ယူႏိုက္တက္ရဲ႕ပြဲဦးထြက္ပြဲစဥ္မွာ မက္ဂြိဳင္းယားျပသခဲ့တဲ့ အရည္အေသြး ၇ ခ်က္ကိုထုတ္ေဖာ္ ခ်ီးက်ဴးလိုက္တဲ့ ဂယ္ရီနဗီးလ္

Photo Credit ; PA

Photo Credit

ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္စတာအသင္းကေန ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့တဲ့ ဟယ္ရီမက္ဂြိဳင္းယားဟာ ယမန္ေန႔က ခ်ဲလ္ဆီးအသင္းကို ၄ – ၀ နဲ႔ အႏိုင္ရရွိတဲ့ပြဲစဥ္မွာ ယူႏိုက္တက္ရဲ႕ေနာက္တန္းမွာ ခံတပ္ႀကီးသဖြယ္ အေကာင္းမြန္ဆံုးေျခစြမ္းျပကစားခဲ့ပါတယ္။

Photo Credit ; Getty Images

ယူႏိုက္တက္ရဲ႕ပြဲဦးထြက္ပြဲစဥ္ျဖစ္တဲ့ အဆိုပါပြဲစဥ္မွာ ဗဟိုေနာက္ခံလူမက္ဂြိဳင္းယားရဲ႕ထိပ္တန္းအဆင့္ အရည္အေသြး ၇ ရပ္ကို ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းဂယ္ရီနဗီးလ္က ထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့ပါတယ္။ အဂၤလန္ၾကယ္ပြင့္ မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့အပတ္ကမွ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၈၀ န႔ဲ ယူႏိုက္တက္ကိုေရာက္ရွိလာခဲ့တာပါ။

Photo Credit ; Sky Sports

ယမန္ေန႔က ယူႏိုက္တက္အသင္းဟာ ပြဲဦးထြက္ပြဲစဥ္အျဖစ္ ႀကီး ၆ ႀကီးထဲကတစ္သင္းအပါအဝင္ျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းကို ၄ – ၀ နဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ အဆိုပါပြဲစဥ္မွာ ယူႏိုက္တက္အသင္းက ဂိုးမေပးခဲ့ရဘဲ မက္ဂိြဳင္းယားက တစ္ဦးခ်င္းေဘာလံုးဖ်က္ထုတ္မႈ ကာကြယ္မႈေတြကို အျခားေသာကစားသမားေတြထက္ အႀကိမ္ေရေတာ္ေတာ္မ်ားမ်ားလုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

Photo Credit

ယမန္ေန႔ကပြဲစဥ္မွာ သိသာထင္ရွားစြာ မက္ဂိြဳင္းယားရဲ႔ တည္ၿငိမ္ရင့္က်က္တဲ့ ထိပ္တန္းအဆင့္ ေျခစြမ္းေတြကိုအသင္းေဖာ္အသစ္ေတြကေတာင္ Dennis the Menace လို႔ နာမည္ေျပာင္ ေပးထားၾကပါတယ္။ အဂၤလန္သားရဲ႕ေျခစြမ္းေတြကိုေနာက္ထပ္ သတိထားမိခဲ့သူတစ္ေယာက္ကေတာ့ ယူႏိုက္တက္ရဲ႔ ဂႏၳဝင္လည္းျဖစ္၊ Sky Sports ရဲ႕အစီအစဥ္တင္ဆက္သူလည္းျဖစ္တဲ့ ဂယ္ရီနဗီးလ္ပဲ ျဖစ္ပါတယ္။

Photo Credit

ဒီမနက္မွာ “မေန႔က မက္ဂိြဳင္းယားကစားသြားတာကို ကၽြန္ေတာ္ အရမ္းႏွစ္သက္ပါတယ္”လို႔ နဗီးလ္က ေျပာပါတယ္။ နဗီးလ္ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ မက္ဂြိဳင္းယားရဲ႕အရည္အေသြး ၇ ရပ္ကေတာ့ “ထိပ္တန္းအဆင့္ ဗဟိုေနာက္ခံလူတစ္ေယာက္ဟာ – ေခၽြးမျပန္ဘူး။ တည္ၿငိမ္မႈရွိတယ္၊ ပြဲကစားခ်ိန္ရဲ႕အခ်ိန္တိုင္း ေနာက္တန္းမွာပဲရွိမေနဘူး၊ အႏိုင္ရရွိဖို႔ ဦးေဆာင္ႏိုင္တယ္၊ ေဘာလံုးလမ္းေၾကာင္းကိုနားလည္တယ္။ တစ္ဖက္ကစားသမားေတြ ကန္ခြင့္မရေအာင္ တားဆီးႏိုင္တယ္၊ တျခားေသာေနာက္ခံလူေတြ အတုယူႏိုင္ေအာင္ အသင္းကိုထိန္းေက်ာင္းဦးေဆာင္ႏိုင္တယ္”တို႔ပဲ ျဖစ္ပါတယ္။

Photo Credit

Unicode

ယူနိုက်တက်ရဲ့ပွဲဦးထွက်ပွဲစဉ်မှာ မက်ဂွိုင်းယားပြသခဲ့တဲ့ အရည်အသွေး ၇ ချက်ကိုထုတ်ဖော် ချီးကျူးလိုက်တဲ့ ဂယ်ရီနဗီးလ်

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ လက်စတာအသင်းကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ ယမန်နေ့က ချဲလ်ဆီးအသင်းကို ၄ – ၀ နဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ ယူနိုက်တက်ရဲ့နောက်တန်းမှာ ခံတပ်ကြီးသဖွယ် အကောင်းမွန်ဆုံးခြေစွမ်းပြကစားခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ အဆိုပါပွဲစဉ်မှာ ဗဟိုနောက်ခံလူမက်ဂွိုင်းယားရဲ့ထိပ်တန်းအဆင့် အရည်အသွေး ၇ ရပ်ကို ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဂယ်ရီနဗီးလ်က ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။ အင်္ဂလန်ကြယ်ပွင့် မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့အပတ်ကမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ နဲ့ ယူနိုက်တက်ကိုရောက်ရှိလာခဲ့တာပါ။
ယမန်နေ့က ယူနိုက်တက်အသင်းဟာ ပွဲဦးထွက်ပွဲစဉ်အဖြစ် ကြီး ၆ ကြီးထဲကတစ်သင်းအပါအဝင်ဖြစ်တဲ့ ချဲလ်ဆီးအသင်းကို ၄ – ၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အသင်းက ဂိုးမပေးခဲ့ရဘဲ မက်ဂွိုင်းယားက တစ်ဦးချင်းဘောလုံးဖျက်ထုတ်မှု ကာကွယ်မှုတွေကို အခြားသောကစားသမားတွေထက် အကြိမ်ရေတော်တော်များများလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ယမန်နေ့ကပွဲစဉ်မှာ သိသာထင်ရှားစွာ မက်ဂွိုင်းယားရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ထိပ်တန်းအဆင့် ခြေစွမ်းတွေကိုအသင်းဖော်အသစ်တွေကတောင် Dennis the Menace လို့ နာမည်ပြောင် ပေးထားကြပါတယ်။ အင်္ဂလန်သားရဲ့ခြေစွမ်းတွေကိုနောက်ထပ် သတိထားမိခဲ့သူတစ်ယောက်ကတော့ ယူနိုက်တက်ရဲ့ ဂန္ထဝင်လည်းဖြစ်၊ Sky Sports ရဲ့အစီအစဉ်တင်ဆက်သူလည်းဖြစ်တဲ့ ဂယ်ရီနဗီးလ်ပဲ ဖြစ်ပါတယ်။
ဒီမနက်မှာ “မနေ့က မက်ဂွိုင်းယားကစားသွားတာကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်”လို့ နဗီးလ်က ပြောပါတယ်။ နဗီးလ်ထုတ်ဖော်ပြောဆိုခဲ့တဲ့ မက်ဂွိုင်းယားရဲ့အရည်အသွေး ၇ ရပ်ကတော့ “ထိပ်တန်းအဆင့် ဗဟိုနောက်ခံလူတစ်ယောက်ဟာ – ချွေးမပြန်ဘူး။ တည်ငြိမ်မှုရှိတယ်၊ ပွဲကစားချိန်ရဲ့အချိန်တိုင်း နောက်တန်းမှာပဲရှိမနေဘူး၊ အနိုင်ရရှိဖို့ ဦးဆောင်နိုင်တယ်၊ ဘောလုံးလမ်းကြောင်းကိုနားလည်တယ်”
”တစ်ဖက်ကစားသမားတွေ ကန်ခွင့်မရအောင် တားဆီးနိုင်တယ်၊ တခြားသောနောက်ခံလူတွေ အတုယူနိုင်အောင် အသင်းကိုထိန်းကျောင်းဦးဆောင်နိုင်တယ်”တို့ပဲ ဖြစ်ပါတယ်။