လာမယ့္ႏွစ္မွာ ကစားသမားဘ၀ကနားႏိုင္တယ္လုိ႔ အရိပ္အျမြက္ဆိုလိုက္တဲ့စီေရာ္နယ္ဒို

photo-TVI

photo-TVI

အခုရာသီအကုန္မွာပဲ သူ႔ရဲ႕ႀကီးက်ယ္ခမ္းနားတဲ့ကစားသမားဘ၀ကို ျပည္ဖုံးကားခ်ႏိုင္တယ္လို႔ လက္ရွိကမာၻ႕အေကာင္းဆုံးကစားသမားေတြထဲကတစ္ေယာက္ျဖစ္တဲ့ စီေရာ္နယ္ဒိုက အရိပ္အျမြက္ေျပာၾကားလိုက္ပါတယ္။ ၃၄ ႏွစ္အရြယ္ စီေရာ္နယ္ဒိုဟာ မၾကာေသးခင္ကပဲ ဂ်ဴဗင္တပ္နဲ႔ တန္ဖိုးႀကီး ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိထားၿပီး အီတလီက သူ႔ရဲ႕ပထမဆုံးရာသီမွာပဲ ဂ်ဴဗင္တပ္ကို စီးရီးေအခ်န္ပီယံဆုရေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။ သူ႔အေနနဲ႔ အျမင့္ဆုံးအဆင့္မွာ  ေနာက္ႏွစ္မ်ားစြာတုိုင္ေအာင္ ဆက္လက္စြမ္းေဆာင္ႏိုင္စြမ္းရွိတယ္လို႔ ေျပာခဲ့ေပမယ့္ လာမယ့္ႏွစ္မွာ ကစားသမားဘ၀နားသြားႏိုင္တယ္ဆုိတာကိုေတာ့ ျငင္းပယ္ျခင္းမျပဳခဲ့ပါဘူး။

photo-TVI

”နားဖု႔ိအေၾကာင္းေတာ့ ကၽြန္ေတာ္မစဥ္းစားပါဘူး။ လာမယ့္ႏွစ္မွာ ကၽြန္ေတာ့္ကစားသမားဘ၀ကို အဆုံးသတ္တာလည္း ျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ အသက္ ၄၀၊ ၄၁ အထိကစားႏုိင္စြမး္လည္းရွိပါတယ္။ ဘယ္လုိျဖစ္မလဲ ကၽြန္ေတာ္မသိဘူး။ ကၽြန္ေတာ္အၿမဲတမ္းေျပာတာကေတာ့ ကစားေနတဲ့အခ်ိန္ေလးကို ေပ်ာ္ရႊင္ႏွစ္ၿခိဳက္ဖို႔ပါ။ ေပ်ာ္ေနသေလာက္ေတာ့ ကၽြန္ေတာ္ဆက္ကစားမွာပါ”လို႔ စီေရာ္နယ္ဒိုက ေပၚတူဂီရုပ္သံတစ္ခုကို ေျပာၾကားခဲ့တာပါ။

photo-AP

စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီစီးရီးေအမွာ ၂၁ ဂိုးနဲ႔ ဂ်ဴဗင္တပ္ရဲ႕ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ အခုဆိုရင္ အဲဒီမန္ယူနဲ႔ရီးရဲလ္ၾကယ္ပြင့္ေဟာင္းဟာ မတူညီတဲ့ႏိုင္ငံ ၃ ခုက အမွတ္ေပးခ်န္ပီယံဆုေတြကို ရယူႏိုင္ခဲ့ၿပီးပါၿပီ။ အဲဒီေပၚတူဂီသားဟာ ကလပ္မွာေရာ ႏိုင္ငံမွာပါ ေအာင္ျမင္မႈမာ်းစြာရရွိခဲ့ၿပီး တစ္ဦးခ်င္းအေနနဲ႔ ဂုဏ္သိကၡာႀကီးျမင့္တဲ့ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballond’Or ဆုကိုလည္း ၅ ႀကိမ္တိုင္ရရွိထားပါတယ္။ ဒါေၾကာင့္ သူက”ကၽြန္ေတာ့္ထက္ မွတ္တမ္းပိုေကာင္းတဲ့ေဘာလုံးသမားရွိတယ္လို႔ မထင္ပါဘူး”လုိ႔ ေပၚတူဂီရုပ္သံနဲ႔အင္တာဗ်ဴးမွာ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

[Unicode]

အခုရာသီအကုန်မှာပဲ သူ့ရဲ့ကြီးကျယ်ခမ်းနားတဲ့ကစားသမားဘဝကို ပြည်ဖုံးကားချနိုင်တယ်လို့ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုက အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ ၃၄ နှစ်အရွယ် စီရော်နယ်ဒိုဟာ မကြာသေးခင်ကပဲ ဂျူဗင်တပ်နဲ့ တန်ဖိုးကြီး ၄ နှစ်စာချုပ်ချုပ်ဆိုထားပြီး အီတလီက သူ့ရဲ့ပထမဆုံးရာသီမှာပဲ ဂျူဗင်တပ်ကို စီးရီးအေချန်ပီယံဆုရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ အမြင့်ဆုံးအဆင့်မှာ  နောက်နှစ်များစွာတိုင်အောင် ဆက်လက်စွမ်းဆောင်နိုင်စွမ်းရှိတယ်လို့ ပြောခဲ့ပေမယ့် လာမယ့်နှစ်မှာ ကစားသမားဘဝနားသွားနိုင်တယ်ဆိုတာကိုတော့ ငြင်းပယ်ခြင်းမပြုခဲ့ပါဘူး။

”နားဖု့ိအကြောင်းတော့ ကျွန်တော်မစဉ်းစားပါဘူး။ လာမယ့်နှစ်မှာ ကျွန်တော့်ကစားသမားဘဝကို အဆုံးသတ်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အသက် ၄၀၊ ၄၁ အထိကစားနိုင်စွမ်းလည်းရှိပါတယ်။ ဘယ်လိုဖြစ်မလဲ ကျွန်တော်မသိဘူး။ ကျွန်တော်အမြဲတမ်းပြောတာကတော့ ကစားနေတဲ့အချိန်လေးကို ပျော်ရွှင်နှစ်ခြိုက်ဖို့ပါ။ ပျော်နေသလောက်တော့ ကျွန်တော်ဆက်ကစားမှာပါ”လို့ စီရော်နယ်ဒိုက ပေါ်တူဂီရုပ်သံတစ်ခုကို ပြောကြားခဲ့တာပါ။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီစီးရီးအေမှာ ၂၁ ဂိုးနဲ့ ဂျူဗင်တပ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အဆုံးသတ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီမန်ယူနဲ့ရီးရဲလ်ကြယ်ပွင့်ဟောင်းဟာ မတူညီတဲ့နိုင်ငံ ၃ ခုက အမှတ်ပေးချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ပြီးပါပြီ။ အဲဒီပေါ်တူဂီသားဟာ ကလပ်မှာရော နိုင်ငံမှာပါ အောင်မြင်မှုမာျးစွာရရှိခဲ့ပြီး တစ်ဦးချင်းအနေနဲ့ ဂုဏ်သိက္ခာကြီးမြင့်တဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballond’Or ဆုကိုလည်း ၅ ကြိမ်တိုင်ရရှိထားပါတယ်။ ဒါကြောင့် သူက”ကျွန်တော့်ထက် မှတ်တမ်းပိုကောင်းတဲ့ဘောလုံးသမားရှိတယ်လို့ မထင်ပါဘူး”လို့ ပေါ်တူဂီရုပ်သံနဲ့အင်တာဗျူးမှာ ဆက်လက်ပြောကြားခဲ့ပါတယ်။