မန္ယူပရိသတ္ေတြနဲ႔ ကလပ္ရဲ႕ဆက္ဆံပံုကို ေ၀ဖန္တုိက္ခိုက္လုိက္တဲ့ လူကာကူ

Photo Credit: Getty Images
Photo Credit: Getty Images

အင္တာမီလန္တုိက္စစ္မွဴးလူကာကူက အသင္းေဟာင္းမန္ယူမွာရွိစဥ္တုန္းက ပရိသတ္ေတြနဲ႔ ကလပ္ဘုတ္အဖြဲ႕ရဲ႕ဆက္ဆံပံုကုိ ေ၀ဖန္စကားဆုိလုိက္ၿပီး သူကုိယ္တုိင္အျပင္ ေပါ့ဂ္ဘာနဲ႔ ဆန္းခ်က္ဇ္တုိ႔ဟာ တရားခံေတြအျဖစ္ အၿမဲတမ္းသတ္မွတ္ခံခဲ့ရတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photo Credit: Getty Images

အဲဗာတန္ကေန မန္ယူကို ေပါင္ ၇၅ သန္းနဲ႔ေျပာင္းေရႊ႕ခဲ့တဲ့ လူကာကူဟာ ၂ ရာသီသာကစားခြင့္ရခဲ့ၿပီး ဒီေႏြရာသီမွာေတာ့ အင္တာမီလန္အသင္းထံ ေရာင္းခ်ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီက မန္ယူအသင္းရုန္းကန္ခဲ့ရမႈမွာ ေျခစြမ္းမျပႏုိင္တဲဲ့ လူကာကူကိုလည္း ေ၀ဖန္မႈမ်ားစြာရွိခဲ့ၿပီး ဆုိးလ္ရွားေရာက္ရွိလာခ်ိန္မွာေတာ့ ရက္ရွ္ဖုိ႔ဒ္ရဲ႕ အရန္ကစားသမားအျဖစ္သာပါ၀င္ခြင့္ရရွိိခဲ့ပါတယ္။ ဒါေၾကာင့္လည္း လူကာကူဟာ ဒီေႏြရာသီအတြင္း မန္ယူကထြက္ခြင့္ရဖုိ႔ အသည္းအသန္ႀကိဳးပမ္းခဲ့ၿပီး အဆံုးသတ္မွာ အင္တာမီလန္ကိုေျပာင္းေရႊ႕ႏုိင္ခဲ့တာပါ။

Photo Credit: Getty Images

မန္ယူမွာရွိေနစဥ္အခ်ိန္ေတြနဲ႔ပတ္သက္ၿပီး လူကာကူက ”အၿမဲတမ္း ေပါ့ဂ္ဘာ၊ ကၽြန္ေတာ္၊ ဒါမွမဟုတ္ ဆန္းခ်က္ဇ္ပါပဲ။ ကၽြန္ေတာ္တုိ႔ ၃ ေယာက္ပဲ တစ္ခ်ိန္လံုးအျပစ္တင္ခံခဲ့ရတာပါ။ သူတုိ႔အျပင္တင္ဖု႔ိ တျခားတစ္ေယာက္ကိုရွာခဲ့သင့္ပါတယ္။ ဒီႏွစ္ထဲမွာ ကၽြန္ေတာ္တစ္ေယာက္ပဲ ကစားပံုဆိုးခဲ့တာမဟုတ္ပါဘူး။ ကစားသမားအမ်ားႀကီးက ဆုိးဆုိးရြားရြားကစားခဲ့ၾကတာပါ။ ဒါေပမဲ့ သူတုိ႔က တရားခံရွာဖုိ႔ေလာက္ပဲသိၾကတယ္။ ကၽြန္ေတာ့္အေပၚ အျပစ္ပံုခ်ခ်င္လည္းခ်ေပါ့။ ဂရုေတာ့မစိုက္ပါဘူး။ ကိုယ့္လုပ္စရာရွိတာ လုပ္ရမွာပဲေလ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photo Credit: Getty Images

ဒ့ါအျပင္ လူကာကူက မန္ယူအသင္းမွာသာ အဆင္မေျပျဖစ္ခဲ့ေပမယ့္ ႏုိင္ငံအသင္း ဘယ္လ္ဂ်ီယံကိုေရာက္ခ်ိန္မွာေတာ့ သူဟာ အေကာင္းဆံုးေျခစြမ္းျပႏုိင္ကာ ဂိုးေတြလည္းသြင္းယူႏုိင္ခဲ့သလုိ ေပ်ာ္ရႊင္မႈအျပည့္လည္းရွိခဲ့ေၾကာင္း၊ ရာသီသိမ္းခ်ိန္မွာ အေျပာင္းအေရႊ႕သတင္းအမ်ဳိးမ်ဳိးထြက္ခဲ့ေပမယ့္ ကလပ္ဘက္က ဘယ္သူတစ္ဦးတစ္ေယာက္ကမွ သူ႕ကိုကာကြယ္မႈမေပးခဲ့ေၾကာင္း၊ ဟိုေရာက္မယ္..ဒီေရာက္မယ္ဆုိၿပီး ေကာလဟာလေတြထြက္ေနခ်ိန္မွာ မန္ယူတာ၀န္တစ္ဦးက ေရွ႕ထြက္လာၿပီး လူကာကူကေတာ့ သူ႕ရဲ႕ေနရာအတြက္ပဲ တုိက္ပြဲ၀င္သြားမွာျဖစ္တယ္ဆုိၿပီး ကာကြယ္မႈေပးတာမ်ဳိးကို သူေစာင့္စားခဲ့ေသးေၾကာင္း ေ၀ဖန္ေျပာၾကားခဲ့ပါတယ္။

(Unicode)

မန်ယူပရိသတ်တွေနဲ့ ကလပ်ရဲ့ဆက်ဆံပုံကို ဝေဖန်တိုက်ခိုက်လိုက်တဲ့ လူကာကူ

အင်တာမီလန်တိုက်စစ်မှူးလူကာကူက အသင်းဟောင်းမန်ယူမှာရှိစဉ်တုန်းက ပရိသတ်တွေနဲ့ ကလပ်ဘုတ်အဖွဲ့ရဲ့ဆက်ဆံပုံကို ဝေဖန်စကားဆိုလိုက်ပြီး သူကိုယ်တိုင်အပြင် ပေါ့ဂ်ဘာနဲ့ ဆန်းချက်ဇ်တို့ဟာ တရားခံတွေအဖြစ် အမြဲတမ်းသတ်မှတ်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဗာတန်ကနေ မန်ယူကို ပေါင် ၇၅ သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ လူကာကူဟာ ၂ ရာသီသာကစားခွင့်ရခဲ့ပြီး ဒီနွေရာသီမှာတော့ အင်တာမီလန်အသင်းထံ ရောင်းချခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းရုန်းကန်ခဲ့ရမှုမှာ ခြေစွမ်းမပြနိုင်တဲဲ့ လူကာကူကိုလည်း ဝေဖန်မှုများစွာရှိခဲ့ပြီး ဆိုးလ်ရှားရောက်ရှိလာချိန်မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ အရန်ကစားသမားအဖြစ်သာပါဝင်ခွင့်ရရှိိခဲ့ပါတယ်။ ဒါကြောင့်လည်း လူကာကူဟာ ဒီနွေရာသီအတွင်း မန်ယူကထွက်ခွင့်ရဖို့ အသည်းအသန်ကြိုးပမ်းခဲ့ပြီး အဆုံးသတ်မှာ အင်တာမီလန်ကိုပြောင်းရွှေ့နိုင်ခဲ့တာပါ။

မန်ယူမှာရှိနေစဉ်အချိန်တွေနဲ့ပတ်သက်ပြီး လူကာကူက ”အမြဲတမ်း ပေါ့ဂ်ဘာ၊ ကျွန်တော်၊ ဒါမှမဟုတ် ဆန်းချက်ဇ်ပါပဲ။ ကျွန်တော်တို့ ၃ ယောက်ပဲ တစ်ချိန်လုံးအပြစ်တင်ခံခဲ့ရတာပါ။ သူတို့အပြင်တင်ဖို့ တခြားတစ်ယောက်ကိုရှာခဲ့သင့်ပါတယ်။ ဒီနှစ်ထဲမှာ ကျွန်တော်တစ်ယောက်ပဲ ကစားပုံဆိုးခဲ့တာမဟုတ်ပါဘူး။ ကစားသမားအများကြီးက ဆိုးဆိုးရွားရွားကစားခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့က တရားခံရှာဖို့လောက်ပဲသိကြတယ်။ ကျွန်တော့်အပေါ် အပြစ်ပုံချချင်လည်းချပေါ့။ ဂရုတော့မစိုက်ပါဘူး။ ကိုယ့်လုပ်စရာရှိတာ လုပ်ရမှာပဲလေ”လို့ ပြောကြားခဲ့ပါတယ်။

ဒ့ါအပြင် လူကာကူက မန်ယူအသင်းမှာသာ အဆင်မပြေဖြစ်ခဲ့ပေမယ့် နိုင်ငံအသင်း ဘယ်လ်ဂျီယံကိုရောက်ချိန်မှာတော့ သူဟာ အကောင်းဆုံးခြေစွမ်းပြနိုင်ကာ ဂိုးတွေလည်းသွင်းယူနိုင်ခဲ့သလို ပျော်ရွှင်မှုအပြည့်လည်းရှိခဲ့ကြောင်း၊ ရာသီသိမ်းချိန်မှာ အပြောင်းအရွှေ့သတင်းအမျိုးမျိုးထွက်ခဲ့ပေမယ့် ကလပ်ဘက်က ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ကိုကာကွယ်မှုမပေးခဲ့ကြောင်း၊ ဟိုရောက်မယ်..ဒီရောက်မယ်ဆိုပြီး ကောလဟာလတွေထွက်နေချိန်မှာ မန်ယူတာဝန်တစ်ဦးက ရှေ့ထွက်လာပြီး လူကာကူကတော့ သူ့ရဲ့နေရာအတွက်ပဲ တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုပြီး ကာကွယ်မှုပေးတာမျိုးကို သူစောင့်စားခဲ့သေးကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။