လူကာကူကို မလြမ္းတ့ဲအေၾကာင္း စာဖြဲ႕ေရးသားလုိက္တဲ့ရက္ရွ္ဖို႔ဒ္၊ ေငြကုန္ရက်ိဳးနပ္တဲ့မက္ဂြဲယားနဲ႔ ေနာက္ဆုံးမွာေတာ့ ေပ်ာ္ရႊင္သြားတဲ့မာရွယ္ (ခ်ဲလ္ဆီးနဲ႔ပဲြမွ ယူႏုိက္တက္ကစားသမားေတြရဲ႕ Ratings)

Photo Credit ; PA

Photo Credit ; Getty Images

ဒီဂီယာ (၈)
ေအဘရာဟမ္ရဲ႕ကန္သြင္းခ်က္ ေစာေစာစီးစီး တိုင္ထိသြားသလို အီမာဆင္ရဲ႕အနီးကပ္ကန္သြင္းခ်က္လည္း ဘားတန္းထိထြက္သြားတဲ့အထိ ခ်ဲလ္ဆီးတုိက္စစ္က အသက္၀င္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီဂီယာရဲ႕လက္စြမ္းကိုလည္း ေမ့ထားလုိ႔မရဘဲ ဘာကေလရဲ႕ကန္သြင္းခ်က္၊ အီမာဆင္ရဲ႕ကန္သြင္းခ်က္ေတြကို ကာကြယ္ပုတ္ထုတ္ႏိုင္ခဲ့ပါတယ္။ ယူႏုိက္တက္ကပၸတိန္အတြက္ Solid ျဖစ္ခဲ့တဲ့ပြဲပါ။

Photo Credit ; Reuters

၀မ္ဘစ္ဆာကာ (၉)
ပထမပိုင္းမွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့ၿပီး ဖ်က္ထုတ္မႈမွန္သမွ် အရာထင္ခဲ့ပါတယ္။ တစ္ပြဲလုံးမွာလည္း ဖ်က္ထုတ္မႈအမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ၿပီး ကြင္းလယ္ခံစစ္ကိုလည္း ကူညီေပးႏိုင္ခဲ့ပါတယ္။

Photo Credit

မက္ဂြဲယား (၈)
ပထမပိုင္းမွာ ေဘာလုံးေပးပို႔မႈအမ်ားဆုံး၊ ေခါင္းတုိက္ရွင္းထုတ္မႈအမ်ားဆုံးျဖစ္ခဲ့တဲ့ မက္ဂြဲယားဟာ ယူႏုိက္တက္ခံစစ္မွာ ဦးေဆာင္ႏိုင္စြမး္ရွိတဲ့စြမ္းရည္ျပသခဲ့ၿပီး အသင္းေဖာ္ေတြကလည္း သူ႕ကို တည္ကစားသြားတာေတြ႕ရပါတယ္။ ခ်ဲလ္ဆီးအေထာင္တုိက္စစ္မွဴး ေအဘရာဟမ္ကို မလႈပ္ႏိုင္ေအာင္ ထိန္းခ်ဳပ္ကစားသြားသလို ဂ်ီ႐ူး၀င္လာခ်ိန္မွာလည္း အဲဒီလုိထပ္မံစြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

လင္ဒီေလာ့ဖ္ (၇)
မက္ဂြဲယားနဲ႔အတူ ဗဟိုခံစစ္မွာ တည္တည္ၿငိမ္ၿငိမ္ကစားသြားၿပီး ခံစစ္ကေန ေဘာလုံးေပးပုိ႔ႏိုင္မႈကလည္း အသိအမွတ္ျပဳရမွာျဖစ္ပါတယ္။

Photo Credit ; Reuters

လုခ္ေရွာ (၇)
သူ႕ရဲ႕ေနရာယူပုံေတြက တစ္ခါတေလလုိအပ္ခ်က္ေတြရွိခဲ့ေပမယ့္ ဒီရာသီမွာ ပုံစံေကာင္းရရွိေတာ့မယ့္အလားအလာေတြ ျပသႏုိင္ခဲ့ပါတယ္။ အဂၤလန္ရဲ႕ဦးစားေပးဘယ္ေနာက္ခံလူအျဖစ္ ႏွစ္ေပါင္းမ်ားစြာရပ္တည္ႏိုင္ဖို႔ အခြင့္အေရးလည္း ပုိရလာႏိုင္ပါတယ္။

Photo Credit ; AP

မက္တုိမီေနး (၈)
ရာသီႀကိဳေျခစမ္းပြဲေတြမွာကတည္းက ေျခစမ္းျပႏိုင္ခဲ့ၿပီး အခုလည္း ဗဟိုကြင္းလယ္မွာ ပါ၀င္ကစားခြင့္ရရွိတာ သိပ္မထူးဆန္းပါဘူး။ ကြင္းလယ္မွာ မာမာထန္ထန္ကစားႏိုင္ခဲ့သလို ေပါ့ဂ္ဘာနဲ႔လည္း အတြဲညီခဲ့ပါတယ္။

Photo Credit ; Getty Images / AFP

ေပါ့ဂ္ဘာ (၈)
သူ႕အေနနဲ႔ Risk ယူၿပီး ကစားတာေတြ၊ လွည့္ထြက္တာေတြ သိပ္မလုပ္ဖုိ႔ ပရိသတ္ေတြစုိးရိမ္ခ့ဲရတဲ့ပြဲပါ။ ဒါေပမဲ့ သူက ပြဲတစ္ပြဲကို ေျပာင္းလဲႏိုင္စြမ္းရွိသူဆုိတာက မျငင္းႏုိင္တဲ့အခ်က္ျဖစ္ၿပီး ဒီရာသီမွာ အသင္းရဲ႕အေရးးပါတဲ့ကစားသမားအျဖစ္ ဆုိးလ္ရွား ဘယ္လုိသုံးမလဲဆုိတာက စိတ္၀င္စားစရာေကာင္းေနပါတယ္။ ရက္ရွ္ဖို႔ဒ္ ဂိုးသြင္းႏုိင္ေအာင္ ကြင္းလယ္ေလာက္ကေန ခုတ္တင္ေပးလုိက္တ့ဲဖန္တီးမႈက သူ႕စြမ္းရည္ကို အထင္းသားျမင္ေတြ႕ခြင့္ရေစခဲ့ပါတယ္။

Photo Credit

လင္ဂတ္ (၇)
တခ်ိဳ႕က အရန္စာရင္းမွာပဲ ပါ၀င္ခြင့္ရလိမ့္မယ္လုိ႔ ထင္မွတ္ခဲ့ေပမယ့္ အသင္းနဲ႔အတူ လုိက္ေလ်ာညီေထြစြာကစားႏုိင္ခဲ့ၿပီး ခ်ဲလ္ဆီးခံစစ္ကိုလည္း ဖိအားေပးႏိုင္ခဲ့ပါတယ္။

Photo Credit

ပါရဲရား (၇)
ပြဲထြက္ခြင့္ရရွိခဲ့သူေတြအနက္ အံ့အားသင့္စရာအေကာင္းဆုံးပါ၀င္ခြင့္ရသူျဖစ္ခဲ့ေပမယ့္ ရာသီႀကိဳေျခစမ္းပြဲေတြမွာကတည္းက ဆုိးလ္ရွားရဲ႕သေဘာက်ျခင္းခံခဲ့ရသူပါ။ ဗဟိုကြင္းလယ္မွာ တုိက္စစ္လမ္းေၾကာင္းအတြက္ ေဘာလုံးအျမင္ရွိမႈေၾကာင့္ ဒီရာသီမွာ ပြဲထြက္ခြင့္ပိုရလာႏိုင္ပါတယ္။

Photo Credit ; PA

ရက္ရွ္ဖို႔ဒ္ (၉)
မာရွယ္နဲ႔အတူ ေနရာစုံေျပာင္းလဲကစားခဲ့တာက ခ်ဲလ္ဆီးခံစစ္အတြက္ ဖိအားတစ္ရပ္ျဖစ္ေစခဲ့ၿပီး အေရးပါတဲ့ဦးေဆာင္ဂိုးကိုလည္း သူ႕ေၾကာင့္ရရွိတဲ့ပင္နယ္တီကေန သူကပဲ ကန္သြင္းယူခဲ့တာပါ။ အသက္ ၂၁ႏွစ္ပဲရွိေသးေပမယ့္ ေက်ာနံပါတ္ ၁၀ရဲ႕ဖိအားကို ႏိုင္နင္းစြာထိန္းေက်ာင္းႏိုင္စြမ္းရွိတယ္ဆုိတာ သက္ေသျပႏိုင္ခဲ့ၿပီး ယူႏုိက္တက္ရဲ႕တတိယေျမာက္ဂိုးကိုလည္း အဆုံးသတ္ေသခ်ာမႈနဲ႔အတူ သြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit

မာရွယ္ (၉)
အရင္တုန္းကလုိမဟုတ္ဘဲ ေဘာလုံးလက္ခံရယူဖုိ႔ အၿမဲအသင့္ရွိေနတတ္သလုိ ေနရာစုံလႈပ္ကစားႏိုင္ခဲ့ပါတယ္။ အေထာင္တုိက္စစ္မွဴးအျဖစ္ ကစားႏိုင္ေၾကာင္းကိုလည္း သူ႕ရဲ႕သြင္းဂိုးက သက္ေသျပေနပါတယ္။

Photo Credit ; Getty Images

ဒန္နီရယ္ဂ်ိမ္းစ္(၈)၊ ဟြမ္မာတာ(၆)၊ ဂရင္း၀ုဒ္(၆)

Photo Credit

Unicode

လူကာကူကို မလွမ်းတဲ့အကြောင်း စာဖွဲ့ရေးသားလိုက်တဲ့ရက်ရှ်ဖို့ဒ်၊ ငွေကုန်ရကျိုးနပ်တဲ့မက်ဂွဲယားနဲ့ နောက်ဆုံးမှာတော့ ပျော်ရွှင်သွားတဲ့မာရှယ်
(ချဲလ်ဆီးနဲ့ပွဲမှ ယူနိုက်တက်ကစားသမားတွေရဲ့ Ratings)

ဒီဂီယာ (၈)
အေဘရာဟမ်ရဲ့ကန်သွင်းချက် စောစောစီးစီး တိုင်ထိသွားသလို အီမာဆင်ရဲ့အနီးကပ်ကန်သွင်းချက်လည်း ဘားတန်းထိထွက်သွားတဲ့အထိ ချဲလ်ဆီးတိုက်စစ်က အသက်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဂီယာရဲ့လက်စွမ်းကိုလည်း မေ့ထားလို့မရဘဲ ဘာကလေရဲ့ကန်သွင်းချက်၊ အီမာဆင်ရဲ့ကန်သွင်းချက်တွေကို ကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကပ္ပတိန်အတွက် Solid ဖြစ်ခဲ့တဲ့ပွဲပါ။

ဝမ်ဘစ်ဆာကာ (၉)
ပထမပိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ဖျက်ထုတ်မှုမှန်သမျှ အရာထင်ခဲ့ပါတယ်။ တစ်ပွဲလုံးမှာလည်း ဖျက်ထုတ်မှုအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ကွင်းလယ်ခံစစ်ကိုလည်း ကူညီပေးနိုင်ခဲ့ပါတယ်။

မက်ဂွဲယား (၈)
ပထမပိုင်းမှာ ဘောလုံးပေးပို့မှုအများဆုံး၊ ခေါင်းတိုက်ရှင်းထုတ်မှုအများဆုံးဖြစ်ခဲ့တဲ့ မက်ဂွဲယားဟာ ယူနိုက်တက်ခံစစ်မှာ ဦးဆောင်နိုင်စွမ်းရှိတဲ့စွမ်းရည်ပြသခဲ့ပြီး အသင်းဖော်တွေကလည်း သူ့ကို တည်ကစားသွားတာတွေ့ရပါတယ်။ ချဲလ်ဆီးအထောင်တိုက်စစ်မှူး အေဘရာဟမ်ကို မလှုပ်နိုင်အောင် ထိန်းချုပ်ကစားသွားသလို ဂျီရူးဝင်လာချိန်မှာလည်း အဲဒီလိုထပ်မံစွမ်းဆောင်နိုင်ခဲ့ပါတယ်။

လင်ဒီလော့ဖ် (၇)
မက်ဂွဲယားနဲ့အတူ ဗဟိုခံစစ်မှာ တည်တည်ငြိမ်ငြိမ်ကစားသွားပြီး ခံစစ်ကနေ ဘောလုံးပေးပို့နိုင်မှုကလည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

လုခ်ရှော (၇)
သူ့ရဲ့နေရာယူပုံတွေက တစ်ခါတလေလိုအပ်ချက်တွေရှိခဲ့ပေမယ့် ဒီရာသီမှာ ပုံစံကောင်းရရှိတော့မယ့်အလားအလာတွေ ပြသနိုင်ခဲ့ပါတယ်။ အင်္ဂလန်ရဲ့ဦးစားပေးဘယ်နောက်ခံလူအဖြစ် နှစ်ပေါင်းများစွာရပ်တည်နိုင်ဖို့ အခွင့်အရေးလည်း ပိုရလာနိုင်ပါတယ်။

မက်တိုမီနေး (၈)
ရာသီကြိုခြေစမ်းပွဲတွေမှာကတည်းက ခြေစမ်းပြနိုင်ခဲ့ပြီး အခုလည်း ဗဟိုကွင်းလယ်မှာ ပါဝင်ကစားခွင့်ရရှိတာ သိပ်မထူးဆန်းပါဘူး။ ကွင်းလယ်မှာ မာမာထန်ထန်ကစားနိုင်ခဲ့သလို ပေါ့ဂ်ဘာနဲ့လည်း အတွဲညီခဲ့ပါတယ်။

ပေါ့ဂ်ဘာ (၈)
သူ့အနေနဲ့ Risk ယူပြီး ကစားတာတွေ၊ လှည့်ထွက်တာတွေ သိပ်မလုပ်ဖို့ ပရိသတ်တွေစိုးရိမ်ခဲ့ရတဲ့ပွဲပါ။ ဒါပေမဲ့ သူက ပွဲတစ်ပွဲကို ပြောင်းလဲနိုင်စွမ်းရှိသူဆိုတာက မငြင်းနိုင်တဲ့အချက်ဖြစ်ပြီး ဒီရာသီမှာ အသင်းရဲ့အရေးးပါတဲ့ကစားသမားအဖြစ် ဆိုးလ်ရှား ဘယ်လိုသုံးမလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။ ရက်ရှ်ဖို့ဒ် ဂိုးသွင်းနိုင်အောင် ကွင်းလယ်လောက်ကနေ ခုတ်တင်ပေးလိုက်တဲ့ဖန်တီးမှုက သူ့စွမ်းရည်ကို အထင်းသားမြင်တွေ့ခွင့်ရစေခဲ့ပါတယ်။

လင်ဂတ် (၇)
တချို့က အရန်စာရင်းမှာပဲ ပါဝင်ခွင့်ရလိမ့်မယ်လို့ ထင်မှတ်ခဲ့ပေမယ့် အသင်းနဲ့အတူ လိုက်လျောညီထွေစွာကစားနိုင်ခဲ့ပြီး ချဲလ်ဆီးခံစစ်ကိုလည်း ဖိအားပေးနိုင်ခဲ့ပါတယ်။

ပါရဲရား (၇)
ပွဲထွက်ခွင့်ရရှိခဲ့သူတွေအနက် အံ့အားသင့်စရာအကောင်းဆုံးပါဝင်ခွင့်ရသူဖြစ်ခဲ့ပေမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာကတည်းက ဆိုးလ်ရှားရဲ့သဘောကျခြင်းခံခဲ့ရသူပါ။ ဗဟိုကွင်းလယ်မှာ တိုက်စစ်လမ်းကြောင်းအတွက် ဘောလုံးအမြင်ရှိမှုကြောင့် ဒီရာသီမှာ ပွဲထွက်ခွင့်ပိုရလာနိုင်ပါတယ်။

ရက်ရှ်ဖို့ဒ် (၉)
မာရှယ်နဲ့အတူ နေရာစုံပြောင်းလဲကစားခဲ့တာက ချဲလ်ဆီးခံစစ်အတွက် ဖိအားတစ်ရပ်ဖြစ်စေခဲ့ပြီး အရေးပါတဲ့ဦးဆောင်ဂိုးကိုလည်း သူ့ကြောင့်ရရှိတဲ့ပင်နယ်တီကနေ သူကပဲ ကန်သွင်းယူခဲ့တာပါ။ အသက် ၂၁နှစ်ပဲရှိသေးပေမယ့် ကျောနံပါတ် ၁၀ရဲ့ဖိအားကို နိုင်နင်းစွာထိန်းကျောင်းနိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့တတိယမြောက်ဂိုးကိုလည်း အဆုံးသတ်သေချာမှုနဲ့အတူ သွင်းယူနိုင်ခဲ့ပါတယ်။

မာရှယ် (၉)
အရင်တုန်းကလိုမဟုတ်ဘဲ ဘောလုံးလက်ခံရယူဖို့ အမြဲအသင့်ရှိနေတတ်သလို နေရာစုံလှုပ်ကစားနိုင်ခဲ့ပါတယ်။ အထောင်တိုက်စစ်မှူးအဖြစ် ကစားနိုင်ကြောင်းကိုလည်း သူ့ရဲ့သွင်းဂိုးက သက်သေပြနေပါတယ်။

ဒန်နီရယ်ဂျိမ်းစ်(၈)၊ ဟွမ်မာတာ(၆)၊ ဂရင်းဝုဒ်(၆)