လီ၀န္ေဒါစကီးကို လစာတုိးေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္

Photo Credit: Bayern FC
Photo Credit: Bayern FC

ဘြန္ဒက္စ္လီဂါခ်န္ပီယံ ဘုိင္ယန္ျမဴးနစ္အသင္းဟာ အဓိကတုိက္စစ္မွဴးလီ၀န္ေဒါစကီးကို လစာတုိးျမွင့္ေပးၿပီး ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏုိင္ခဲ့ၿပီလုိ႔ ၾကာသပေတးေန႔က ထုတ္ျပန္ေၾကညာလုိက္ပါတယ္။

Photo Credit: Bayern FC

အသက္ ၃၁ ႏွစ္အရြယ္ လီ၀န္ေဒါစကီးဟာ လြန္ခဲဲ့တဲဲ့ ၅ ႏွစ္က ျပည္တြင္းအဓိကၿပိဳင္ဘက္ ေဒါ့မန္ကေန ဘုိင္ယန္ျမဴးနစ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၂၄၆ ပြဲမွာ ၁၉၇ ဂုိးသြင္းယူထားႏုိင္ခဲဲ့ပါတယ္။ ဒီရာသီဘြန္ဒက္စ္လီဂါမွာ ဘုိင္ယန္ျမဴးနစ္အသင္း ၅ ဂိုးရရွိထားၿပီး အဲဒီ ၅ ဂိုးစလံုးကုိ လီ၀န္ေဒါစကီးတစ္ဦးတည္းကသာ သြင္းယူေပးထားတာျဖစ္ပါတယ္။

Photo Credit: Bayern FC

ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ရစ္ဘာရီနဲ႔ ေရာ္ဘင္တုိ႔ထြက္ခြာသြားမႈအတြက္ ဘုိင္ယန္ျမဴးနစ္တာ၀န္ရွိသူေတြက အင္အားျဖည့္တင္းမႈမလုပ္တဲ့အေပၚ လီ၀န္ေဒါစကီးက ေ၀ဖန္ခဲ့ေသးၿပီး အသင္းကထြက္ခြာႏိုင္တယ္လုိ႔လည္း ခန္႔မွန္းသတင္းေတြထြက္ေပၚခဲ့ေသးတာပါ။ ဒါေပမဲ့ ဘုိင္ယန္က ေကာ္တင္ဟိုနဲ႔ ပါရီဆစ္တုိ႔ကုိ တုိက္စစ္ပိုင္းအတြက္အားျဖည့္ႏုိင္ခဲ့ၿပီး လီ၀န္ေဒါစကီးကလည္း အသင္းရဲ႕လုပ္ရပ္ကိုႀကိဳဆုိခဲ့ပါတယ္။ ဒါေၾကာင့္လည္း လီ၀န္ေဒါစကီးဟာ ၂၀၂၁ ခုႏွစ္အထိ ဘုိင္ယန္နဲ႔စာခ်ဳပ္သက္တမ္းရွိထားေပမယ့္ ေနာက္ထပ္ ၂ ႏွစ္သက္တမ္းတုိးခဲ့တာပါ။ သတင္းေတြအရေတာ့ လီ၀န္ေဒါစကီးဟာ မူလက တစ္ႏွစ္လစာ ယူရို ၁၅ သန္းရရွိေနရာကေန စာခ်ဳပ္သစ္အရ တစ္ႏွစ္ကုိ ယူရိုသန္း ၂၀ ရရွိမွာျဖစ္ၿပီး ဒါဟာ ဘုိင္ယန္သမုိင္းတစ္ေလွ်ာက္ တန္ေၾကးအျမင့္ဆံုးလစာလုိ႔လည္း ဆုိပါတယ္။

Photo Credit: Bayern FC

ကလပ္န႔ဲစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏုိင္ၿပီးေနာက္ လီ၀န္ေဒါစကီးက ”ဘုိင္ယန္ဆုိတာ ကၽြန္ေတာ့္အတြက္ေတာ့ အိမ္လုိပါပဲ။ ဒီကလပ္ရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္ခြင့့္ရတာကုိ အရမ္းဂုဏ္ယူမိပါတယ္။ ကၽြန္ေတာ္တုိ႔တစ္မိသားစုလံုးက ျမဴးနစ္ၿမိဳ႕မွာေပ်ာ္ရႊင္ေနၾကတာပါ။ လာမယ့္ႏွစ္အနည္းငယ္အတြင္း ကလပ္နဲ႔အတူ ေအာင္ျမင္မႈေတြရယူႏုိင္မယ္လုိ႔လည္းယံုၾကည္ထားပါတယ္။ ဘုိင္ယန္ဟာ ကမာၻ႔အေကာင္းဆံုး ၃ သင္းထဲမွာပါ၀င္ၿပီး အရမ္းကိုထူးခၽြန္တဲ့အသင္းအင္အားကိုပိုင္ဆိုင္ထားတာပါ”လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

(Unicode)

လီဝန်ဒေါစကီးကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ အဓိကတိုက်စစ်မှူးလီဝန်ဒေါစကီးကို လစာတိုးမြှင့်ပေးပြီး ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီလို့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ် လီဝန်ဒေါစကီးဟာ လွန်ခဲဲ့တဲဲ့ ၅ နှစ်က ပြည်တွင်းအဓိကပြိုင်ဘက် ဒေါ့မန်ကနေ ဘိုင်ယန်မြူးနစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၂၄၆ ပွဲမှာ ၁၉၇ ဂိုးသွင်းယူထားနိုင်ခဲဲ့ပါတယ်။ ဒီရာသီဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်အသင်း ၅ ဂိုးရရှိထားပြီး အဲဒီ ၅ ဂိုးစလုံးကို လီဝန်ဒေါစကီးတစ်ဦးတည်းကသာ သွင်းယူပေးထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအတွင်း ရစ်ဘာရီနဲ့ ရော်ဘင်တို့ထွက်ခွာသွားမှုအတွက် ဘိုင်ယန်မြူးနစ်တာဝန်ရှိသူတွေက အင်အားဖြည့်တင်းမှုမလုပ်တဲ့အပေါ် လီဝန်ဒေါစကီးက ဝေဖန်ခဲ့သေးပြီး အသင်းကထွက်ခွာနိုင်တယ်လို့လည်း ခန့်မှန်းသတင်းတွေထွက်ပေါ်ခဲ့သေးတာပါ။ ဒါပေမဲ့ ဘိုင်ယန်က ကော်တင်ဟိုနဲ့ ပါရီဆစ်တို့ကို တိုက်စစ်ပိုင်းအတွက်အားဖြည့်နိုင်ခဲ့ပြီး လီဝန်ဒေါစကီးကလည်း အသင်းရဲ့လုပ်ရပ်ကိုကြိုဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း လီဝန်ဒေါစကီးဟာ ၂၀၂၁ ခုနှစ်အထိ ဘိုင်ယန်နဲ့စာချုပ်သက်တမ်းရှိထားပေမယ့် နောက်ထပ် ၂ နှစ်သက်တမ်းတိုးခဲ့တာပါ။ သတင်းတွေအရတော့ လီဝန်ဒေါစကီးဟာ မူလက တစ်နှစ်လစာ ယူရို ၁၅ သန်းရရှိနေရာကနေ စာချုပ်သစ်အရ တစ်နှစ်ကို ယူရိုသန်း ၂၀ ရရှိမှာဖြစ်ပြီး ဒါဟာ ဘိုင်ယန်သမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံးလစာလို့လည်း ဆိုပါတယ်။

ကလပ်နဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ပြီးနောက် လီဝန်ဒေါစကီးက ”ဘိုင်ယန်ဆိုတာ ကျွန်တော့်အတွက်တော့ အိမ်လိုပါပဲ။ ဒီကလပ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခွင့့်ရတာကို အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့တစ်မိသားစုလုံးက မြူးနစ်မြို့မှာပျော်ရွှင်နေကြတာပါ။ လာမယ့်နှစ်အနည်းငယ်အတွင်း ကလပ်နဲ့အတူ အောင်မြင်မှုတွေရယူနိုင်မယ်လို့လည်းယုံကြည်ထားပါတယ်။ ဘိုင်ယန်ဟာ ကမ္ဘာ့အကောင်းဆုံး ၃ သင်းထဲမှာပါဝင်ပြီး အရမ်းကိုထူးချွန်တဲ့အသင်းအင်အားကိုပိုင်ဆိုင်ထားတာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။