ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ေနေပမယ့္ ခံစစ္က ပြဲတုိင္းဂိုးေပးထားရတ့ဲလီဗာပူး

Photo Credit

Photo Credit

ၿပီးခဲ့တဲ့ရာသီက မန္စီးတီးကို ေနာက္ဆုံးအခ်ိန္အထိ ဖိအားေပးႏိုင္ခဲ့တဲ့လီဗာပူးဟာ ဒီပြဲမွာလည္း ေဆာက္သမ္တန္ကို အေ၀းကြင္းမွာ အႏိုင္ယူကာ စီးတီးနဲ႔စပါး ထိပ္တုိက္ေတြ႕ဆုံမႈကို အခြင့္ေကာင္းယူႏိုင္ခဲ့ေပမယ့္ ဂိုးသမားအက္ဒရီယန္ရဲ႕မမွားသင့္တဲ့အမွားကေန ေခ်ပဂိုးေပးလုိက္ရလုိ႔ ပြဲတုိင္းဂိုးေပးထားရတဲ့စံခ်ိန္လည္း ဆက္လက္တည္ၿမဲသြားခဲ့ရပါတယ္။

Photo Credit

ၾကားရက္အတြင္း ခ်ဲလ္ဆီးကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏုိင္ယူကာ လီဗာပူးအသင္း ဥေရာပစူပါဖလားခ်န္ပီယံျဖစ္ခဲ့ရာမွာ အဆုံးအျဖတ္ပင္နယ္တီကန္သြင္းယူမႈကို ကာကြယ္ႏိုင္ခဲ့လုိ႔ သူရဲေကာင္းျဖစ္လာတဲ့ဂိုးသမား အက္ဒရီယန္ဟာ ဒီပြဲမွာေတာ့ ဘာဖိအားမွမရွိတဲ့အေျခအေနမွာ ဗန္ဒုိက္ ေနာက္ျပန္ေပးလုိက္တာကို တစ္ခ်က္ထိန္းကာ လူေပးလုိက္တာ လုံး၀မွားသြားၿပီး တုိက္စစ္မွဴးေဟာင္း ဒန္နီအင့္စ္နဲ႔ ထိကာ ဂိုးထဲ ၀င္သြားခဲ့တာပါ။

Photo Credit

လီဗာပူးဟာ ဗုဒၶဟူးေန႔မွာ ခ်ဲလ္ဆီးနဲ႔ အားကုန္႐ုန္းကစားခ့ဲရလုိ႔ ဒီပြဲရဲ႕အေစာပိုင္းေတြမွာ ပြဲပန္းသလုိျဖစ္ေနၿပီး ပုံမွန္ေျခစြမ္းေအာက္ ေရာက္ခဲ့ရေပမယ့္ မာေနးရဲ႕သြင္းဂိုးက အသင္းကို အသက္႐ွဴေခ်ာင္သြားေစခဲ့ၿပီး ဒုတိယပိုင္းမွာ ပဲြကို သက္ေသာင့္သက္သာကစားေစႏိုင္ခဲ့ပါတယ္။

Photo Credit

ပြဲအစမွာေတာ့ အိမ္ရွင္အသင္း ပိုမိုဖိအားေပးကစားႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ယိုရွီဒါ အပိုင္ေခါင္းတုိက္ခဲ့ေပမယ့္ လီဗာပူးဂိုးသမား အက္ဒရီယန္ ကာကြယ္ႏိုင္ခဲ့သလို ႐ိုမီယူရဲ႕ေထာင့္ျဖတ္ေဘာကေန အဒမ္ ေခါင္းတုိက္သြင္းယူခဲ့ေပမယ့္ ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ပထမပိုင္းၿပီးခါနီးမွာေတာ့ ေဆာက္သမ္တန္တုိက္စစ္မွဴးေဟာင္း မာေနးက ဂိုးဧရိယာထဲကေန ဂိုးသမားရဲ႕ဘယ္ဘက္အေပၚေထာင့္ထဲ လွလွပပအျပင္းကန္သြင္းယူႏိုင္ခဲ့လုိ႔ လီဗာပူးအသင္း ဦးေဆာင္ဂိုးရရွိခဲ့ၿပီး ဒီဂုိးကပဲ အသင္းသားေတြကို ယုံၾကည္မႈေပးစြမ္းႏုိင္ခဲ့ပါတယ္။

Photo Credit

ပြဲခ်ိန္ ၅၆ မိနစ္မွာ ဆာလာ ဘယ္ေျခနဲ႔ အပိုင္ကန္သြင္းတာကို ေဆာက္သမ္တန္ဂိုးသမား ေျခေထာက္နဲ႔တားဆီးႏိုင္ခဲ့သလို ေနာက္ ၉မိနစ္အၾကာမွာ မာေနးရဲ႕ေပးပို႔မႈကေန ဖာမီႏို အေ၀းတုိင္ေထာင့္ထဲ ကန္သြင္းတာလည္း ဂိုးေပါက္နဲ႔ကပ္လြဲသြားပါတယ္။

Photo Credit

ဒါေပမဲ့ ပြဲခ်ိန္ ၇၁မိနစ္မွာေတာ့ အိမ္ရွင္ေနာက္ခံလူေတြရဲ႕အမွားကေန ရသြားတဲ့ဖာမီႏိုက အနိမ့္ေဘာကန္သြင္းယူႏိုင္ခဲ့လုိ႔ လီဗာပူးအသင္း ဒုတိယေျမာက္ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ေနာက္ပိုင္းမွာ မာေနးနဲ႔ ေရာဘတ္ဆန္တုိ႔ရဲ႕ကန္သြင္းခ်က္ေတြကို အိမ္ရွင္ဂိုးသမား ကာကြယ္ႏိုင္ခဲ့ပါတယ္။

Photo Credit

ပြဲခ်ိန္ ၈၃မိနစ္မွာ အက္ဒရီယန္ရဲ႕အမွားကေန ေဆာက္သမ္တန္က ေခ်ပဂိုးတစ္ဂိုးရရွိသြားေပမယ့္ လီဗာပူးက ပြဲကို ထိန္းကစားကာ အဖုိးတန္အႏိုင္ ၃မွတ္ရယူသြားႏုိင္ခဲ့ပါတယ္။ လီဗာပူးအေနနဲ႔ ပရီးမီးယားလိဂ္ ၁၁ပြဲဆက္အႏိုင္ရတဲ့မွတ္တမ္းကို လုိက္မီႏိုင္ခဲ့တာျဖစ္ၿပီး ယခင္တုန္းက ၂၀၁၄ ခုႏွစ္မွာ နည္းျပေဟာင္း ေရာ့ဂ်ာလက္ထက္က တင္ထားခဲ့တာျဖစ္ပါတယ္။

Photo Credit

Unicode

ရာနှုန်းပြည့်နိုင်ပွဲဆက်နေပေမယ့် ခံစစ်က ပွဲတိုင်းဂိုးပေးထားရတဲ့လီဗာပူး

ပြီးခဲ့တဲ့ရာသီက မန်စီးတီးကို နောက်ဆုံးအချိန်အထိ ဖိအားပေးနိုင်ခဲ့တဲ့လီဗာပူးဟာ ဒီပွဲမှာလည်း ဆောက်သမ်တန်ကို အဝေးကွင်းမှာ အနိုင်ယူကာ စီးတီးနဲ့စပါး ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်ကောင်းယူနိုင်ခဲ့ပေမယ့် ဂိုးသမားအက်ဒရီယန်ရဲ့မမှားသင့်တဲ့အမှားကနေ ချေပဂိုးပေးလိုက်ရလို့ ပွဲတိုင်းဂိုးပေးထားရတဲ့စံချိန်လည်း ဆက်လက်တည်မြဲသွားခဲ့ရပါတယ်။
ကြားရက်အတွင်း ချဲလ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူကာ လီဗာပူးအသင်း ဥရောပစူပါဖလားချန်ပီယံဖြစ်ခဲ့ရာမှာ အဆုံးအဖြတ်ပင်နယ်တီကန်သွင်းယူမှုကို ကာကွယ်နိုင်ခဲ့လို့ သူရဲကောင်းဖြစ်လာတဲ့ဂိုးသမား အက်ဒရီယန်ဟာ ဒီပွဲမှာတော့ ဘာဖိအားမှမရှိတဲ့အခြေအနေမှာ ဗန်ဒိုက် နောက်ပြန်ပေးလိုက်တာကို တစ်ချက်ထိန်းကာ လူပေးလိုက်တာ လုံးဝမှားသွားပြီး တိုက်စစ်မှူးဟောင်း ဒန်နီအင့်စ်နဲ့ ထိကာ ဂိုးထဲ ဝင်သွားခဲ့တာပါ။
လီဗာပူးဟာ ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးနဲ့ အားကုန်ရုန်းကစားခဲ့ရလို့ ဒီပွဲရဲ့အစောပိုင်းတွေမှာ ပွဲပန်းသလိုဖြစ်နေပြီး ပုံမှန်ခြေစွမ်းအောက် ရောက်ခဲ့ရပေမယ့် မာနေးရဲ့သွင်းဂိုးက အသင်းကို အသက်ရှူချောင်သွားစေခဲ့ပြီး ဒုတိယပိုင်းမှာ ပွဲကို သက်သောင့်သက်သာကစားစေနိုင်ခဲ့ပါတယ်။
ပွဲအစမှာတော့ အိမ်ရှင်အသင်း ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ နောက်ခံလူ ယိုရှီဒါ အပိုင်ခေါင်းတိုက်ခဲ့ပေမယ့် လီဗာပူးဂိုးသမား အက်ဒရီယန် ကာကွယ်နိုင်ခဲ့သလို ရိုမီယူရဲ့ထောင့်ဖြတ်ဘောကနေ အဒမ် ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်။
ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာတော့ ဆောက်သမ်တန်တိုက်စစ်မှူးဟောင်း မာနေးက ဂိုးဧရိယာထဲကနေ ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ လှလှပပအပြင်းကန်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒီဂိုးကပဲ အသင်းသားတွေကို ယုံကြည်မှုပေးစွမ်းနိုင်ခဲ့ပါတယ်။
ပွဲချိန် ၅၆ မိနစ်မှာ ဆာလာ ဘယ်ခြေနဲ့ အပိုင်ကန်သွင်းတာကို ဆောက်သမ်တန်ဂိုးသမား ခြေထောက်နဲ့တားဆီးနိုင်ခဲ့သလို နောက် ၉မိနစ်အကြာမှာ မာနေးရဲ့ပေးပို့မှုကနေ ဖာမီနို အဝေးတိုင်ထောင့်ထဲ ကန်သွင်းတာလည်း ဂိုးပေါက်နဲ့ကပ်လွဲသွားပါတယ်။
ဒါပေမဲ့ ပွဲချိန် ၇၁မိနစ်မှာတော့ အိမ်ရှင်နောက်ခံလူတွေရဲ့အမှားကနေ ရသွားတဲ့ဖာမီနိုက အနိမ့်ဘောကန်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း ဒုတိယမြောက်ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး နောက်ပိုင်းမှာ မာနေးနဲ့ ရောဘတ်ဆန်တို့ရဲ့ကန်သွင်းချက်တွေကို အိမ်ရှင်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၈၃မိနစ်မှာ အက်ဒရီယန်ရဲ့အမှားကနေ ဆောက်သမ်တန်က ချေပဂိုးတစ်ဂိုးရရှိသွားပေမယ့် လီဗာပူးက ပွဲကို ထိန်းကစားကာ အဖိုးတန်အနိုင် ၃မှတ်ရယူသွားနိုင်ခဲ့ပါတယ်။ လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ် ၁၁ပွဲဆက်အနိုင်ရတဲ့မှတ်တမ်းကို လိုက်မီနိုင်ခဲ့တာဖြစ်ပြီး ယခင်တုန်းက ၂၀၁၄ ခုနှစ်မှာ နည်းပြဟောင်း ရော့ဂျာလက်ထက်က တင်ထားခဲ့တာဖြစ်ပါတယ်။