မက္ဆီပုံစံေအာင္ပြဲခံေပမယ့္ အက်ၤီကိုေရွ႕နဲ႔ေနာက္မွားျပမိတဲ့ရစ္ခ်ာလီဆန္

photo-sportbible

photo-social media

တစ္ခါတစ္ေလေတာ့လည္း ေဘာလုံးကြငး္ထဲက တခ်ိဳ႕အျဖစ္အပ်က္ေတြဟာ အႀကီးအက်ယ္လြဲေခ်ာ္မႈနဲ႔အတူ ဟာသႀကီးျဖစ္ျဖစ္သြားတတ္ပါတယ္။ အဲဗာတန္က တိုက္စစ္မႈးရစ္ခ်ာလီဆန္လုိေပါ့။ မေန႔ည ေအာက္တန္းအသင္းငယ္ေလးလင္ကြန္းနဲ႔ အဂၤလန္လိဂ္ဖလားဒုတိယအဆင့္ပြဲစဥ္မွာ အဲဒီဘရာဇီးလက္ေရြးစင္တုိက္စစ္မႈးဟာ အဲဗာတန္အတြက္ ေနာက္က်အႏိုင္ဂိုးတစ္ဂိုးကို ေခါင္းတုိက္သြင္းႏိုင္ခဲ့ပါတယ္။ အဲဒီဂိုးသြင္းၿပီးေတာ့ မက္ဆီလိုေအာင္ပြဲခံခဲ့ေပမယ့္ ခၽြတ္လုိက္တဲ့သူ႔အက်ၤီကို ေရွ႕ေနာက္မွားျပမိတာပါ။

photo-gettyimages

မက္ဆီဟာ ၂၀၁၇ အတြင္းက ရီးရဲလ္နဲ႔အယ္ကလက္စီကိုပြဲစဥ္တစ္ခုမွာ ေနာက္က်အႏိုင္ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္ သူ႔အက်ၤီကိုခၽြတ္ၿပီး ပရိသတ္ေတြဘက္ကို သူ႔နာမည္ပါတဲ့အက်ၤီေနာက္ဘက္ ကိုင္ျပခဲ့ပါတယ္။ သူ႔နာမည္ကိုမေမ့ႏိုင္ေအာင္ဆုိတဲ့ပုံစံမ်ိဳးပါ။ မက္ဆီရဲ႕အဲဒီေအာင္ပြဲခံပုံစံဟာ အေတာ္ေလးနာမည္ႀကီးသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း အခုဘက္တစ္ကိုေရာက္ေနတဲ့ ဖီကာဟာ လိုင္ယြန္အတြက္ကစားေပးခဲ့စဥ္ ခါးသီးၿပိဳင္ဘက္စိန္႔အက္တီယန္နဲ႔႔ပြဲစဥ္မွာ ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္ မက္ဆီပုံစံေအာင္ပြဲခဲ့ပါေသးတယ္။ ဒီလိုပဲ စီေရာ္နယ္ဒိုဟာလည္း ရီးရဲလ္မွာရွိခဲ့စဥ္ စပိန္စူပါဖလားပြဲစဥ္အျဖစ္ ႏူးကမ့္မွာ ဘာစီလုိနာကိုဂိုးသြင္းၿပီး အႏုိင္ရခဲ့ေတာ့ မက္ဆီလုိပုံစံအတိုင္း ေအာင္ပြဲခံခဲ့ေသးတယ္။

photo-gettyimages

အခု ရစ္ခ်ာလီဆန္က မက္ဆီပုံစံေအာင္ပြဲခံေပမယ့္ အက်ၤီေရွ႕ေနာက္မွားျပမိေတာ့ သူ႔နာမည္နဲ႔ေက်ာနံပါတ္ကို ျပရာမေရာက္ဘဲ ျဖစ္သြားပါတယ္။ မက္ဆီေရာ ဖီကာပါ ခါးသီးၿပိဳင္ဘက္ကို ဂိုးသြင္းၿပီးမွ အဲဒီလုိေအာင္ပြဲခံတာျဖစ္ေပမယ့္ ရစ္ခ်ာလီဆန္ကေတာ့ ေအာက္တန္းအသင္းငယ္ေလးနဲ႔ပြဲစဥ္မွာမွ သြားလုပ္မိသလုိျဖစ္ေနပါတယ္။ အဲဒီပြဲမွာ အဲဗာတန္ဟာ အဂၤလန္တတိယတန္းက အသင္းငယ္ေလးနဲ႔ကစားရတာျဖစ္ေပမယ့္ အိုင္၀ုိဘီအႏိုင္ဂိုးစသြင္းႏိုင္တဲ့ ၈၁ မိနစ္မေရာက္ခင္အခ်ိန္ထိ ၂-၂ သေရက်ေနတာပါ။ ရစ္ခ်ာလီဆန္ရဲ႕ ၈၈ မိနစ္ဂိုးေၾကာင့္သာ အဲဗာတန္ဟာ အႏိုင္ရဖို႔ ေသခ်ာသြားခဲ့တာပါ။

[Unicode]

တစ်ခါတစ်လေတော့လည်း ဘောလုံးကွင်းထဲက တချို့အဖြစ်အပျက်တွေဟာ အကြီးအကျယ်လွဲချော်မှုနဲ့အတူ ဟာသကြီးဖြစ်ဖြစ်သွားတတ်ပါတယ်။ အဲဗာတန်က တိုက်စစ်မှုးရစ်ချာလီဆန်လိုပေါ့။ မနေ့ည အောက်တန်းအသင်းငယ်လေးလင်ကွန်းနဲ့ အင်္ဂလန်လိဂ်ဖလားဒုတိယအဆင့်ပွဲစဉ်မှာ အဲဒီဘရာဇီးလက်ရွေးစင်တိုက်စစ်မှုးဟာ အဲဗာတန်အတွက် နောက်ကျအနိုင်ဂိုးတစ်ဂိုးကို ခေါင်းတိုက်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီဂိုးသွင်းပြီးတော့ မက်ဆီလိုအောင်ပွဲခံခဲ့ပေမယ့် ချွတ်လိုက်တဲ့သူ့အင်္ကျီကို ရှေ့နောက်မှားပြမိတာပါ။

မက်ဆီဟာ ၂၀၁၇ အတွင်းက ရီးရဲလ်နဲ့အယ်ကလက်စီကိုပွဲစဉ်တစ်ခုမှာ နောက်ကျအနိုင်ဂိုးသွင်းနိုင်ခဲ့ပြီးနောက် သူ့အင်္ကျီကိုချွတ်ပြီး ပရိသတ်တွေဘက်ကို သူ့နာမည်ပါတဲ့အင်္ကျီနောက်ဘက် ကိုင်ပြခဲ့ပါတယ်။ သူ့နာမည်ကိုမမေ့နိုင်အောင်ဆိုတဲ့ပုံစံမျိုးပါ။ မက်ဆီရဲ့အဲဒီအောင်ပွဲခံပုံစံဟာ အတော်လေးနာမည်ကြီးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း အခုဘက်တစ်ကိုရောက်နေတဲ့ ဖီကာဟာ လိုင်ယွန်အတွက်ကစားပေးခဲ့စဉ် ခါးသီးပြိုင်ဘက်စိန့်အက်တီယန်နဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် မက်ဆီပုံစံအောင်ပွဲခဲ့ပါသေးတယ်။ ဒီလိုပဲ စီရော်နယ်ဒိုဟာလည်း ရီးရဲလ်မှာရှိခဲ့စဉ် စပိန်စူပါဖလားပွဲစဉ်အဖြစ် နူးကမ့်မှာ ဘာစီလိုနာကိုဂိုးသွင်းပြီး အနိုင်ရခဲ့တော့ မက်ဆီလိုပုံစံအတိုင်း အောင်ပွဲခံခဲ့သေးတယ်။

အခု ရစ်ချာလီဆန်က မက်ဆီပုံစံအောင်ပွဲခံပေမယ့် အင်္ကျီရှေ့နောက်မှားပြမိတော့ သူ့နာမည်နဲ့ကျောနံပါတ်ကို ပြရာမရောက်ဘဲ ဖြစ်သွားပါတယ်။ မက်ဆီရော ဖီကာပါ ခါးသီးပြိုင်ဘက်ကို ဂိုးသွင်းပြီးမှ အဲဒီလိုအောင်ပွဲခံတာဖြစ်ပေမယ့် ရစ်ချာလီဆန်ကတော့ အောက်တန်းအသင်းငယ်လေးနဲ့ပွဲစဉ်မှာမှ သွားလုပ်မိသလိုဖြစ်နေပါတယ်။ အဲဒီပွဲမှာ အဲဗာတန်ဟာ အင်္ဂလန်တတိယတန်းက အသင်းငယ်လေးနဲ့ကစားရတာဖြစ်ပေမယ့် အိုင်ဝိုဘီအနိုင်ဂိုးစသွင်းနိုင်တဲ့ ၈၁ မိနစ်မရောက်ခင်အချိန်ထိ ၂-၂ သရေကျနေတာပါ။ ရစ်ချာလီဆန်ရဲ့ ၈၈ မိနစ်ဂိုးကြောင့်သာ အဲဗာတန်ဟာ အနိုင်ရဖို့ သေချာသွားခဲ့တာပါ။