊ ပတ်ဒရိုနဲ့ ဘတ်ရှူယာယီတို့က ၁ ဂိုးစီသွင်းယူပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဂျပန်မြေမှာ ကာဝါဆာကီဖရန်တာလီကိုရှုံးနိမ့်ပြီးနောက်ပိုင်း ခြေစမ်းပွဲ ၃ ပွဲဆက်အနိုင်ရတာဖြစ်သလို တိုက်စစ်အားပြုကစားဟန်ကိုလည်းပြသခဲ့လို့ ချီးကျူးမှုတွေခံနေရပါတယ်။ သြဂုတ် ၃ ရက်နေ့မှာတော့ ချဲလ်ဆီးဟာ နောက်ဆုံးခြေစမ်းပွဲအဖြစ် ဂလက်ဘတ်နဲ့ရင်ဆိုင်မှာဖြစ်ပြီး သြဂုတ် ၁၁ မှာတော့ မန်ယူနဲ့ရင်ဆိုင်ကာ ပရီးမီးယားလိဂ်ရာသီသစ်ကိုစတင်ဖွင့်လှစ်ရမှာဖြစ်ပါတယ်။