မက္ဆီရဲ႕ေပြ႔ဖက္အားေပးမႈနဲ႔ လာလီဂါရဲ႕ဒုတိယအသက္ငယ္ဆုံးဘာကာကစားသမား

0
878

photo-the sun

photo-reuters

အန္ဆူမာနီဖာတီဆိုတဲ့ခ်ာတိတ္ေလးဟာ ဘက္တစ္ကို ၅-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့လာလီဂါပြဲစဥ္မွာ ၀င္ကစားၿပီး လာလီဂါသမိုုင္းတစ္ေလွ်ာက္ ဒုတိယအသက္ငယ္ဆုံးဘာစီလိုနာကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ သူဟာ ၁၉၄၁ ခုႏွစ္ေနာက္ပိုင္းမွာ ဘာစီလုိနာအတြက္ လာလီဂါပြဲကစားေပးတဲ့ အသက္ငယ္ဆုံးကစားသမားလည္း ျဖစ္လာခဲ့တာပါ။ အဲဒီပြဲမွာ ဘာစီလုိနာအတြက္ သူ႔ရဲ႕ေစ်းဦးေပါက္ဂိုးေတြကို ၾကယ္ပြင့္တိုက္စစ္မႈးဂရစ္ဇ္မန္းသြင္းႏိုင္မႈက မီဒီယာေတြၾကားပိုစိတ္၀င္စားစရာျဖစ္ခဲ့ေပမယ့္ ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ဖာတီလူစား၀င္လာမႈက ဘာစီလုိနာရဲ႕ေတာက္ပတဲ့အနာဂါတ္ကိုေဖာ္ျပရာေရာက္ၿပီး စံခိ်န္မွတ္တမ္းတစ္ခုလည္း ျဖစ္လာခဲ့တာပါ။

photo-gettyimages

အသက္ ၁၆ ႏွစ္သာရွိေသးတဲ့ဖာတီဟာ ဘာစီလိုနာရဲ႕လူငယ္အသင္းတစ္သငး္ျဖစ္တဲ့ ယူ-၁၈ အသင္းမွာ ကစားေနသူျဖစ္ၿပီး အခုလုိ လာလီဂါမွာ ေစာလ်င္စြာကစားခြင့္ရဖို႔ ေမွ်ာ္မွန္းထားတာ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း မက္ဆီ၊ဆြာရက္ဇ္နဲ႔ဒမ္ဘီလီတို႔ရဲ႕တိုက္စစ္ပိုင္းဒဏ္ရာျပသနာေတြေၾကာင့္ ဖာတီဟာ ဘက္တစ္နဲ႔ပြဲအတြက္ အရန္စာရင္းထဲမွာ မေမွ်ာ္လင့္ဘဲ ပါ၀င္ခြင့္ရခဲ့တာပါ။ ဒါေတာင္မွ ဘာစီလုိနာဟာ ဖာတီကုိ လူစာရငး္ထဲထည့္ႏိုင္ဖို႔ သူ႔မိဘရဲ႕ခြင့္ျပဳခ်က္ယူခဲ့ရပါတယ္။ လာလီဂါၿပိဳင္ပြဲရဲ႕စည္းမ်ဥ္းစည္းကမ္းမွာက အသက္မျပည့္ေသးတဲ့ကစားသမားေတြကို ညဘက္ပြဲေတြမွာ အသုံးျပဳမယ္ဆိုရင္ မိဘခြင့္ျပဳခ်က္ယူရတာပါ။ အဲဒီေနာက္မွာေတာ့ ဖာတီနဲ႔ ဘက္တစ္နဲ႔ပြဲရဲ႕ေနာက္ဆုံး ၁၂ မိနစ္ကို ၀င္ကစားခြင့္ရခဲ့ပါတယ္။

photo-gettyimages

ပြဲသိမး္ခရာမႈတ္ၿပီးခ်ိန္မွာ ဖာတီတစ္ေယာက္ ဘာစီလိုနာအတြက္ လာလီဂါပြဲဦးထြက္ႏိုင္ခဲ့လို႔ အလြန္အမင္းေပ်ာ္ရႊင္ခဲ့သလို အသင္းေခါင္းေဆာင္မက္ဆီထံကေန အားေပးခ်ီးက်ဴးမႈကုိေတာင္ ရရွိသြားခဲ့ပါတယ္။ မက္ဆီက ဖာတီကို သူေပြ႕ဖက္အားေပးေနပုံကို ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram မွာ ျပန္လည္မွ်ေ၀ခဲ့တာပါ။ အဲဒီပုံနဲ႔အတူ မက္ဆီက ”ပထမအသင္းႀကီးကိုေရာက္တဲ့သူတို႔ရဲ႕အိပ္မက္ေတြ ေကာင္ေလးေတြျပည့္သြားတာနဲ႔ ႏူးကမ့္က ပြဲစဥ္တစ္ခုမွာ သူတို႔ကစားခြင့္ရတာကိုၾကည့္ၿပီး အရမ္းကိုေပ်ာ္ရႊင္ရပါတယ္”လို႔ ေရးသားေဖာ္ျပသြားခဲ့တာပါ။

[Unicode]

အန်ဆူမာနီဖာတီဆိုတဲ့ချာတိတ်လေးဟာ ဘက်တစ်ကို ၅-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲစဉ်မှာ ဝင်ကစားပြီး လာလီဂါသမိုင်းတစ်လျှောက် ဒုတိယအသက်ငယ်ဆုံးဘာစီလိုနာကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ သူဟာ ၁၉၄၁ ခုနှစ်နောက်ပိုင်းမှာ ဘာစီလိုနာအတွက် လာလီဂါပွဲကစားပေးတဲ့ အသက်ငယ်ဆုံးကစားသမားလည်း ဖြစ်လာခဲ့တာပါ။ အဲဒီပွဲမှာ ဘာစီလိုနာအတွက် သူ့ရဲ့ဈေးဦးပေါက်ဂိုးတွေကို ကြယ်ပွင့်တိုက်စစ်မှုးဂရစ်ဇ်မန်းသွင်းနိုင်မှုက မီဒီယာတွေကြားပိုစိတ်ဝင်စားစရာဖြစ်ခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ဖာတီလူစားဝင်လာမှုက ဘာစီလိုနာရဲ့တောက်ပတဲ့အနာဂါတ်ကိုဖော်ပြရာရောက်ပြီး စံချိန်မှတ်တမ်းတစ်ခုလည်း ဖြစ်လာခဲ့တာပါ။

အသက် ၁၆ နှစ်သာရှိသေးတဲ့ဖာတီဟာ ဘာစီလိုနာရဲ့လူငယ်အသင်းတစ်သင်းဖြစ်တဲ့ ယူ-၁၈ အသင်းမှာ ကစားနေသူဖြစ်ပြီး အခုလို လာလီဂါမှာ စောလျင်စွာကစားခွင့်ရဖို့ မျှော်မှန်းထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း မက်ဆီ၊ဆွာရက်ဇ်နဲ့ဒမ်ဘီလီတို့ရဲ့တိုက်စစ်ပိုင်းဒဏ်ရာပြသနာတွေကြောင့် ဖာတီဟာ ဘက်တစ်နဲ့ပွဲအတွက် အရန်စာရင်းထဲမှာ မမျှော်လင့်ဘဲ ပါဝင်ခွင့်ရခဲ့တာပါ။ ဒါတောင်မှ ဘာစီလိုနာဟာ ဖာတီကို လူစာရင်းထဲထည့်နိုင်ဖို့ သူ့မိဘရဲ့ခွင့်ပြုချက်ယူခဲ့ရပါတယ်။ လာလီဂါပြိုင်ပွဲရဲ့စည်းမျဉ်းစည်းကမ်းမှာက အသက်မပြည့်သေးတဲ့ကစားသမားတွေကို ညဘက်ပွဲတွေမှာ အသုံးပြုမယ်ဆိုရင် မိဘခွင့်ပြုချက်ယူရတာပါ။ အဲဒီနောက်မှာတော့ ဖာတီနဲ့ ဘက်တစ်နဲ့ပွဲရဲ့နောက်ဆုံး ၁၂ မိနစ်ကို ဝင်ကစားခွင့်ရခဲ့ပါတယ်။

ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာ ဖာတီတစ်ယောက် ဘာစီလိုနာအတွက် လာလီဂါပွဲဦးထွက်နိုင်ခဲ့လို့ အလွန်အမင်းပျော်ရွှင်ခဲ့သလို အသင်းခေါင်းဆောင်မက်ဆီထံကနေ အားပေးချီးကျူးမှုကိုတောင် ရရှိသွားခဲ့ပါတယ်။ မက်ဆီက ဖာတီကို သူပွေ့ဖက်အားပေးနေပုံကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာ ပြန်လည်မျှဝေခဲ့တာပါ။ အဲဒီပုံနဲ့အတူ မက်ဆီက ”ပထမအသင်းကြီးကိုရောက်တဲ့သူတို့ရဲ့အိပ်မက်တွေ ကောင်လေးတွေပြည့်သွားတာနဲ့ နူးကမ့်က ပွဲစဉ်တစ်ခုမှာ သူတို့ကစားခွင့်ရတာကိုကြည့်ပြီး အရမ်းကိုပျော်ရွှင်ရပါတယ်”လို့ ရေးသားဖော်ပြသွားခဲ့တာပါ။