ရက္ရွ္ဖုိ႔ဒ္နဲ႔ သူ႕ၾကားက ဂိုးသြင္းၿပိဳင္ပြဲအေၾကာင္းကို ထုတ္ေဖာ္၀န္ခံလုိက္တဲ့ မာရွယ္

Photo Credit: Sky
Photo Credit: Getty Images

မန္ယူအသင္းတုိက္စစ္မွဴးမာရွယ္က သူနဲ႔ ကစားေဖာ္ရက္ရွ္ဖုိ႔ဒ္ၾကားမွာရွိေနတဲ့ ဂိုးသြင္းစြမ္းရည္ၿပိဳင္ဆုိင္မႈအေၾကာင္းကို ထုတ္ေဖာ္၀န္ခံလုိက္ၿပီး အဲဒီလို သူတုိ႔ႏွစ္ဦးရဲ႕ၿပိဳင္ဆုိင္မႈေၾကာင့္ပဲ ၿပိဳင္ဘက္ခံစစ္ေတြကိုၿပိဳကြဲေအာင္ ပိုၿပီးလုပ္ေဆာင္ႏုိင္မွာျဖစ္တယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။

Photo Credit: Getty Images

ၿပီီးခဲဲ့တဲ့ရာသီက ဆုိးလ္ရွားစတင္ကိုင္တြယ္ၿပီးေနာက္ ရက္ရွ္ဖုိ႔ဒ္ကိုသာ အေထာင္တုိက္စစ္မွဴးအျဖစ္ ဦးစားေပးပြဲထုတ္ကာ မာရွယ္ကေတာ့ ဘယ္ေတာင္ပံဘက္ကိုထြက္ကစားရေလ့ရွိခဲ့ပါတယ္။ ဒါေပမဲ့ ဒီရာသီမွာေတာ့ ဆုိးလ္ရွားက မာရွယ္ကို ေက်ာနံပါတ္ ၉ ေပးအပ္ကာ အေထာင္တုိက္စစ္မွဴးအျဖစ္တာ၀န္ေပးခဲ့ၿပီး ရက္ရွ္ဖုိ႔ဒ္ကေတာ့ ဘယ္ေတာင္ပံတုိက္စစ္မွဴးအျဖစ္ပါ၀င္ကစားေနရပါတယ္။

Photo Credit: Getty Images

ကစားသမားႏွစ္ဦးစလံုးက အသက္အရြယ္မတိမ္းမယိမ္းျဖစ္သလုိ ကစားပံုခ်င္းကလည္း ေတာ္ေတာ္ေလးကိုဆင္တူတဲဲ့အျပင္ ရက္ရွ္ဖုိ႔ဒ္ေရာ၊ မာရွယ္ပါ အေထာင္တုိက္စစ္မွဴးအျဖစ္သာ ပိုၿပီးကစားလိုၾကတာပါ။ ဒါနဲ႔ပတ္သက္ၿပီး မာရွယ္က ေလ့က်င့္ေရးကြင္းမွာဆုိရင္ ရက္ရွ္ဖုိ႔ဒ္နဲ႔ ဂိုးသြင္းၿပိဳင္ေလ့ရွိေၾကာင္း၊ အေထာင္တုိက္စစ္မွဴးေနရာကုိ ပြဲခ်ိန္အတြင္း ရက္ရွ္ဖုိ႔ဒ္နဲ႔ အလွည့္အေျပာင္းလုပ္ကစားေလ့ရွိၿပီး အဲဒီအတြက္လည္း စိတ္အေႏွာင့္အယွက္မျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Photo Credit: Getty Images

”ေလ့က်င့္ေရးကြင္းမွာ ကၽြန္ေတာ္တုိ႔ရဲ႕ ဂိုးသြင္းၿပိဳင္ပြဲရွိပါတယ္။ ဘယ္သူက အေကာင္းဆံုး အဆံုးသတ္ႏုိင္မလဲ၊ ဂိုးေတြပိုသြင္းႏုိင္မလဲဲဆုိတာမ်ဳိးေပါ့။ တစ္ခါတေလ သူႏုိင္ၿပီး တစ္ခါတေလ ကၽြန္ေတာ္ႏုိင္ပါတယ္။ ရက္ရွ္ဖုိ႔ဒ္ကလည္း ကၽြန္ေတာ့္လုိပဲဲ တုိက္စစ္အလယ္မွာပဲကစားခ်င္တာပါ။ ကၽြန္ေတာ္ဘက္ကေတာ့ ေနာက္ခ်န္ကစားရတာ၊ အစြန္ထြက္ကစားရတာမ်ဳိးေတြက ကိစၥမရွိပါဘူး။ ပြဲခ်ိန္အတြင္းမွာလည္း ကၽြန္ေတာ္တုိ႔အလွည့္အေျပာင္းလုပ္ကစားတာပါပဲ။ ရက္ရွ္ဖုိ႔ဒ္က အေထာင္တုိက္စစ္ေနရာကို မၾကာခဏေရာက္သြားၿပီး ဦးေဆာင္ကစားတဲ့အေပၚကိုလည္း ကၽြန္ေတာ္စိတ္အေႏွာင့္အယွက္မျဖစ္ပါဘူး။ ဒါေတြက ၿပိဳင္ဘက္ခံံစစ္ေတြၿပိဳကြဲေအာင္ ပိုၿပီးအကူအညီေပးႏုိင္ပါတယ္။ တစ္ရာသီလံုး ဒီထက္ပိုၿပီးစြမ္းေဆာင္ႏုိင္မယ္လုိ႔လည္း ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္”လုိ႔ မာရွယ္က ဆုိပါတယ္။

(Unicode)

ရက်ရှ်ဖို့ဒ်နဲ့ သူ့ကြားက ဂိုးသွင်းပြိုင်ပွဲအကြောင်းကို ထုတ်ဖော်ဝန်ခံလိုက်တဲ့ မာရှယ်

မန်ယူအသင်းတိုက်စစ်မှူးမာရှယ်က သူနဲ့ ကစားဖော်ရက်ရှ်ဖို့ဒ်ကြားမှာရှိနေတဲ့ ဂိုးသွင်းစွမ်းရည်ပြိုင်ဆိုင်မှုအကြောင်းကို ထုတ်ဖော်ဝန်ခံလိုက်ပြီး အဲဒီလို သူတို့နှစ်ဦးရဲ့ပြိုင်ဆိုင်မှုကြောင့်ပဲ ပြိုင်ဘက်ခံစစ်တွေကိုပြိုကွဲအောင် ပိုပြီးလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ပြီီးခဲဲ့တဲ့ရာသီက ဆိုးလ်ရှားစတင်ကိုင်တွယ်ပြီးနောက် ရက်ရှ်ဖို့ဒ်ကိုသာ အထောင်တိုက်စစ်မှူးအဖြစ် ဦးစားပေးပွဲထုတ်ကာ မာရှယ်ကတော့ ဘယ်တောင်ပံဘက်ကိုထွက်ကစားရလေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ဆိုးလ်ရှားက မာရှယ်ကို ကျောနံပါတ် ၉ ပေးအပ်ကာ အထောင်တိုက်စစ်မှူးအဖြစ်တာဝန်ပေးခဲ့ပြီး ရက်ရှ်ဖို့ဒ်ကတော့ ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ်ပါဝင်ကစားနေရပါတယ်။

ကစားသမားနှစ်ဦးစလုံးက အသက်အရွယ်မတိမ်းမယိမ်းဖြစ်သလို ကစားပုံချင်းကလည်း တော်တော်လေးကိုဆင်တူတဲဲ့အပြင် ရက်ရှ်ဖို့ဒ်ရော၊ မာရှယ်ပါ အထောင်တိုက်စစ်မှူးအဖြစ်သာ ပိုပြီးကစားလိုကြတာပါ။ ဒါနဲ့ပတ်သက်ပြီး မာရှယ်က လေ့ကျင့်ရေးကွင်းမှာဆိုရင် ရက်ရှ်ဖို့ဒ်နဲ့ ဂိုးသွင်းပြိုင်လေ့ရှိကြောင်း၊ အထောင်တိုက်စစ်မှူးနေရာကို ပွဲချိန်အတွင်း ရက်ရှ်ဖို့ဒ်နဲ့ အလှည့်အပြောင်းလုပ်ကစားလေ့ရှိပြီး အဲဒီအတွက်လည်း စိတ်အနှောင့်အယှက်မဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

”လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ရဲ့ ဂိုးသွင်းပြိုင်ပွဲရှိပါတယ်။ ဘယ်သူက အကောင်းဆုံး အဆုံးသတ်နိုင်မလဲ၊ ဂိုးတွေပိုသွင်းနိုင်မလဲဲဆိုတာမျိုးပေါ့။ တစ်ခါတလေ သူနိုင်ပြီး တစ်ခါတလေ ကျွန်တော်နိုင်ပါတယ်။ ရက်ရှ်ဖို့ဒ်ကလည်း ကျွန်တော့်လိုပဲဲ တိုက်စစ်အလယ်မှာပဲကစားချင်တာပါ။ ကျွန်တော်ဘက်ကတော့ နောက်ချန်ကစားရတာ၊ အစွန်ထွက်ကစားရတာမျိုးတွေက ကိစ္စမရှိပါဘူး။ ပွဲချိန်အတွင်းမှာလည်း ကျွန်တော်တို့အလှည့်အပြောင်းလုပ်ကစားတာပါပဲ။ ရက်ရှ်ဖို့ဒ်က အထောင်တိုက်စစ်နေရာကို မကြာခဏရောက်သွားပြီး ဦးဆောင်ကစားတဲ့အပေါ်ကိုလည်း ကျွန်တော်စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ ဒါတွေက ပြိုင်ဘက်ခံံစစ်တွေပြိုကွဲအောင် ပိုပြီးအကူအညီပေးနိုင်ပါတယ်။ တစ်ရာသီလုံး ဒီထက်ပိုပြီးစွမ်းဆောင်နိုင်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်”လို့ မာရှယ်က ဆိုပါတယ်။