လန္ဒန္ေျမာက္ပိုင္းမွာ စပါးကို ပထမဆုံးအ႐ံႈးနဲ႔ရင္ဆုိင္ေစရင္း သူကုိယ္တိုင္ပထမဆုံးႏိုင္ပြဲ ဖန္တီးသြားတဲ့ နယူးကာဆယ္

Photo Credit

Photo Credit

နယူးကာဆယ္အတြက္ေတာ့ ဒီပြဲက ပထမဆုံးေတြနဲ႔အျပည့္ျဖစ္ခဲ့ပါတယ္။ အဓိကတုိက္စစ္မွဴး ဂ်ိဳးလင္တန္က ပထမဆုံးပရီးမီးယားလိဂ္သြင္းဂုိးရရိွခဲ့ၿပီး နယူးကာဆယ္က ယခုရာသီပထမဆုံးရမွတ္၊ ပထမဆုံးႏုိင္ပြဲ ဖန္တီးႏိုင္ခဲ့တဲ့အျပင္ စတိဗ္ဘ႐ုစ္အတြက္လည္း နယူးကာဆယ္နည္းျပဘ၀ ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲျဖစ္လာပါတယ္။

Photo Credit

ၿပီးေတာ့ ဒီပဲြက စပါးအသင္းအတြက္လည္း ယခုရာသီ ပထမဆုံး႐ံႈးပြဲလည္းျဖစ္သြားပါတယ္။ ဘ႐ုစ္ဟာ အဖြင့္ပြဲမွာ အာဆင္နယ္ကို အိမ္ကြင္းမွာ ၀-၁ ဂိုး၊ ပြဲစဥ္ ၂မွာ တန္းတက္ေနာ၀စ္ခ်္ကို အေ၀းကြင္းမွာ ၃-၁ ဂိုးရလဒ္ေတြနဲ႔ အသီးသီးအေရးနိမ့္ခဲ့ရၿပီးေနာက္ ဘင္နီတက္ဇ္ေခတ္လြန္ အျပင္းထန္ဆုံးေသာေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရေပမယ့္ ဒီပြဲမွာေတာ့ အေကာင္းဆုံးစြမ္းေဆာင္ရည္နဲ႔အတူ ခ်န္ပီယံဆုစိန္ေခၚဖို႔ ရည္မွန္းထားတဲ့စပါးကို ၀-၁ ဂိုးနဲ႔အႏိုင္ရရွိခဲ့တာပါ။

Photo Credit

စပါးဟာ အဖြင့္ပြဲစဥ္အျဖစ္ ဗီလာနဲ႔ပြဲမွာ အခုလုိေနာက္ကေန လုိက္ကစားၿပီး ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ ဒီပြဲမွာေတာ့ ျပန္မလာႏိုင္ေတာ့ဘဲ ပင္နယ္တီဧရိယာအတြင္း စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းကို နယူးကာဆယ္ေနာက္ခံလူ လက္စ္ဆယ္လက္စ္ ဟန္႔တားသလုိျဖစ္ခဲ့တာကို ပင္နယ္တီမေပးခဲ့တာကေတာ့ စပါးပရိသတ္ေတြအတြက္ ေဒါသထြက္စရာျဖစ္ခဲ့ပါတယ္။

Photo Credit

စပါးခံစစ္က ဒီပြဲမွာ ေျပာစရာျဖစ္ခဲ့ၿပီး ဂ်ိဳးလင္တန္အႏိုင္ဂိုးမသြင္းခင္ ကြင္းလယ္လူေလာင္းစတပ္ဖ္ရဲ႕ကန္သြင္းခ်က္ကို စပါးဂုိးသမား လုိရစ္ ပုတ္ထုတ္ခဲ့ရပါတယ္။

Photo Credit

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ နယူးကာဆယ္အသင္း အႏုိင္ဂုိးရရွိသြားခဲ့ၿပီး အက္ဆုရဲ႕အေ၀းေဘာေပးမႈကေန ပင္နယ္တီဧရိယာအတြင္း တစ္ေယာက္တည္းရွိေနတဲ့ တုိက္စစ္မွဴး ဂ်ိဳးလင္တန္က တစ္ခ်က္ထိန္းကာ ဘယ္ေျခနဲ႔ ကန္သြင္းသြားတာျဖစ္ပါတယ္။

Photo Credit

စပါးကလည္း ခ်က္ခ်င္းဆုိသလို တုိက္စစ္ဆင္ႏိုင္ခဲ့ၿပီး ဆြန္ေဟာင္မင္းရဲ႕ကန္သြင္းခ်က္ကို နယူးကာဆယ္ဂိုးသမား ကာကြယ္ခဲ့ရၿပီး ေနာက္တစ္ႀကိမ္ကန္သြင္းခ်က္က ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားသလုိ လူးကပ္စ္မိုရာလည္း အခြင့္အေရးျဖဳန္းတီးခဲ့ပါတယ္။

Photo Credit

Unicode

လန်ဒန်မြောက်ပိုင်းမှာ စပါးကို ပထမဆုံးအရှုံးနဲ့ရင်ဆိုင်စေရင်း သူကိုယ်တိုင်ပထမဆုံးနိုင်ပွဲ ဖန်တီးသွားတဲ့ နယူးကာဆယ်

နယူးကာဆယ်အတွက်တော့ ဒီပွဲက ပထမဆုံးတွေနဲ့အပြည့်ဖြစ်ခဲ့ပါတယ်။ အဓိကတိုက်စစ်မှူး ဂျိုးလင်တန်က ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးရရှိခဲ့ပြီး နယူးကာဆယ်က ယခုရာသီပထမဆုံးရမှတ်၊ ပထမဆုံးနိုင်ပွဲ ဖန်တီးနိုင်ခဲ့တဲ့အပြင် စတိဗ်ဘရုစ်အတွက်လည်း နယူးကာဆယ်နည်းပြဘ၀ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲဖြစ်လာပါတယ်။
ပြီးတော့ ဒီပွဲက စပါးအသင်းအတွက်လည်း ယခုရာသီ ပထမဆုံးရှုံးပွဲလည်းဖြစ်သွားပါတယ်။ ဘရုစ်ဟာ အဖွင့်ပွဲမှာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဝ-၁ ဂိုး၊ ပွဲစဉ် ၂မှာ တန်းတက်နောဝစ်ချ်ကို အဝေးကွင်းမှာ ၃-၁ ဂိုးရလဒ်တွေနဲ့ အသီးသီးအရေးနိမ့်ခဲ့ရပြီးနောက် ဘင်နီတက်ဇ်ခေတ်လွန် အပြင်းထန်ဆုံးသောဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒီပွဲမှာတော့ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ ချန်ပီယံဆုစိန်ခေါ်ဖို့ ရည်မှန်းထားတဲ့စပါးကို ဝ-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။
စပါးဟာ အဖွင့်ပွဲစဉ်အဖြစ် ဗီလာနဲ့ပွဲမှာ အခုလိုနောက်ကနေ လိုက်ကစားပြီး ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာတော့ ပြန်မလာနိုင်တော့ဘဲ ပင်နယ်တီဧရိယာအတွင်း စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို နယူးကာဆယ်နောက်ခံလူ လက်စ်ဆယ်လက်စ် ဟန့်တားသလိုဖြစ်ခဲ့တာကို ပင်နယ်တီမပေးခဲ့တာကတော့ စပါးပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။
စပါးခံစစ်က ဒီပွဲမှာ ပြောစရာဖြစ်ခဲ့ပြီး ဂျိုးလင်တန်အနိုင်ဂိုးမသွင်းခင် ကွင်းလယ်လူလောင်းစတပ်ဖ်ရဲ့ကန်သွင်းချက်ကို စပါးဂိုးသမား လိုရစ် ပုတ်ထုတ်ခဲ့ရပါတယ်။
ပွဲချိန် ၂၇ မိနစ်မှာတော့ နယူးကာဆယ်အသင်း အနိုင်ဂိုးရရှိသွားခဲ့ပြီး အက်ဆုရဲ့အဝေးဘောပေးမှုကနေ ပင်နယ်တီဧရိယာအတွင်း တစ်ယောက်တည်းရှိနေတဲ့ တိုက်စစ်မှူး ဂျိုးလင်တန်က တစ်ချက်ထိန်းကာ ဘယ်ခြေနဲ့ ကန်သွင်းသွားတာဖြစ်ပါတယ်။
စပါးကလည်း ချက်ချင်းဆိုသလို တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဆွန်ဟောင်မင်းရဲ့ကန်သွင်းချက်ကို နယူးကာဆယ်ဂိုးသမား ကာကွယ်ခဲ့ရပြီး နောက်တစ်ကြိမ်ကန်သွင်းချက်က ဂိုးပေါက်နဲ့လွဲချော်သွားသလို လူးကပ်စ်မိုရာလည်း အခွင့်အရေးဖြုန်းတီးခဲ့ပါတယ်။