မာေယာ့ကာအသင္းကို ကူဘို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေရာက္ရွိေတာ့မည္

Photo Credit

 

Photo Credit ; PA

ရီးရဲလ္မက္ဒရစ္လူငယ္တုိက္စစ္မွဴး ကူဘိုဟာ အသင္းနဲ႔အတူ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ လာလီဂါတန္းတက္မာေယာ့ကာအသင္းကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ေျပာင္းေရႊ႕ကစားေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images

အသက္ ၁၈ႏွစ္အရြယ္ရွိ ဂ်ပန္လက္ေရြးစင္ ကူဘုိကို ေခၚယူဖုိ႔ ဗယ္လာဒုိလစ္အသင္းကလည္း စိတ္၀င္စားေနေပမယ့္ ကာယကံရွင္ျဖစ္သူကေတာ့ မာေယာ့ကာအသင္းကုိပဲ ေရြးခ်ယ္ခဲ့တာျဖစ္ၿပီး ရီးရဲလ္အသင္းတာ၀န္ရွိသူေတြကလည္း ကူဘိုကို အရန္အသင္းမွာ ထည့္သြင္းကစားေရးအတြက္ လာလီဂါအေတြ႕အႀကံဳရရွိေအာင္ အခုလိုအငွားခ်ထားဖုိ႔ ျပင္ဆင္ေနတာပါ။

Photo Credit ; Getty Images

ရာသီႀကိဳေျခစမ္းပြဲကာလအတြင္း ရီးရဲလ္နည္းျပ ဇီဒန္းက ကူဘုိဟာ အသင္းရဲ႕အနာဂတ္ျဖစ္ေၾကာင္းနဲ႔ သူ႕အေပၚ အသင္းဘက္က မျဖစ္မေနစိတ္ရွည္လက္ရွည္ထားရွိရလိမ့္မယ္လုိ႔ ဆုိထားပါတယ္။ ကူဘိုဟာ ၿပီးခ့ဲတဲ့ဇြန္လက ေဂ်လိဂ္ကလပ္ အက္ဖ္စီတုိက်ိဳအသင္းကေန ၅ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိလာသူျဖစ္ပါတယ္။

Photo Credit ; Getty Images

သူဟာ ဘာစီလုိနာရဲ႕နာမည္ေက်ာ္လာမာစီယာအကယ္ဒမီမွာ ၄ႏွစ္ၾကာျဖတ္သန္းခဲ့ေပမယ့္ ၂၀၁၅ ခုႏွစ္မွာ ဘာစီလုိနာအသင္း လူငယ္ကစားသမားေခၚယူမႈနဲ႔ပတ္သက္လုိ႔ စည္းမ်ဥ္းခ်ိဳးေဖာက္ခဲ့ၿပီးေနာက္ သူလည္း ဂ်ပန္ကို ျပန္သြားခဲ့ပါတယ္။

Photo Credit ; Getty Images

သူ႕ကို ခ်စ္စႏိုးနဲ႔ ဂ်ပန္မက္ဆီလုိ႔ ပရိသတ္ေတြက နာမည္ေျပာင္ေပးထားၿပီး ၂၀၁၇ ခုႏွစ္က ေဂ်လိဂ္မွာ အသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္ ၁၅ႏွစ္နဲ႔ စံခ်ိန္တင္ခဲ့ပါတယ္။

Photo Credit ; Getty Images

ကူဘိုဟာ အက္ဖ္စီတိုက်ိဳအသင္းမွာ ၃ရာသီၾကာျဖတ္သန္းခဲ့တဲ့အနက္ ယုိကုိဟားမားဖာရီႏို႔စ္အသင္းမွာလည္း ၁ရာသီၾကာအငွားနဲ႔ ကစားခဲ့ဖူးၿပီး ကာကယံရွင္ျဖစ္သူက ရီးရဲလ္ကို ေျပာင္းေရႊ႕သြားၿပီးေနာက္ ဂ်ပန္မွာ အေတာ္ေလးေစာင့္ၾကည့္ခံေနရပါတယ္။

Photo Credit ; Getty Images

Unicode

မာယော့ကာအသင်းကို ကူဘို တစ်ရာသီအငှားစာချုပ်နဲ့ ရောက်ရှိတော့မည်

ရီးရဲလ်မက်ဒရစ်လူငယ်တိုက်စစ်မှူး ကူဘိုဟာ အသင်းနဲ့အတူ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လာလီဂါတန်းတက်မာယော့ကာအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားတော့မှာဖြစ်ကြောင်း သိရပါတယ်။
အသက် ၁၈နှစ်အရွယ်ရှိ ဂျပန်လက်ရွေးစင် ကူဘိုကို ခေါ်ယူဖို့ ဗယ်လာဒိုလစ်အသင်းကလည်း စိတ်ဝင်စားနေပေမယ့် ကာယကံရှင်ဖြစ်သူကတော့ မာယော့ကာအသင်းကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းတာဝန်ရှိသူတွေကလည်း ကူဘိုကို အရန်အသင်းမှာ ထည့်သွင်းကစားရေးအတွက် လာလီဂါအတွေ့အကြုံရရှိအောင် အခုလိုအငှားချထားဖို့ ပြင်ဆင်နေတာပါ။
ရာသီကြိုခြေစမ်းပွဲကာလအတွင်း ရီးရဲလ်နည်းပြ ဇီဒန်းက ကူဘိုဟာ အသင်းရဲ့အနာဂတ်ဖြစ်ကြောင်းနဲ့ သူ့အပေါ် အသင်းဘက်က မဖြစ်မနေစိတ်ရှည်လက်ရှည်ထားရှိရလိမ့်မယ်လို့ ဆိုထားပါတယ်။ ကူဘိုဟာ ပြီးခဲ့တဲ့ဇွန်လက ဂျေလိဂ်ကလပ် အက်ဖ်စီတိုကျိုအသင်းကနေ ၅နှစ်စာချုပ်နဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာရဲ့နာမည်ကျော်လာမာစီယာအကယ်ဒမီမှာ ၄နှစ်ကြာဖြတ်သန်းခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာအသင်း လူငယ်ကစားသမားခေါ်ယူမှုနဲ့ပတ်သက်လို့ စည်းမျဉ်းချိုးဖောက်ခဲ့ပြီးနောက် သူလည်း ဂျပန်ကို ပြန်သွားခဲ့ပါတယ်။
သူ့ကို ချစ်စနိုးနဲ့ ဂျပန်မက်ဆီလို့ ပရိသတ်တွေက နာမည်ပြောင်ပေးထားပြီး ၂၀၁၇ ခုနှစ်က ဂျေလိဂ်မှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် ၁၅နှစ်နဲ့ စံချိန်တင်ခဲ့ပါတယ်။
ကူဘိုဟာ အက်ဖ်စီတိုကျိုအသင်းမှာ ၃ရာသီကြာဖြတ်သန်းခဲ့တဲ့အနက် ယိုကိုဟားမားဖာရီနို့စ်အသင်းမှာလည်း ၁ရာသီကြာအငှားနဲ့ ကစားခဲ့ဖူးပြီး ကာကယံရှင်ဖြစ်သူက ရီးရဲလ်ကို ပြောင်းရွှေ့သွားပြီးနောက် ဂျပန်မှာ အတော်လေးစောင့်ကြည့်ခံနေရပါတယ်။