မာရွယ္က မန္ယူရဲ႕ ဟင္နရီျဖစ္လာႏုိင္တယ္လုိ႔ ေပါလ္စခုိးလ္သံုးသပ္

Photo Credit: Mirror
Photo Credit: Mirror

မန္ယူကြင္းလယ္လူေဟာင္း ေပါလ္စခိုလ္းက တုိက္စစ္မွဴးမာရွယ္ရဲ႕ကစားပံုေၾကာင့္ အာဆင္နယ္ဂႏၳ၀င္သီယာရီဟင္နရီနဲ႔ႏိႈင္းယွဥ္ခ်ီးက်ဴးခဲ့ၿပီး မာရွယ္ဟာ မန္ယူအသင္းရဲ႕ ဟင္နရီျဖစ္လာႏုိင္တယ္လုိ႔ သံုးသပ္ေျပာၾကားလုိက္ပါတယ္။

Photo Credit: Mirror

မန္ယူက ခ်ဲလ္ဆီးကို 4-0 နဲ႔အႏုိင္ရခဲ့တဲ့ပြဲစဥ္မွာ မာရွယ္ဟာ အေထာင္တုိက္စစ္မွဴးအျဖစ္ပါ၀င္ကစားကာ မန္ယူအတြက္ 1 ဂုိးသြင္းၿပီးေျခစြမ္းျပႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ မန္ယူတုိက္စစ္ပိုင္းမွာ ရက္ရွ္ဖုိ႔ဒ္နဲ႔ မာရွယ္တုိ႔ႏွစ္ဦးဟာ ပြဲခ်ိန္အတြင္း ေရြ႕လ်ားမႈေတြကိုအလ်ဥ္းသင့္သလုိျပဳလုပ္ကာ ကစားသြားခဲ့တာပါ။ မာရွယ္ဟာ ဘယ္ေတာင္ပံကိုထြက္ကစားတဲ့အေျခအေနမ်ဳိးေတြရွိခဲ့ၿပီး ဒါေၾကာင့္လည္း ေပါလ္စခိုးလ္က အာဆင္နယ္တုိက္စစ္မွဴးေဟာင္း ဟင္နရီနဲ႔ႏိႈင္းယွဥ္လုိက္တာျဖစ္ပါတယ္။

Photo Credit: Mirror

”ဘယ္ျခမ္းကို မာရွယ္ထြက္ထြက္သြားတာက မေကာင္းတဲ့အရာလုိ႔ ကၽြန္ေတာ္မထင္ပါဘူး။ ဟင္နရီကိုေတာင္ ျပန္ၿပီးအမွတ္ရေစပါတယ္။ သူက အေထာင္တုိက္စစ္ေနရာကေနပဲ ပါ၀င္ရတာျဖစ္ေပမယ့္ အၿမဲတမ္းဘယ္ျခမ္းကိုထြက္သြားတတ္တဲ့သူပါ။ ဒါေၾကာင့္ မေကာင္းတဲ့အရာလုိ႔ မထင္ပါဘူး။ မာရွယ္လည္း ဟင္နရီလုိပဲဆုိရင္ ကၽြန္ေတာ္တုိ႔လက္ခံရမွာပါပဲ”လုိ႔ စခုိးလ္က ေျပာၾကားခဲ့ပါတယ္။

Photo Credit: Mirror

ဟင္နရီဟာ ေပါလ္စခုိးလ္တု႔ိလက္ထက္က အဓိကၿပိဳင္ဘက္ အာဆင္နယ္အသင္းရဲ႕ အေရးပါဆံုးကစားသမားျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အေကာင္းဆံုးတုိက္စစ္မွဴးအျဖစ္လည္း တင္စားခံခဲ့ရသူပါ။ သူဟာ ဘယ္ျခမ္းကေန တစ္ကိုယ္ေတာ္အစြမ္းနဲ႔ အတြင္းကိုခ်ဳိး၀င္ကာ သပ္ရပ္တဲ့ကန္ခ်က္ေတြနဲ႔ ၿပိဳင္ဘက္ခံစစ္ေတြကိုၿခိမ္းေျခာက္ႏုိင္ခဲ့သူျဖစ္ၿပီး ျပင္သစ္ကစားသမားတစ္ဦးလည္းျဖစ္တာေၾကာင့္ မာရွယ္ကိုလည္း ဟင္နရီလက္သစ္အျဖစ္ ႏိႈင္းယွဥ္ေလ့ရွိခဲ့တာပါ။

(Unicode)

မာရှယ်က မန်ယူရဲ့ ဟင်နရီဖြစ်လာနိုင်တယ်လို့ ပေါလ်စခိုးလ်သုံးသပ်

မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုလ်းက တိုက်စစ်မှူးမာရှယ်ရဲ့ကစားပုံကြောင့် အာဆင်နယ်ဂန္ထဝင်သီယာရီဟင်နရီနဲ့နှိုင်းယှဉ်ချီးကျူးခဲ့ပြီး မာရှယ်ဟာ မန်ယူအသင်းရဲ့ ဟင်နရီဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

မန်ယူက ချဲလ်ဆီးကို 4-0 နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မာရှယ်ဟာ အထောင်တိုက်စစ်မှူးအဖြစ်ပါဝင်ကစားကာ မန်ယူအတွက် 1 ဂိုးသွင်းပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူတိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့နှစ်ဦးဟာ ပွဲချိန်အတွင်း ရွေ့လျားမှုတွေကိုအလျဉ်းသင့်သလိုပြုလုပ်ကာ ကစားသွားခဲ့တာပါ။ မာရှယ်ဟာ ဘယ်တောင်ပံကိုထွက်ကစားတဲ့အခြေအနေမျိုးတွေရှိခဲ့ပြီး ဒါကြောင့်လည်း ပေါလ်စခိုးလ်က အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီနဲ့နှိုင်းယှဉ်လိုက်တာဖြစ်ပါတယ်။

”ဘယ်ခြမ်းကို မာရှယ်ထွက်ထွက်သွားတာက မကောင်းတဲ့အရာလို့ ကျွန်တော်မထင်ပါဘူး။ ဟင်နရီကိုတောင် ပြန်ပြီးအမှတ်ရစေပါတယ်။ သူက အထောင်တိုက်စစ်နေရာကနေပဲ ပါဝင်ရတာဖြစ်ပေမယ့် အမြဲတမ်းဘယ်ခြမ်းကိုထွက်သွားတတ်တဲ့သူပါ။ ဒါကြောင့် မကောင်းတဲ့အရာလို့ မထင်ပါဘူး။ မာရှယ်လည်း ဟင်နရီလိုပဲဆိုရင် ကျွန်တော်တို့လက်ခံရမှာပါပဲ”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။

ဟင်နရီဟာ ပေါလ်စခိုးလ်တု့ိလက်ထက်က အဓိကပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ အရေးပါဆုံးကစားသမားဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူးအဖြစ်လည်း တင်စားခံခဲ့ရသူပါ။ သူဟာ ဘယ်ခြမ်းကနေ တစ်ကိုယ်တော်အစွမ်းနဲ့ အတွင်းကိုချိုးဝင်ကာ သပ်ရပ်တဲ့ကန်ချက်တွေနဲ့ ပြိုင်ဘက်ခံစစ်တွေကိုခြိမ်းခြောက်နိုင်ခဲ့သူဖြစ်ပြီး ပြင်သစ်ကစားသမားတစ်ဦးလည်းဖြစ်တာကြောင့် မာရှယ်ကိုလည်း ဟင်နရီလက်သစ်အဖြစ် နှိုင်းယှဉ်လေ့ရှိခဲ့တာပါ။