”ယူႏုိက္တက္ကသာလုိအပ္တယ္ဆုိရင္ ကၽြန္ေတာ္ဒီမွာရွိေနတယ္ေနာ္…”

Photo Credit: Getty Images
Photo Credit: Getty Images

ေမဂ်ာလိဂ္ကလပ္ ဂလက္ဆီအသင္းတုိက္စစ္မွဴး အီဘရာဟီမိုဗစ္က တုိက္စစ္မွဴးလုိအပ္ခ်က္ရွိလာတဲ့ အသင္းေဟာင္းမန္ယူအေနနဲ႔ သူ႕ကိုသာျပန္လည္လိုအပ္တယ္ဆုိရင္ အဆင္သင့္ရွိေနတယ္ေနာ္လုိ႔ဆုိၿပီး ေနာက္ေျပာင္တဲ့သေဘာမ်ဳိးေျပာၾကားလုိက္ပါတယ္။

Photo Credit: Getty Images

မန္ယူအသင္းဟာ အေထာင္တုိက္စစ္မွဴးလူကာကူကို အင္တာမီလန္ဆီေရာင္းခ်ခဲ့တဲဲ့အျပင္ အလက္ဆစ္ဆန္းခ်က္ဇ္ကိုပါ ထပ္မံအငွားခ်ေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း မန္ယူအသင္းမွာ တုိက္စစ္္မွဴးဆုိလုိ႔ မာရွယ္၊ ရက္ရွ္ဖုိ႔ဒ္နဲ႔ ဂရင္း၀ုဒ္တုိ႔ ၃ ဦးသာက်န္ရွိေတာ့တာပါ။ ၿပီးခဲ့တဲ့တစ္ပတ္က ပဲေလ့စ္ကိုရႈံးနိမ့္ခဲ့တဲဲ့ပြဲမွာ မာရွယ္က ဒဏ္ရာအနည္းငယ္ရရွိခဲ့တဲ့အျပင္ ဂရင္း၀ုဒ္ကလည္း အခုမွ ၁၇ ႏွစ္သာရွိေသးလုိ႔ နဂိုကတည္းကမွ အားနည္းေနတဲ့ မန္ယူတုိက္စစ္ပိုင္းမွာ လိုအပ္ခ်က္ႀကီးမားစြာရွိေနၿပီလုိ႔ သံုးသပ္ေနၾကပါတယ္။

ဒါေၾကာင့္လည္း အင္တာဗ်ဴးတစ္ခုမွာ အီဘရာဟီမုိဗစ္က သူဟာ ပရီးမီးယားလိဂ္မွာကစားႏုိင္စြမ္းရွိေနေသးၿပီး မန္ယူကသာလုိအပ္ရင္ သူရွိေနတယ္ေနာ္လုိ႔ဆုိကာ ရယ္ေမာၿပီးေနာက္ေျပာင္သြားခဲ့တာပါ။ ”ကၽြန္ေတာ္က ပရီးမီးယားလိဂ္ၿပိဳင္ပြဲဲမွာ ေအးေဆးကစားႏုိင္စြမ္းရွိိေနဆဲပါပဲ။ တကယ္လုိ႔ ယူႏုိက္တက္ကသာလုိတယ္ဆုိရင္ ကၽြန္ေတာ္ဒီမွာရွိေနတယ္ေနာ္။ ဒါေပမဲ့ ဂလက္ဆီက ကၽြန္ေတာ့္ကိုပိုင္ဆုိင္ထားလုိ႔ ေဆာရီးပါပဲ”လုိ႔ မိုဗစ္ကေျပာၾကားၿပီး ရယ္ေမာေနခဲ့ပါတယ္။

Photo Credit: Getty Images

လာမယ့္ေအာက္တုိဘာလမွာ အသက္ ၃၈ ႏွစ္ျပည့္ေတာ့မယ့္ အီဘရာဟီမုိဗစ္ဟာ ၂၀၁၆-၁၇ က မန္ယူနဲဲ႔ ပထမဆံုးရာသီမွာ ၿပိဳင္ပြဲအရပ္ရပ္ ၄၆ ပြဲကစားၿပီး ၂၈ ဂိုးသြင္းကာ ယူရိုပါလိဂ္ဖလားရယူႏုိင္ဖုိ႔ အဓိကကူညီေပးႏုိင္ခဲ့သူပါ။ ေနာက္တစ္ရာသီမွာေတာ့ ဒဏ္ရာျပသနာေၾကာင့္ အနားယူခဲ့ရၿပီး အသင္းနဲ႔ႏွစ္ဖက္သေဘာတူညီခ်က္ရယူကာ စာခ်ဳပ္ဖ်က္သိမ္းၿပီး ဂလက္ဆီကိုေျပာင္းေရႊ႕ခဲ့တာပါ။ သူဟာ ၿပီးခဲ့တဲ့ႏွစ္က ဂလက္ဆီအတြက္ ၂၇ ပြဲမွာ ၂၂ ဂိုးသြင္းယူနုိင္ခဲ့သလုိ ဒီရာသီ ၂၂ ပြဲမွာလည္း ၂၂ ဂိုးအထိသြင္းယူထားႏုိင္ခဲ့ပါတယ္။ မိုဗစ္ဟာ ဂလက္ဆီနဲ႔ ၂၀၁၉ ရာသီအတြက္သာ စာခ်ဳပ္ခ်ဳပ္ထားတာျဖစ္လုိ႔ လာမယ့္ဇန္န၀ါရီလဆုိရင္ေတာ့ ပရီးမီးယားလိဂ္ကိုေျပာင္းခ်င္ရင္ ေျပာင္းႏုိင္ခြင့္ေတာ့ရွိထားပါတယ္။ ဒါေၾကာင့္လည္း အီဘရာဟီမုိဗစ္ရဲ႕ အင္တာဗ်ဴးရုပ္သံဖုိင္ကို မန္ယူပရိသတ္ေတြက Twitter ေပၚမွာမွ်ေ၀ေနၾကၿပီး မိုဗစ္ရဲ႕ဂိုးသြင္းႏႈန္းက လက္ရွိမန္ယူတုိက္စစ္မွဴးေတြထက္ေတာ့ အမ်ားႀကီးသာတယ္လု႔ိလည္း ဆိုေနၾကပါတယ္။

(Unicode)

”ယူနိုက်တက်ကသာလိုအပ်တယ်ဆိုရင် ကျွန်တော်ဒီမှာရှိနေတယ်နော်…”

မေဂျာလိဂ်ကလပ် ဂလက်ဆီအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်က တိုက်စစ်မှူးလိုအပ်ချက်ရှိလာတဲ့ အသင်းဟောင်းမန်ယူအနေနဲ့ သူ့ကိုသာပြန်လည်လိုအပ်တယ်ဆိုရင် အဆင်သင့်ရှိနေတယ်နော်လို့ဆိုပြီး နောက်ပြောင်တဲ့သဘောမျိုးပြောကြားလိုက်ပါတယ်။

မန်ယူအသင်းဟာ အထောင်တိုက်စစ်မှူးလူကာကူကို အင်တာမီလန်ဆီရောင်းချခဲ့တဲဲ့အပြင် အလက်ဆစ်ဆန်းချက်ဇ်ကိုပါ ထပ်မံအငှားချတော့မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူအသင်းမှာ တိုက်စစ််မှူးဆိုလို့ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ ၃ ဦးသာကျန်ရှိတော့တာပါ။ ပြီးခဲ့တဲ့တစ်ပတ်က ပဲလေ့စ်ကိုရှုံးနိမ့်ခဲ့တဲဲ့ပွဲမှာ မာရှယ်က ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့အပြင် ဂရင်းဝုဒ်ကလည်း အခုမှ ၁၇ နှစ်သာရှိသေးလို့ နဂိုကတည်းကမှ အားနည်းနေတဲ့ မန်ယူတိုက်စစ်ပိုင်းမှာ လိုအပ်ချက်ကြီးမားစွာရှိနေပြီလို့ သုံးသပ်နေကြပါတယ်။

ဒါကြောင့်လည်း အင်တာဗျူးတစ်ခုမှာ အီဘရာဟီမိုဗစ်က သူဟာ ပရီးမီးယားလိဂ်မှာကစားနိုင်စွမ်းရှိနေသေးပြီး မန်ယူကသာလိုအပ်ရင် သူရှိနေတယ်နော်လို့ဆိုကာ ရယ်မောပြီးနောက်ပြောင်သွားခဲ့တာပါ။ ”ကျွန်တော်က ပရီးမီးယားလိဂ်ပြိုင်ပွဲဲမှာ အေးဆေးကစားနိုင်စွမ်းရှိိနေဆဲပါပဲ။ တကယ်လို့ ယူနိုက်တက်ကသာလိုတယ်ဆိုရင် ကျွန်တော်ဒီမှာရှိနေတယ်နော်။ ဒါပေမဲ့ ဂလက်ဆီက ကျွန်တော့်ကိုပိုင်ဆိုင်ထားလို့ ဆောရီးပါပဲ”လို့ မိုဗစ်ကပြောကြားပြီး ရယ်မောနေခဲ့ပါတယ်။

လာမယ့်အောက်တိုဘာလမှာ အသက် ၃၈ နှစ်ပြည့်တော့မယ့် အီဘရာဟီမိုဗစ်ဟာ ၂၀၁၆-၁၇ က မန်ယူနဲဲ့ ပထမဆုံးရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၄၆ ပွဲကစားပြီး ၂၈ ဂိုးသွင်းကာ ယူရိုပါလိဂ်ဖလားရယူနိုင်ဖို့ အဓိကကူညီပေးနိုင်ခဲ့သူပါ။ နောက်တစ်ရာသီမှာတော့ ဒဏ်ရာပြသနာကြောင့် အနားယူခဲ့ရပြီး အသင်းနဲ့နှစ်ဖက်သဘောတူညီချက်ရယူကာ စာချုပ်ဖျက်သိမ်းပြီး ဂလက်ဆီကိုပြောင်းရွှေ့ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့နှစ်က ဂလက်ဆီအတွက် ၂၇ ပွဲမှာ ၂၂ ဂိုးသွင်းယူနိုင်ခဲ့သလို ဒီရာသီ ၂၂ ပွဲမှာလည်း ၂၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ မိုဗစ်ဟာ ဂလက်ဆီနဲ့ ၂၀၁၉ ရာသီအတွက်သာ စာချုပ်ချုပ်ထားတာဖြစ်လို့ လာမယ့်ဇန်နဝါရီလဆိုရင်တော့ ပရီးမီးယားလိဂ်ကိုပြောင်းချင်ရင် ပြောင်းနိုင်ခွင့်တော့ရှိထားပါတယ်။ ဒါကြောင့်လည်း အီဘရာဟီမိုဗစ်ရဲ့ အင်တာဗျူးရုပ်သံဖိုင်ကို မန်ယူပရိသတ်တွေက Twitter ပေါ်မှာမျှဝေနေကြပြီး မိုဗစ်ရဲ့ဂိုးသွင်းနှုန်းက လက်ရှိမန်ယူတိုက်စစ်မှူးတွေထက်တော့ အများကြီးသာတယ်လို့လည်း ဆိုနေကြပါတယ်။