
Photo Credit ; Sky Sports

Photo Credit ; Getty Images


Photo Credit ; BPI/REX


Photo Credit ; Reuters


Photo Credit ; AFP / Getty Images


Photo Credit ; Reuters

ဆက်လက်ပြီး ရက်ရှ်ဖို့ဒ်ကပဲ “ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ရာသီက ရာသီပိတ်သိမ်းချိန်အထိ ယခုလိုမျိုးကျွန်တော်တို့ ရာသီအစကိုမစတင်နိုင်ခဲ့ပါဘူး၊ ဒီလိုရလဒ်မျိုးက ကျွန်တော်တို့ နေ့စဉ်နေ့တိုင်းရည်မှန်းချက်ထားခဲ့တဲ့အရာပါ၊ အဲဒီခရစ္စမတ်ကိုမမေ့သင့်ပါဘူး”

Photo Credit ; Reuters


Photo Credit ; Reuters

Unicode

ယူနိုက်တက်ကို ဘယ်အရာက သန်မာစေပြီလဲဆိုတာ ပြောပြလိုက်တဲ့ ရက်ရှ်ဖို့ဒ်

ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က ၂၀၁၈-၁၉ ရာသီမှာ ရုန်းကန်ခဲ့ရမှုတွေက ယခုရာသီမှာ မိမိတို့အသင်းကို သန်မာစေခဲ့ပြီလို့ ယုံကြည်နေပါတယ်။
ယမန်နှစ်ရာသီက နည်းပြဟောင်းဟိုဆေးမော်ရင်ဟိုဟာ ရလဒ်ဆိုးတွေကြောင့် ခရစ္စမတ်မတိုင်ခင် အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး နည်းပြဆိုးလ်ရှားက ယူနိုက်တက်အသင်းကိုကြားဖြတ် ကိုင်တွယ်ခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ရာသီမပိတ်သိမ်းခင် နောက်ဆုံး ၁၂ ပွဲမှာ ၂ ပွဲသာအနိုင်ရရှိခဲ့ပြီး အဆင့် ၆ နေရာမှာသာ ရပ်တည်ခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်သွားရပါတယ်။
တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ပွဲဦးထွက်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းက ပြီးခဲ့တဲ့ရာသီကအတွေ့အကြုံကောင်းတွေက ကူညီပေးခဲ့တာကြောင့်လို့ ရက်ဖို့ဒ်ရှ်က ဆိုပါတယ်။ “နောက်ကို ပြန်ကြည့်မယ်ဆိုရင် ဒီရလဒ်ဆိုးတွေကပဲ ကျွန်တော်တို့ကို ပြန်လာစေနိုင်ခဲ့တာလို့ ကျွန်တော်ထင်ပါတယ်”လို့ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
ဆက်လက်ပြီး ရက်ရှ်ဖို့ဒ်ကပဲ “ကျွန်တေ်ာတို့အားလုံးသိကြတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ရာသီက ရာသီပိတ်သိမ်းချိန်အထိ ယခုလိုမျိုးကျွန်တော်တို့ ရာသီအစကိုမစတင်နိုင်ခဲ့ပါဘူး၊ ဒီလိုရလဒ်မျိုးက ကျွန်တေ်ာတို့ နေ့စဉ်နေ့တိုင်းရည်မှန်းချက်ထားခဲ့တဲ့အရာပါ၊ အဲဒီခရစ္စမတ်ကိုမမေ့သင့်ပါဘူး”
”ကျွန်တော်တို့ကိုဘယ်သူကမှ ပရီးမီးယားလိဂ် ထိပ်သီး ၄ သင်းထဲဝင်ရောက်နိုင်လိမ့်မယ်လို့ မထင်မှတ်ခဲ့ကြဘူး၊ အခုချိန်မှာတော့ အဲဒီအခြေအနေတွေကနေ ရုန်းထွက်ဖို့ အချိန်ရောက်ပါပြီ၊ ကျွန်တော်တို့ရဲ့အရည်အချင်းတွေကို ကိုယ်တိုင်ရှာဖွေတွေ့ရှိပြီး ခက်ခဲခဲ့တဲ့ ဆိုးရွားခဲ့တဲ့ သမိုင်းကြောင်းကို မေ့ပစ်နိုင်ဖို့ ကြိုးစားရတော့မယ့်အချိန်ရောက်ပါပြီ”လို့ ပြောကြားသွားခဲ့ပါတယ်။