မက္ဆီေၾကာင့္ ေကာ္တင္ဟိုထြက္ခဲ့ရတာလုိ႔ ဘာစီလိုနာဂႏၳ၀င္ရီဗယ္ဒိုသုံးသပ္

photo-gettyimages

photo-gettyimages

ဘာစီလုိနာအသင္းရဲ႕ဂႏၳ၀င္ကစားသမားတစ္ေယာက္ျဖစ္တဲ့ရီဗယ္ဒိုဟာ ဘိုင္ယန္ျမဴးနစ္ကို ေကာ္တင္ဟုိ တစ္ရာသီအငွားနဲ႔ေျပာင္းသြားတဲ့အေပၚ စိတ္ပ်က္ရေၾကာင္းဖြင့္ဟခဲ့ၿပီး ဘာေၾကာင့္ ေကာ္တင္ဟိုအဲဒီလုပ္တယ္ဆုိတာကိုလည္း နားလည္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ေကာ္တင္ဟိုဟာ ၂၀၁၈ ဇန္န၀ါရီလက လီဗာပူးကေန ေျပာင္းေရႊ႕ေၾကးေပါင္ ၁၄၂ သန္းနဲ႔ ဘာစီလိုနာကိုေရာက္လာခဲ့တာပါ။ ဒါေပမဲ့ သူဟာ လီဗာပူးမွာျပခဲ့တဲ့ေျခစြမ္းမ်ိဳး ဘာစီလိုနာမွာျပႏိုင္ဖို႔ ရုန္းကန္ခဲ့ရပါတယ္။

photo-gettyimages

အဲဒီဘရာဇီးသားဟာ ဘာစီလိုနာနဲ႔အတူ လာလီဂါ ၂ ႀကိမ္နဲ႔ စပိန္ဘုရင့္ဖလား ၁ ႀကိမ္ေအာင္ျမင္ခဲ့ၿပီး ဘာစီလုိနာအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၇၅ ပြဲမွာ ၂၁ ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း သူဟာ ဘာစီလုိနာမွာ ေမွ်ာ္မွန္းထားသေလာက္ စြမ္းေဆာင္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ ဘာစီလုိနာဂႏၳ၀င္တိုက္စစ္မႈးေဟာင္းျဖစ္တဲ့ ရီဗယ္ဒုိကေတာ့ ႏူးကမ့္မွာ ေကာ္တင္ဟိုမေအာင္ျမင္ခဲ့ရာမွာ မက္ဆီရဲဲ႕လႊမ္းမိုးမႈက အဓိကေနရာက ပါ၀င္ေနတယ္လုိ႔ ယုံၾကည္ေနပါတယ္။

photo-gettyimages

”ဘာစီလိုနာမွာ ေအာင္ျမင္ႏိုင္မယ့္အရည္အေသြး ေကာ္တင္ဟိုရွိတယ္လို႔ ကၽြန္ေတာ္အၿမဲယုံၾကည္ခဲ့တာပါ။ ဒါေပမဲ့ အရမ္းကိုအခ်ိန္ယူခဲ့ရၿပီး ေကာ္တင္ဟိုလည္း ဘိုင္ယန္ကိုေျပာင္းသြားခဲ့ရၿပီ။ ပြဲထြက္စာရင္းမွာ ေကာ္တင္ဟို ေနရာပုံမွန္မရတာနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္နည္းနည္းစိတ္ပ်က္ခဲ့ရပါတယ္။ ဒါေပမဲ့ သူကိုယ္တိုင္ကလည္း ယုံၾကည္မႈမရွိေတာ့သလို မေပ်ာ္ရႊင္ေတာ့ပါဘူး။ ဒါေၾကာင့္ လီဗာပူးတုန္းက အေကာင္းေျခစြမ္းျပန္ရဖို႔ ေနာက္ထပ္အသင္းႀကီးတစ္သင္းကို သူေရြးခ်ယ္ခဲ့တာျဖစ္မွာပါ။ မက္ဆီရွိေနတဲ့အသင္းတစ္သင္းမွာ ေနရာလြတ္ရွာဖို႔က ဘယ္ေတာ့မွလြယ္ကူမွာမဟုတ္ပါဘူး။ ဒီအာဂ်င္တီနားၾကယ္ပြင့္က အသင္းကိုဦးေဆာင္သူျဖစ္သလို အစစအရာရာတာ၀န္ယူကစားတတ္ၿပီး အေကာင္းဆုံးအဆင့္မွာ ေနာက္ထပ္ ၃၊ ၄ ႏွစ္ေလာက္ ဆက္ကစားႏိုင္ဦးမွာပါ။ ဒါေၾကာင့္ ဘာစီလိုနာမွာ တျခားကစားသမားေတြ သူတို႔ရဲ႕အေကာင္းဆုံးပုံစံရတာ ျမင္ရဖုိ႔က ခက္ပါတယ္”လုိ႔ ရီဗယ္ဒိုက ေျပာၾကားခဲ့တာပါ။

[Unicode]

ဘာစီလိုနာအသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ရီဗယ်ဒိုဟာ ဘိုင်ယန်မြူးနစ်ကို ကော်တင်ဟို တစ်ရာသီအငှားနဲ့ပြောင်းသွားတဲ့အပေါ် စိတ်ပျက်ရကြောင်းဖွင့်ဟခဲ့ပြီး ဘာကြောင့် ကော်တင်ဟိုအဲဒီလုပ်တယ်ဆိုတာကိုလည်း နားလည်ကြောင်း ပြောကြားလိုက်ပါတယ်။ ကော်တင်ဟိုဟာ ၂၀၁၈ ဇန်နဝါရီလက လီဗာပူးကနေ ပြောင်းရွှေ့ကြေးပေါင် ၁၄၂ သန်းနဲ့ ဘာစီလိုနာကိုရောက်လာခဲ့တာပါ။ ဒါပေမဲ့ သူဟာ လီဗာပူးမှာပြခဲ့တဲ့ခြေစွမ်းမျိုး ဘာစီလိုနာမှာပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အဲဒီဘရာဇီးသားဟာ ဘာစီလိုနာနဲ့အတူ လာလီဂါ ၂ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၁ ကြိမ်အောင်မြင်ခဲ့ပြီး ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၇၅ ပွဲမှာ ၂၁ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ ဘာစီလိုနာမှာ မျှော်မှန်းထားသလောက် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဘာစီလိုနာဂန္ထဝင်တိုက်စစ်မှုးဟောင်းဖြစ်တဲ့ ရီဗယ်ဒိုကတော့ နူးကမ့်မှာ ကော်တင်ဟိုမအောင်မြင်ခဲ့ရာမှာ မက်ဆီရဲ့လွှမ်းမိုးမှုက အဓိကနေရာက ပါဝင်နေတယ်လို့ ယုံကြည်နေပါတယ်။

”ဘာစီလိုနာမှာ အောင်မြင်နိုင်မယ့်အရည်အသွေး ကော်တင်ဟိုရှိတယ်လို့ ကျွန်တော်အမြဲယုံကြည်ခဲ့တာပါ။ ဒါပေမဲ့ အရမ်းကိုအချိန်ယူခဲ့ရပြီး ကော်တင်ဟိုလည်း ဘိုင်ယန်ကိုပြောင်းသွားခဲ့ရပြီ။ ပွဲထွက်စာရင်းမှာ ကော်တင်ဟို နေရာပုံမှန်မရတာနဲ့ပတ်သက်လို့ ကျွန်တော်နည်းနည်းစိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း ယုံကြည်မှုမရှိတော့သလို မပျော်ရွှင်တော့ပါဘူး။ ဒါကြောင့် လီဗာပူးတုန်းက အကောင်းခြေစွမ်းပြန်ရဖို့ နောက်ထပ်အသင်းကြီးတစ်သင်းကို သူရွေးချယ်ခဲ့တာဖြစ်မှာပါ။ မက်ဆီရှိနေတဲ့အသင်းတစ်သင်းမှာ နေရာလွတ်ရှာဖို့က ဘယ်တော့မှလွယ်ကူမှာမဟုတ်ပါဘူး။ ဒီအာဂျင်တီနားကြယ်ပွင့်က အသင်းကိုဦးဆောင်သူဖြစ်သလို အစစအရာရာတာဝန်ယူကစားတတ်ပြီး အကောင်းဆုံးအဆင့်မှာ နောက်ထပ် ၃၊ ၄ နှစ်လောက် ဆက်ကစားနိုင်ဦးမှာပါ။ ဒါကြောင့် ဘာစီလိုနာမှာ တခြားကစားသမားတွေ သူတို့ရဲ့အကောင်းဆုံးပုံစံရတာ မြင်ရဖို့က ခက်ပါတယ်”လို့ ရီဗယ်ဒိုက ပြောကြားခဲ့တာပါ။