မန္ယူပြဲတိုင္းအတြက္ သူမွန္းထားတဲဲ့ပစ္မွတ္ကို ဖြင့္ဟလုိက္တဲ့ ဘစ္ဆာကာ

photo-gettyimages

photo-gettyimages

ေနာက္ခံလူဘစ္ဆာကာဟာ ဒီရာသီမန္ယူအသင္းရဲ႕ပြဲတိုင္းမွာ ဖ်က္ထုတ္မႈအမ်ားဆုံးသူျဖစ္ဖို႔ ရည္မွန္းထားေၾကာင္း ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ သူဟာ ဒီေႏြရာသီအေျပာငး္အေရႊ႕မွာ ခရစၥတယ္ပဲေလ့စ္ေန ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၅၀ နဲ႔ ေရာက္ရွိလာခဲ့ကာ အခ်ိန္တိုအတြင္း မန္ယူနဲ႔ေကာင္းစြာအသားက်ေနသူလည္း ျဖစ္ပါတယ္။ နည္းျပဆုိးလ္္ရွားက ဆစ္ဆာကာကို ေရွ႕တက္ၿပီး ဖန္တီးၿခိမ္းေျခာက္ႏိုင္ေရးပိုလုပ္ႏိုင္ဖို႔ တြန္းအားေပးထားပါတယ္။ ဒါေပမဲ့လည္း အသက္ ၂၁ ႏွစ္အရြယ္ အဲဒီအဂၤလန္သားကေတာ့ ေနာက္တန္းမွာ ၿပိဳင္ဘက္ေတြကို ဖ်က္ထုတ္ရတာပိုႀကိဳက္တယ္လို႔ ၀န္ခံထားပါတယ္။

photo-gettyimages

”ကၽြန္ေတာ္က ဖ်က္ထုတ္မႈေတြကို ႀကိဳက္ပါတယ္။ ပြဲတိုင္းမွာ ဖ်က္ထုတ္မႈအမ်ားဆုံးသူျဖစ္ခ်င္ပါတယ္။ အဲဒါက ကၽြန္ေတာ့္ရည္မွန္းခ်က္ပါ။ ဖ်က္ထုတ္မႈမ်ားမာ်းမလုပ္ႏိုင္ဘဲ ပြဲတစ္ပြဲၿပီးသြားတာကို ကၽြန္ေတာ္ တကယ္မေပ်ာ္ႏိုင္ပါဘူး။ ေတာင္ပံကစားသမားေတြကေတာ့ အဲဒါကို မုန္းပါတယ္။ ကၽြန္ေတာ္လည္း ေတာင္ပံကစားသမားျဖစ္တုန္းက ဖ်က္ထုတ္ခံရတာကို မုန္းပါတယ္။ ကၽြန္ေတာ္က ၿပိဳင္ဘက္တစ္ေယာက္ကို ေက်ာ္ျဖတ္ႏို္င္ဖုိ႔ ႀကိဳးပမ္းေနခ်ိန္မွာ သူက ကၽြန္ေတာ့္ကို ဆလိုက္ထုိးလုိက္ပါတယ္။ ငါ ေနာက္တစ္ႀကိမ္မလဲခ်င္ေတာ့ဘူးလို႔ ကၽြန္ေတာ္ေတြးလုိက္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ကစားပုံကို ေျပာငး္ရမယ္ေလ။သိတယ္မလား”လုိ႔ ဘစ္ဆာကာက မန္ယူအသင္း၀က္ဘ္ဆိုဒ္ကို ေျပာၾကားခဲ့တာပါ။

photo-gettyimages

ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၂ ပြဲမွာတင္ ဘစ္ဆာကာဟာ စုစုေပါင္း ၁၅ ႀကိမ္နဲ႔ ဖ်က္ထုတ္မႈအမ်ားဆုံးသူအျဖစ္ ရပ္တည္ေနပါတယ္။ သူဟာ ဒုတိယေနရာက ရီကာဒိုပါရဲရားထက္ ဖ်က္ထုတ္မႈ ၂ ႀကိမ္ပိုလုပ္ႏိုင္ခဲ့တာပါ။ ေလာေလာဆယ္ေတာ့ ဘစ္ဆာကာဟာ ဒီတစ္ပတ္ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕အသင္းေဟာင္းခရစၥတယ္ပဲေလ့စ္ကို ပထမဆုံးအႀကိမ္ျပန္လည္ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။

[Unicode]

နောက်ခံလူဘစ်ဆာကာဟာ ဒီရာသီမန်ယူအသင်းရဲ့ပွဲတိုင်းမှာ ဖျက်ထုတ်မှုအများဆုံးသူဖြစ်ဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ သူဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ခရစ္စတယ်ပဲလေ့စ်နေ ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ နဲ့ ရောက်ရှိလာခဲ့ကာ အချိန်တိုအတွင်း မန်ယူနဲ့ကောင်းစွာအသားကျနေသူလည်း ဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားက ဆစ်ဆာကာကို ရှေ့တက်ပြီး ဖန်တီးခြိမ်းခြောက်နိုင်ရေးပိုလုပ်နိုင်ဖို့ တွန်းအားပေးထားပါတယ်။ ဒါပေမဲ့လည်း အသက် ၂၁ နှစ်အရွယ် အဲဒီအင်္ဂလန်သားကတော့ နောက်တန်းမှာ ပြိုင်ဘက်တွေကို ဖျက်ထုတ်ရတာပိုကြိုက်တယ်လို့ ဝန်ခံထားပါတယ်။

”ကျွန်တော်က ဖျက်ထုတ်မှုတွေကို ကြိုက်ပါတယ်။ ပွဲတိုင်းမှာ ဖျက်ထုတ်မှုအများဆုံးသူဖြစ်ချင်ပါတယ်။ အဲဒါက ကျွန်တော့်ရည်မှန်းချက်ပါ။ ဖျက်ထုတ်မှုများမာျးမလုပ်နိုင်ဘဲ ပွဲတစ်ပွဲပြီးသွားတာကို ကျွန်တော် တကယ်မပျော်နိုင်ပါဘူး။ တောင်ပံကစားသမားတွေကတော့ အဲဒါကို မုန်းပါတယ်။ ကျွန်တော်လည်း တောင်ပံကစားသမားဖြစ်တုန်းက ဖျက်ထုတ်ခံရတာကို မုန်းပါတယ်။ ကျွန်တော်က ပြိုင်ဘက်တစ်ယောက်ကို ကျော်ဖြတ်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ သူက ကျွန်တော့်ကို ဆလိုက်ထိုးလိုက်ပါတယ်။ ငါ နောက်တစ်ကြိမ်မလဲချင်တော့ဘူးလို့ ကျွန်တော်တွေးလိုက်ပါတယ်။ ကျွန်တော့်ရဲ့ကစားပုံကို ပြောင်းရမယ်လေ။သိတယ်မလား”လို့ ဘစ်ဆာကာက မန်ယူအသင်းဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့တာပါ။

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲမှာတင် ဘစ်ဆာကာဟာ စုစုပေါင်း ၁၅ ကြိမ်နဲ့ ဖျက်ထုတ်မှုအများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။ သူဟာ ဒုတိယနေရာက ရီကာဒိုပါရဲရားထက် ဖျက်ထုတ်မှု ၂ ကြိမ်ပိုလုပ်နိုင်ခဲ့တာပါ။ လောလောဆယ်တော့ ဘစ်ဆာကာဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ သူ့ရဲ့အသင်းဟောင်းခရစ္စတယ်ပဲလေ့စ်ကို ပထမဆုံးအကြိမ်ပြန်လည်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။