လီဗာပူးကုိ ေျပာင္းေရႊ႕ခြင့္ရမယ့္အခြင့္အေရး ပီပီ ျငင္းဆန္ခဲ့ေၾကာင္း သတင္းထြက္

Photo Credit ; Getty Images

Photo Credit ; Getty Images

အာဆင္နယ္ကစားသမားသစ္ နီကိုလပ္စ္ပီပီဟာ လီဗာပူးအသင္းထံ ေျပာင္းေရႊ႕ခြင့္ရမယ့္အခြင့္အေရးကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းနဲ႔ အဓိကအခ်က္မွာ နည္းျပကေလာ့ပ္ရဲ႕လီဗာပူးအသင္းက ပုံမွန္ပြဲထြက္ခြင့္အတြက္ အာမခံခ်က္မေပးႏိုင္တာေၾကာင့္ျဖစ္ေၾကာင္း သတင္းေတြက ေရးသာေဖာ္ျပလ်က္ရွိပါတယ္။ အုိင္ဗရီကို႔စ္လက္ေရြးစင္ ပီပီဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က လုိင္လီအသင္းကေန အာဆင္နယ္အသင္းကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂သန္းနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လန္ဒန္အေျခစိုက္အသင္းနဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

Photo Credit ; Getty Images

Get French Football News ရဲ႕ေရးသားေဖာ္ျပခ်က္အရ အဆုိပါေတာင္ပံကစားသမားကို ေခၚယူဖုိ႔ လီဗာပူးကလည္း အျပင္းအထန္စိတ္၀င္စားခဲ့ေပမယ့္ အေျပာင္းအေရႊ႕ကေတာ့ ျဖစ္မလာခဲ့ဘူးလု႔ိ ေရးသားေဖာ္ျပခဲ့ပါတယ္။ လီဗာပူးအသင္းမွာ ညာေတာင္ပံတုိက္စစ္ကစားသမားအျဖစ္ ဆာလာက အထူးေျခစြမ္းျပသေနလုိ႔ ပီပီအေနနဲ႔ အန္ဖီးလ္အေျခစိုက္အသင္းကို ေျပာင္းေရႊ႕လာရင္ ပုံမွန္ပြဲထြက္ခြင့္ရဖုိ႔ ရာခုိင္ႏႈန္းနည္းသြားမွာလည္း ေသခ်ာပါတယ္။ အဲဒီအစား အာဆင္နယ္အသင္းမွာ ေတာင္ပံကစားသမားရွားပါးေနလုိ႔ အသင္းရဲ႕ပြဲထြက္စာရင္းမွာ ပုံမွန္ပါ၀င္ခြင့္ရလာႏိုင္ပါတယ္။

Photo Credit ; Getty Images

ပီပီဟာ ၿပီးခဲ့တဲ့ရာသီက လုိင္လီအသင္းနဲ႔အတူ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး လီဂူး-၁ မွာ ၃၈ပြဲကစား ၂၂ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၁ႀကိမ္အထိျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ ပီပီဟာ ယခုေႏြရာသီအတြင္း မာတင္နယ္လီ၊ ဆီဘယ္ေလာ့စ္နဲ႔ ဆာလီဘာတုိ႔ၿပီးေနာက္ အာဆင္နယ္အသင္းကို ေရာက္ရွိလာတဲ့စတုတၳေျမာက္ကစားသမားသစ္ျဖစ္လာၿပီး ေနာက္ခံလူ ဆာလီဘာကေတာ့ အသင္းေဟာင္း စိန္႔အက္တီယန္မွာ တစ္ရာသီအငွားနဲ႔ ျပန္ကစားရမွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ေနာက္ထပ္ကစားသမားသစ္ေတြ ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနၿပီး ဆဲလ္တစ္ဘယ္ေနာက္ခံလူ တီယာေနးကို ေခၚယူႏိုင္ဖို႔ မ်ားေနပါတယ္။

Photo Credit ; Getty Images

Unicode

လီဗာပူးကို ပြောင်းရွှေ့ခွင့်ရမယ့်အခွင့်အရေး ပီပီ ငြင်းဆန်ခဲ့ကြောင်း သတင်းထွက်

အာဆင်နယ်ကစားသမားသစ် နီကိုလပ်စ်ပီပီဟာ လီဗာပူးအသင်းထံ ပြောင်းရွှေ့ခွင့်ရမယ့်အခွင့်အရေးကို ငြင်းဆန်ပယ်ချခဲ့ကြောင်းနဲ့ အဓိကအချက်မှာ နည်းပြကလော့ပ်ရဲ့လီဗာပူးအသင်းက ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးနိုင်တာကြောင့်ဖြစ်ကြောင်း သတင်းတွေက ရေးသာဖော်ပြလျက်ရှိပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင် ပီပီဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က လိုင်လီအသင်းကနေ အာဆင်နယ်အသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လန်ဒန်အခြေစိုက်အသင်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
Get French Football News ရဲ့ရေးသားဖော်ပြချက်အရ အဆိုပါတောင်ပံကစားသမားကို ခေါ်ယူဖို့ လီဗာပူးကလည်း အပြင်းအထန်စိတ်ဝင်စားခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ ဖြစ်မလာခဲ့ဘူးလု့ိ ရေးသားဖော်ပြခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ညာတောင်ပံတိုက်စစ်ကစားသမားအဖြစ် ဆာလာက အထူးခြေစွမ်းပြသနေလို့ ပီပီအနေနဲ့ အန်ဖီးလ်အခြေစိုက်အသင်းကို ပြောင်းရွှေ့လာရင် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရာခိုင်နှုန်းနည်းသွားမှာလည်း သေချာပါတယ်။ အဲဒီအစား အာဆင်နယ်အသင်းမှာ တောင်ပံကစားသမားရှားပါးနေလို့ အသင်းရဲ့ပွဲထွက်စာရင်းမှာ ပုံမှန်ပါဝင်ခွင့်ရလာနိုင်ပါတယ်။
ပီပီဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းနဲ့အတူ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး လီဂူး-၁ မှာ ၃၈ပွဲကစား ၂၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ပီပီဟာ ယခုနွေရာသီအတွင်း မာတင်နယ်လီ၊ ဆီဘယ်လော့စ်နဲ့ ဆာလီဘာတို့ပြီးနောက် အာဆင်နယ်အသင်းကို ရောက်ရှိလာတဲ့စတုတ္ထမြောက်ကစားသမားသစ်ဖြစ်လာပြီး နောက်ခံလူ ဆာလီဘာကတော့ အသင်းဟောင်း စိန့်အက်တီယန်မှာ တစ်ရာသီအငှားနဲ့ ပြန်ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ထပ်ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ဆဲလ်တစ်ဘယ်နောက်ခံလူ တီယာနေးကို ခေါ်ယူနိုင်ဖို့ များနေပါတယ်။