မေကာင္းတဲ့အေငြ႕အသက္ေတြ မခံစားရပါဘူး။ ေကာင္းမြန္တဲ့ အေျပာင္းအေရႊ႕ ရာသီကို ျဖတ္သန္းႏိုင္ခဲ့တာပါ

Photo Credit ; PA

Photo Credit ; PA

မန္ခ်က္စတာယူႏိုက္တက္ နည္းျပဆိုးလ္ရွားက ေကာင္းမြန္တဲ့ အေျပာင္းအေရႊ႕ေႏြရာသီကို ျဖတ္သန္းႏိုင္ခဲ့ၿပီး အသင္းအေပၚ မေကာင္းတဲ့ အေငြ႕အသက္ေတြ မခံစားရဘူးလို႔ ဆိုပါတယ္။ ယူႏိုက္တက္အသင္းဟာ ဟယ္ရီမက္ဂိြဳင္းယား၊ အာရြန္ ဝမ္ဘစ္ဆာကာနဲ႔ ဒန္နီရယ္ ဂ်ိမ္းစ္ တို႔ကိုေခၚယူဖို႔အတြက္ ေပါင္ ၁၄၈ သန္းခန္႔ သံုးစြဲခဲ့ၿပီး တိုက္စစ္မွဴး လူကာကူကိုအင္တာမီလန္အသင္းထံ ေရာင္းခ်ခဲ့ျခင္းမွ ေပါင္ ၇၃ သန္း ျပန္လည္ရရွိခဲ့ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္ရဲ႕ လက္ေထာက္ ဥကၠ႒ဝုဒ္ဝက္ဒ္က အသင္းပရိသတ္ေတြရဲ႕ ျပင္းျပင္းထန္ထန္ ေဝဖန္ျခင္း ခံေနရပါတယ္။ ယူႏိုက္တက္ကေတာ့ တိုက္စစ္ပိုင္း အင္အား ျဖည့္တင္းဖို႔ ဂ်ဴဗင္တပ္စ္ကစားသမား ၂ ဦးျဖစ္တဲ့ ဒီဘားလားနဲ႔ မန္ဇူကစ္တို႔ကိုေခၚယူဖို႔ လႈပ္ရွားမႈေတြ ရွိခဲ့ေပမယ့္ ကစားသမားေတြရဲ႕ ေတာင္းဆိုမႈေတြက မ်ားျပားလြန္းတာေၾကာင့္ ေသခ်ာစဥ္းစားကာမေခၚယူျဖစ္ခဲ့ပါဘူး။

Photo Credit ; Getty Images

အဆိုပါ ဆံုးျဖတ္ခ်က္ကိုေတာ့ အသင္းတာဝန္ရွိသူေတြက မွန္ကန္တယ္လို႔ ယူဆေနၾကပါတယ္။ ”အသင္းနဲ႔ ကၽြန္ေတ္ာတို႔ဟာ ယံုၾကည္မႈေတြ အျပည့္အဝရွိေနတယ္လို႔ ခံစားရပါတယ္။ လူေတြေျပာေနၾကတဲ့ အတင္းအဖ်င္းေတြေၾကာင့္ မေကာင္းတဲ့ ခံစားမႈမ်ိဳးေတြ မခံစားရဘူး”လို႔ ဆိုးလ္ရွားကေျပာပါတယ္။

Photo Credit ; Getty Images

ဆက္လက္ၿပီး ဆိုးလ္ရွားက ”ကၽြန္ေတာ္ေတြ႔တာေတာ့ ကလပ္အသင္းထဲမွာေရာ ပရိသတ္ေတြဆီမွာပါ အသင္းအေပၚ အဆိုးျမင္ေနတာမ်ိဳးေတြ မရွိပါဘူး။ ပရိသတ္ေတြကေတာ့ ကစားသမားသစ္ေတြကိုစာခ်ဳပ္ခ်ဳပ္ ေခၚယူေစခ်င္ၾကတာပဲေလ။ ဒါကတစ္က႑ပါ၊ အခု ကၽြန္ေတာ္တို႔ ကစားသမားသစ္ ေခၚယူမႈေတြ ျပဳလုပ္ထားပါတယ္။ သူတို႔ကအမွန္တရားကိုသက္ေသျပပါလိမ့္မယ္။ ၿပီးေတာ့ သူတို႔ကိုလည္းယံုၾကည္ေပးၾကရမွာပါ”လို႔ ေျပာပါတယ္။

Photo Credit ; Getty Images

”ၿပီးခဲ့တဲ့ရာသီနဲ႔ ရာသီႀကိဳပြဲစဥ္ေတြတုန္းက ကၽြန္ေတာ္ ေျပာခဲ့သလိုပါပဲ။ ဒါကခ်က္ခ်င္းျပင္ဆင္လို႔ရတဲ့ အရာမဟုတ္ပါဘူး၊ အခ်ိန္ယူၿပီး ျပန္လည္တည္ေဆာက္ရမွာပါ”လို႔ ဆိုးလ္ရွားက ဆက္ေျပာပါတယ္။

Photo Credit ; Getty Images / AFP

အသင္းကကစားသမားေတြ ထြက္ခြာဖို႔ ရွိေသးလားဆိုတဲ့ ေမးခြန္းကိုေတာ့ နည္းျပဆိုးလ္ရွားက ”ရွိႏိုင္တာေပါ့၊ အသင္းမွာ ကၽြန္ေတာ္တို႔အလိုရွိတဲ့ ကစားသမားေတြနဲ႔ မလိုအပ္တဲ့ ကစားသမားေတြ ေရာေထြးေနတုန္းပါ၊ အသင္းလူစာရင္းကိုေသခ်ာဖြဲ႕စည္းၿပီးတဲ့အခါ ဘယ္ကစားသမားေတြက ကၽြန္ေတာ္တို႔နဲ႔ ေရရွည္ လက္တြဲသြားမယ္ဆိုတာဆက္လက္ေစာင့္ၾကည့္ရမွာပါ”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

Photo Credit

Unicode

မကောင်းတဲ့အငွေ့အသက်တွေ မခံစားရပါဘူး။ ကောင်းမွန်တဲ့ အပြောင်းအရွှေ့ ရာသီကို ဖြတ်သန်းနိုင်ခဲ့တာပါ

မန်ချက်စတာယူနိုက်တက် နည်းပြဆိုးလ်ရှားက ကောင်းမွန်တဲ့ အပြောင်းအရွှေ့နွေရာသီကို ဖြတ်သန်းနိုင်ခဲ့ပြီး အသင်းအပေါ် မကောင်းတဲ့ အငွေ့အသက်တွေ မခံစားရဘူးလို့ ဆိုပါတယ်။ ယူနိုက်တက်အသင်းဟာ ဟယ်ရီမက်ဂွိုင်းယား၊ အာရွန် ဝမ်ဘစ်ဆာကာနဲ့ ဒန်နီရယ် ဂျိမ်းစ် တို့ကိုခေါ်ယူဖို့အတွက် ပေါင် ၁၄၈ သန်းခန့် သုံးစွဲခဲ့ပြီး တိုက်စစ်မှူး လူကာကူကိုအင်တာမီလန်အသင်းထံ ရောင်းချခဲ့ခြင်းမှ ပေါင် ၇၃ သန်း ပြန်လည်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ လက်ထောက် ဥက္ကဋ္ဌဝုဒ်ဝက်ဒ်က အသင်းပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း ခံနေရပါတယ်။ ယူနိုက်တက်ကတော့ တိုက်စစ်ပိုင်း အင်အား ဖြည့်တင်းဖို့ ဂျူဗင်တပ်စ်ကစားသမား ၂ ဦးဖြစ်တဲ့ ဒီဘားလားနဲ့ မန်ဇူကစ်တို့ကိုခေါ်ယူဖို့ လှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် ကစားသမားတွေရဲ့ တောင်းဆိုမှုတွေက များပြားလွန်းတာကြောင့် သေချာစဉ်းစားကာမခေါ်ယူဖြစ်ခဲ့ပါဘူး။
အဆိုပါ ဆုံးဖြတ်ချက်ကိုတော့ အသင်းတာဝန်ရှိသူတွေက မှန်ကန်တယ်လို့ ယူဆနေကြပါတယ်။ ”အသင်းနဲ့ ကျွန်တေ်ာတို့ဟာ ယုံကြည်မှုတွေ အပြည့်အဝရှိနေတယ်လို့ ခံစားရပါတယ်။ လူတွေပြောနေကြတဲ့ အတင်းအဖျင်းတွေကြောင့် မကောင်းတဲ့ ခံစားမှုမျိုးတွေ မခံစားရဘူး”လို့ ဆိုးလ်ရှားကပြောပါတယ်။
ဆက်လက်ပြီး ဆိုးလ်ရှားက ”ကျွန်တော်တွေ့တာတော့ ကလပ်အသင်းထဲမှာရော ပရိသတ်တွေဆီမှာပါ အသင်းအပေါ် အဆိုးမြင်နေတာမျိုးတွေ မရှိပါဘူး။ ပရိသတ်တွေကတော့ ကစားသမားသစ်တွေကိုစာချုပ်ချုပ် ခေါ်ယူစေချင်ကြတာပဲလေ။ ဒါကတစ်ကဏ္ဍပါ၊ အခု ကျွန်တော်တို့ ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ထားပါတယ်။ သူတို့ကအမှန်တရားကိုသက်သေပြပါလိမ့်မယ်။ ပြီးတော့ သူတို့ကိုလည်းယုံကြည်ပေးကြရမှာပါ”လို့ ပြောပါတယ်။
”ပြီးခဲ့တဲ့ရာသီနဲ့ ရာသီကြိုပွဲစဉ်တွေတုန်းက ကျွန်တော် ပြောခဲ့သလိုပါပဲ။ ဒါကချက်ချင်းပြင်ဆင်လို့ရတဲ့ အရာမဟုတ်ပါဘူး၊ အချိန်ယူပြီး ပြန်လည်တည်ဆောက်ရမှာပါ”လို့ ဆိုးလ်ရှားက ဆက်ပြောပါတယ်။
အသင်းကကစားသမားတွေ ထွက်ခွာဖို့ ရှိသေးလားဆိုတဲ့ မေးခွန်းကိုတော့ နည်းပြဆိုးလ်ရှားက ”ရှိနိုင်တာပေါ့၊ အသင်းမှာ ကျွန်တော်တို့အလိုရှိတဲ့ ကစားသမားတွေနဲ့ မလိုအပ်တဲ့ ကစားသမားတွေ ရောထွေးနေတုန်းပါ၊ အသင်းလူစာရင်းကိုသေချာဖွဲ့စည်းပြီးတဲ့အခါ ဘယ်ကစားသမားတွေက ကျွန်တော်တို့နဲ့ ရေရှည် လက်တွဲသွားမယ်ဆိုတာဆက်လက်စောင့်ကြည့်ရမှာပါ”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။