ရီးရဲလ္ကိုႏိုင္လို႔ ရိုးမားရခဲ့တာက သစ္ပင္တုတစ္ပင္သာ

photo-roma

photo-twitter

ရိုးမားဟာ တနဂၤေႏြညက Mabel Green Cup မွာ ရီးရဲလ္မက္ဒရစ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရၿပီး ကိုးရို႕ကားယားႏိုင္တဲ့ဖလားတစ္ခုကို ရရွိသြားခဲ့ပါတယ္။ အဲဒီပြဲက ပင္နယ္တီအဆုံးအျဖတ္မွာ ရီးရဲလ္ေနာက္ခံလူမာဆယ္လိုရဲ႕လြဲေခ်ာ္မႈေၾကာင့္ ရိုးမားအသင္းေခါင္းေဆာင္ဖလုိရန္ဇီဟာ သစ္ပင္တစ္ပင္ပုံစံဆုဖလားတစ္ခုကို ကိုင္ေျမွာက္ခြင့္ရခဲ့တာပါ။

photo-AP

ဒီအတြက္လည္း ရိုမားအသင္းရဲ႕တရား၀င္ Twitter စာမ်က္ႏွာက ေနာက္ေျပာင္တဲ့ပုံစံမ်ိဳး ပို႔တစ္ခုတင္ခဲ့ပါတယ္။ ‘သူတို႔အားလုံးႏိုင္ခ်င္ေနၾကတဲ့တစ္ခု’ ဆုိတဲ့စာသားပါ။ ဟုတ္လည္း ဟုတ္ပါတယ္။ ရီးရဲလ္ကိုႏိုင္လုိ႔ ရိုးမားရခဲ့တာက သစ္ပင္တုတစ္ပင္သာ မဟုတ္လား။ တကယ္ေတာ့ ရိုးမားနဲ႔ရီးရဲလ္တို႔ဟာ ပုဂၢလိကရင္းႏွီးျမွပ္ႏွံမႈကုမၸဏီျဖစ္တဲ့ Mabel Capital ကစီစဥ္က်င္းပတဲ့ ရာသီႀကိဳၿပိဳင္ပြဲျဖစ္တဲ့ ပထမဆုံးအႀကိမ္ Mabel Green Cup မွာ ယွဥ္ၿပိဳင္ခဲ့ၾကတာပါ။ ဒီေျခစမ္းပြဲရဲ႕ရည္ရြယ္ခ်က္ကေတာ့ ကမာၻႀကီးကိုကာကြယ္ေစာင့္ေရွာက္ႏိုင္ေရးအတြက္ ပတ္၀န္းက်င္ဆုိင္ရာအသိေပးႏႈိးေဆာင္တာျဖစ္ပါတယ္။

photo-reuters

အဲဒီပြဲမွာ ရိုးမားနဲ႔ရီးရဲလ္တုိ႔ဟာ သာမန္ပြဲခ်ိန္မိနစ္ ၉၀ အတြင္း ၂-၂ သေရက်ေနခဲ့ပါတယ္။ အႏိုင္အရႈံးအတြက္ ပင္နယ္တီအဆုံးအျဖတ္တန္းယူရာမွာေတာ့ ရိုးမားဘက္က ၅ လုံးစလုံး၀င္ခဲ့ေပမယ့္ ရီးရဲလ္ဘက္က ေနာက္ဆုံးကန္သြင္းရတဲ့မာဆယ္လုိလြဲေခာ်္ခဲ့လို႔ ရိုးမားက အႏိုင္ရဗုိလ္စြဲသြားခဲ့တာပါ။ ေနာက္ဆုံးမွာ ရိုးမားဟာ သစ္ပင္တုတစ္ပင္ရရွိသြားခဲ့တယ္ေပါ့။

[Unicode]

ရိုးမားဟာ တနင်္ဂနွေညက Mabel Green Cup မှာ ရီးရဲလ်မက်ဒရစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရပြီး ကိုးရို့ကားယားနိုင်တဲ့ဖလားတစ်ခုကို ရရှိသွားခဲ့ပါတယ်။ အဲဒီပွဲက ပင်နယ်တီအဆုံးအဖြတ်မှာ ရီးရဲလ်နောက်ခံလူမာဆယ်လိုရဲ့လွဲချော်မှုကြောင့် ရိုးမားအသင်းခေါင်းဆောင်ဖလိုရန်ဇီဟာ သစ်ပင်တစ်ပင်ပုံစံဆုဖလားတစ်ခုကို ကိုင်မြှောက်ခွင့်ရခဲ့တာပါ။

ဒီအတွက်လည်း ရိုမားအသင်းရဲ့တရားဝင် Twitter စာမျက်နှာက နောက်ပြောင်တဲ့ပုံစံမျိုး ပို့တစ်ခုတင်ခဲ့ပါတယ်။ ‘သူတို့အားလုံးနိုင်ချင်နေကြတဲ့တစ်ခု’ ဆိုတဲ့စာသားပါ။ ဟုတ်လည်း ဟုတ်ပါတယ်။ ရီးရဲလ်ကိုနိုင်လို့ ရိုးမားရခဲ့တာက သစ်ပင်တုတစ်ပင်သာ မဟုတ်လား။ တကယ်တော့ ရိုးမားနဲ့ရီးရဲလ်တို့ဟာ ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုကုမ္ပဏီဖြစ်တဲ့ Mabel Capital ကစီစဉ်ကျင်းပတဲ့ ရာသီကြိုပြိုင်ပွဲဖြစ်တဲ့ ပထမဆုံးအကြိမ် Mabel Green Cup မှာ ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒီခြေစမ်းပွဲရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးကိုကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာအသိပေးနှိုးဆောင်တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ရိုးမားနဲ့ရီးရဲလ်တို့ဟာ သာမန်ပွဲချိန်မိနစ် ၉၀ အတွင်း ၂-၂ သရေကျနေခဲ့ပါတယ်။ အနိုင်အရှုံးအတွက် ပင်နယ်တီအဆုံးအဖြတ်တန်းယူရာမှာတော့ ရိုးမားဘက်က ၅ လုံးစလုံးဝင်ခဲ့ပေမယ့် ရီးရဲလ်ဘက်က နောက်ဆုံးကန်သွင်းရတဲ့မာဆယ်လိုလွဲခောျ်ခဲ့လို့ ရိုးမားက အနိုင်ရဗိုလ်စွဲသွားခဲ့တာပါ။ နောက်ဆုံးမှာ ရိုးမားဟာ သစ်ပင်တုတစ်ပင်ရရှိသွားခဲ့တယ်ပေါ့။