မက္ဆီ ၃ လပြဲပယ္ခံလိုက္ရလို႔ ဘာစီလိုနာအတြက္သတင္းေကာင္းျဖစ္လာ

အာဂ်င္တီးနားအသင္းတိုက္စစ္မွဴ း မက္ဆီဟာၿပီးခဲ့တဲ႔ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ၿပိဳင္ပြဲကိုသိကၡာက်ေစတဲ႔ မွတ္ခ်က္ျပဳ စကားေျပာဆိုခဲ့တဲ႔အတြက္ ႏိုင္ငံတကာပြဲေတြမွာ ပါ၀င္ကစားခြင့္ ၃ လပိတ္ပင္ခံခဲ့ရၿပီး ဒဏ္ေငြေပါင္ ၄၁၀၀၀ ေပးေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။

တတိယေနရလုပြဲမွာအာဂ်င္တီးနားက ခ်ီလီကိုအႏိုင္ရခဲ့တဲ႔ပြဲမွာ မက္ဆီဟာၿပိဳင္ဘက္ကြင္းလယ္လူ မီဒဲလ္နဲ႔အတူတိုက္ရိုက္အနီကတ္ျပထုတ္ပယ္ခံခဲ့ရသူျဖစ္ပါတယ္။ အဲဒီပြဲအၿပီးမွာမက္ဆီက ေတာင္အေမရိကေဘာလုံးအဖြဲ႔ခ်ဳပ္ဟာ ျခစားမႈေတြရွိေနၿပီး ကိုပါအေမရိကၿပိဳင္ပြဲဟာလည္း အိမ္ရွင္ဘရာဇီးသာဗိုလ္စြဲေအာင္ႀကိဳတင္ႀကံစည္ထားတာျဖစ္တယ္လို႔ ေျပာသြားပါတယ္။

ဒါဟာဆီမီးဖိုင္နယ္အဆင့္မွာ အိမ္ရွင္ဘရာဇီးကိုအျငင္းပြားဖြယ္ရာေတြနဲ႔ရႈံးနိမ့္ခဲ့မႈကို မေက်မနပ္ျဖစ္ၿပီး ရည္ညႊန္းေျပာဆိုျခင္းလည္းျဖစ္ပါတယ္။ မက္ဆီဟာၿပီးခဲ့တဲ႔ လကတည္းက တစ္ပြဲပယ္ျပစ္ဒဏ္ကိုခံယူခဲ့ရၿပီးျဖစ္ေပမယ္႔ ေတာင္အေမရိကအဖြဲ႔ခ်ဳပ္ကသူ႔မွတ္ခ်က္အတြက္စြဲခ်က္တင္ကာ ၃ လပြဲပယ္ျပစ္ဒဏ္ခ်မွတ္လိုက္တာျဖစ္ပါတယ္။

ဒီျပစ္ဒဏ္ေၾကာင့္ မက္ဆီဟာ ဒီႏွစ္ကုန္တဲ႔အထိအာဂ်င္တီးနားအတြက္ကစားေပးႏိုင္ေတာ႔မွာ မဟုတ္လို႔ ဘာစီလိုနာအတြက္သတင္းေကာင္းျဖစ္ခဲ့ရတယ္လို႔လည္းဆိုပါတယ္။ အာဂ်င္တီးနားဟာ ဒီႏွစ္ထဲမွာဖီဖာေဘာလုံးျပကၡဒိန္အတိုင္း ႏိုင္ငံတကာပြဲ ၃ ႀကိမ္ကစားရမွာျဖစ္ပါတယ္။

အာဂ်င္တီးနားအတြက္ေရာ ဘာစီလိုနာအတြက္ပါအသင္းေခါင္းေဆာင္ျဖစ္တဲ႔ မက္ဆီရဲ႕ႏိုင္ငံတကပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အာဂ်င္တီးနားအတြက္ကစားၿပီး သူဒဏ္ရာရမွာကို ဘာစီလိုနာဘက္ကစိုးရိမ္စရာမလိုေတာ႔လို႔ နည္းျပဗယ္ဗာဒီအတြက္ သတင္းေကာင္းျဖစ္ခဲ့ပါတယ္။

Unicode

မက်ဆီ ၃ လပွဲပယ်ခံလိုက်ရလို့ ဘာစီလိုနာအတွက်သတင်းကောင်းဖြစ်လာ
အာဂျင်တီးနားအသင်းတိုက်စစ်မှူ း မက်ဆီဟာပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပြိုင်ပွဲကိုသိက္ခာကျစေတဲ့ မှတ်ချက်ပြု စကားပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာပွဲတွေမှာ ပါဝင်ကစားခွင့် ၃ လပိတ်ပင်ခံခဲ့ရပြီး ဒဏ်ငွေပေါင် ၄၁၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

တတိယနေရလုပွဲမှာအာဂျင်တီးနားက ချီလီကိုအနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီဟာပြိုင်ဘက်ကွင်းလယ်လူ မီဒဲလ်နဲ့အတူတိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီပွဲအပြီးမှာမက်ဆီက တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ ခြစားမှုတွေရှိနေပြီး ကိုပါအမေရိကပြိုင်ပွဲဟာလည်း အိမ်ရှင်ဘရာဇီးသာဗိုလ်စွဲအောင်ကြိုတင်ကြံစည်ထားတာဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒါဟာဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ရှင်ဘရာဇီးကိုအငြင်းပွားဖွယ်ရာတွေနဲ့ရှုံးနိမ့်ခဲ့မှုကို မကျေမနပ်ဖြစ်ပြီး ရည်ညွှန်းပြောဆိုခြင်းလည်းဖြစ်ပါတယ်။ မက်ဆီဟာပြီးခဲ့တဲ့ လကတည်းက တစ်ပွဲပယ်ပြစ်ဒဏ်ကိုခံယူခဲ့ရပြီးဖြစ်ပေမယ့် တောင်အမေရိကအဖွဲ့ချုပ်ကသူ့မှတ်ချက်အတွက်စွဲချက်တင်ကာ ၃ လပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီပြစ်ဒဏ်ကြောင့် မက်ဆီဟာ ဒီနှစ်ကုန်တဲ့အထိအာဂျင်တီးနားအတွက်ကစားပေးနိုင်တော့မှာ မဟုတ်လို့ ဘာစီလိုနာအတွက်သတင်းကောင်းဖြစ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ အာဂျင်တီးနားဟာ ဒီနှစ်ထဲမှာဖီဖာဘောလုံးပြက္ခဒိန်အတိုင်း နိုင်ငံတကာပွဲ ၃ ကြိမ်ကစားရမှာဖြစ်ပါတယ်။

အာဂျင်တီးနားအတွက်ရော ဘာစီလိုနာအတွက်ပါအသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဆီရဲ့နိုင်ငံတကပွဲပယ်ပြစ်ဒဏ်ကြောင့် အာဂျင်တီးနားအတွက်ကစားပြီး သူဒဏ်ရာရမှာကို ဘာစီလိုနာဘက်ကစိုးရိမ်စရာမလိုတော့လို့ နည်းပြဗယ်ဗာဒီအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။