မယုံႏိုင္စရာေကာင္းတဲ႔ စီးပြားေရးရာလုပ္ေဆာင္ႏိုင္မႈတစ္ခုလို႔ ဘရန္ဒန္ေရာ္ဂ်ာဟစ္ေၾကြး

လက္စတာအသင္းနည္းျပ ဘရန္ဒန္ေရာ္ဂ်ာက မက္ဂြဲယားကိုေပါင္ ၈၅ သန္းနဲ႔မန္ယူအသငး္ဆီေရာင္းခ်လိုက္ႏိုင္တာဟာ ကလပ္ရဲ႕မယုံႏိုင္စရာေကာင္းတဲ႔ စီးပြားေရးရာလုပ္ေဆာင္ႏိုင္မႈတစ္ခုျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ ဒီေစ်းဟာေနာက္ခံလူ ေတြထဲမွာကမၻာ႔စံခ်ိန္တင္ေစ်းလည္းျဖစ္ပါတယ္။

လက္စတာဟာ ၂၀၁၇ ကမက္ဂြဲယားကို ဟားလ္စီးတီးကနေခၚယူခဲ့တုန္းကေပါင္ ၁၇ သန္းသာေပးခဲ့ရလို႔ အမ်ားႀကီးအျမတ္ထြက္ခဲ႔ၿပီး စီးပြားေရးအရအက်ဳိးအျမတ္ႀကီးမားခဲ့တာပါ။ မက္ဂြဲယားဟာ ဒီကေန႔မွာ မန္ယူနဲ႔ေဆးစစ္မႈခံယူမွာျဖစ္ၿပီး ၆ ႏွစ္စာခ်ဳပ္ကိုလက္မွတ္ေရးထိုးမွာျဖစ္ပါတယ္။

ေရာ္ဂ်ာက”မက္ဂြဲယားအတြက္ေျပာင္းေရႊ႕ေၾကးကို က်ြန္ေတာ္တို႔သေဘာတူလိုက္ပါၿပီ။ ဒီေတာ႔ က်ြန္ေတာ္႔အလုပ္ကေရွ႕ဆက္ၿပီးရွိတဲ႔သူနဲ႔ဆက္လက္ႀကိဳးပမ္းဖို႔ပါဘဲ။ဒါဟာ မယုံႏိုင္စရာေကာင္းတဲ႔ စီးပြားေရးရာလုပ္ေဆာင္ႏိုင္မႈတစ္ခုပါဘဲ။ ဒါေပမယ္႔ ေစ်းကြက္ကလည္းဒီအတိုင္းျဖစ္ဖို႔ တြန္းအားေပးေနတာပါ။” လို႔ေျပာသြားပါတယ္။

မန္ယူဟာ မက္ဂြဲယားကိုရရွိဖို႔အတြက္ လက္စတာနဲ႔သီတင္းပတ္ေပါင္းမ်ားစြာေဆြးေႏြးမႈေတြျပဳ လုပ္ခဲ့ရတာျဖစ္ၿပီး အခုမွသေဘာတူညီခ်က္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။သူဟာ လီဗာပူးေနာက္ခံလူ ဗန္ဂ်စ္ကိုေက်ာ္ျဖတ္ၿပီး ကမၻာ႔စံခ်ိန္တင္ေနာက္ခံလူျဖစ္လာခဲ့တာပါ။

မန္ယူဟာ ၀မ္ဘစ္ဆာကာအတြက္ေပါင္သန္း ၅၀၊ ဒန္နီရယ္ဂ်ိမ္းစ္အတြက္ေပါင္ ၁၅ သန္းနဲ႔ မက္ဂြဲယားအတြက္ေပါင္ ၈၅ သန္းသုံးစြဲလိုက္လို႔ ဒီႏွစ္ေႏြရာသီေစ်းကြက္ထဲမွာ ေပါင္သန္း ၁၅၀ သုံးစြဲထားၿပီးျဖစ္ပါတယ္။ သူတို႔ဟာ ဘရူႏိုဖာနန္ဒက္စ္ကိုေခၚယူႏိုင္ခဲ့မယ္ဆိုရင္ အသုံးစားရိတ္ေပါင္သန္း ၂၀၀ ေက်ာ္သြားမွာျဖစ္ပါတယ္။

Unicode

မယုံနိုင်စရာကောင်းတဲ့ စီးပွားရေးရာလုပ်ဆောင်နိုင်မှုတစ်ခုလို့ ဘရန်ဒန်ရော်ဂျာဟစ်ကြွေး
လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက မက်ဂွဲယားကိုပေါင် ၈၅ သန်းနဲ့မန်ယူအသင်းဆီရောင်းချလိုက်နိုင်တာဟာ ကလပ်ရဲ့မယုံနိုင်စရာကောင်းတဲ့ စီးပွားရေးရာလုပ်ဆောင်နိုင်မှုတစ်ခုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒီဈေးဟာနောက်ခံလူ တွေထဲမှာကမ္ဘာ့စံချိန်တင်ဈေးလည်းဖြစ်ပါတယ်။

လက်စတာဟာ ၂၀၁၇ ကမက်ဂွဲယားကို ဟားလ်စီးတီးကနခေါ်ယူခဲ့တုန်းကပေါင် ၁၇ သန်းသာပေးခဲ့ရလို့ အများကြီးအမြတ်ထွက်ခဲ့ပြီး စီးပွားရေးအရအကျိုးအမြတ်ကြီးမားခဲ့တာပါ။ မက်ဂွဲယားဟာ ဒီကနေ့မှာ မန်ယူနဲ့ဆေးစစ်မှုခံယူမှာဖြစ်ပြီး ၆ နှစ်စာချုပ်ကိုလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။

ရော်ဂျာက”မက်ဂွဲယားအတွက်ပြောင်းရွှေ့ကြေးကို ကျွန်တော်တို့သဘောတူလိုက်ပါပြီ။ ဒီတော့ ကျွန်တော့်အလုပ်ကရှေ့ဆက်ပြီးရှိတဲ့သူနဲ့ဆက်လက်ကြိုးပမ်းဖို့ပါဘဲ။ဒါဟာ မယုံနိုင်စရာကောင်းတဲ့ စီးပွားရေးရာလုပ်ဆောင်နိုင်မှုတစ်ခုပါဘဲ။ ဒါပေမယ့် ဈေးကွက်ကလည်းဒီအတိုင်းဖြစ်ဖို့ တွန်းအားပေးနေတာပါ။” လို့ပြောသွားပါတယ်။

မန်ယူဟာ မက်ဂွဲယားကိုရရှိဖို့အတွက် လက်စတာနဲ့သီတင်းပတ်ပေါင်းများစွာဆွေးနွေးမှုတွေပြု လုပ်ခဲ့ရတာဖြစ်ပြီး အခုမှသဘောတူညီချက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာ လီဗာပူးနောက်ခံလူ ဗန်ဂျစ်ကိုကျော်ဖြတ်ပြီး ကမ္ဘာ့စံချိန်တင်နောက်ခံလူဖြစ်လာခဲ့တာပါ။

မန်ယူဟာ ဝမ်ဘစ်ဆာကာအတွက်ပေါင်သန်း ၅၀၊ ဒန်နီရယ်ဂျိမ်းစ်အတွက်ပေါင် ၁၅ သန်းနဲ့ မက်ဂွဲယားအတွက်ပေါင် ၈၅ သန်းသုံးစွဲလိုက်လို့ ဒီနှစ်နွေရာသီဈေးကွက်ထဲမှာ ပေါင်သန်း ၁၅၀ သုံးစွဲထားပြီးဖြစ်ပါတယ်။ သူတို့ဟာ ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသုံးစားရိတ်ပေါင်သန်း ၂၀၀ ကျော်သွားမှာဖြစ်ပါတယ်။