မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ကို ေက်ာ္ျဖတ္ၿပီး ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု ဗန္ဒိုက္ရရွိ

0
820

Photo Credit

Photo Credit

လီဗာပူးအသင္းေနာက္ခံလူ ဗန္ဒိုက္ဟာ နာမည္ႀကီးကစားသမားေတြျဖစ္တဲ့ ဘာစီလုိနာတုိက္စစ္မွဴး မက္ဆီနဲ႔ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုတို႔ကို ေက်ာ္ျဖတ္ကာ ၂၀၁၈-၁၉ ရာသီ ယူအီးအက္ဖ္ေအရဲ႕တစ္ႏွစ္တာအေကာင္းဆုံးအမ်ိဳးသားကစားသမားအျဖစ္ ေရြးခ်ယ္ျခင္းခံခဲ့ရေၾကာင္း သိရပါတယ္။

Photo Credit

ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္အုပ္စုမဲခြဲပြဲက်င္းပခဲ့ၿပီးေနာက္ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ေရြးခ်ယ္ခ်ီးျမႇင့္ခဲ့တာျဖစ္ပါတယ္။ ဗန္ဒိုက္ဟာ ၿပီးခဲ့တဲ့ရာသီက လီဗာပူးအသင္း ၆ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားရရွိခဲ့ရာမွာ ၁၂ပဲြကစား ၅ပြဲအထိ ေပးဂိုးမရိွကစားႏိုင္ခဲ့ၿပီး ေနာက္ခံလူျဖစ္ေပမယ့္ ၂ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

Photo Credit

သူဟာ ၿပီးခဲ့တဲ့ရာသီက ပီအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုရရွိခဲ့ၿပီး လီဗာပူးအသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြက ေပးအပ္ခ်ီးျမႇင့္တဲ့ တစ္ႏွစ္တာအေကာင္းဆုံးလီဗာပူးကစားသမားဆုလည္း ရရွိခဲ့ပါတယ္။ ”အသင္းေဖာ္ေတြကို မျဖစ္မေနေက်းဇူးတင္ရပါမယ္။ သူတုိ႔မရွိဘဲနဲ႔ ကၽြန္ေတာ္လည္း ဒီလုိေအာင္ျမင္မႈမ်ိဳးရရွိမွာမဟုတ္ပါဘူး”

Photo Credit

”ဒါက ရွည္လ်ားတဲ့လမ္းမႀကီးျဖစ္ေပမယ့္ ကၽြန္ေတာ့္ခရီးရဲ႕အစိတ္အပိုင္းတစ္ရပ္လည္းျဖစ္ပါတယ္။ အဆင့္တုိင္းမွာ အလုပ္ကို အပင္ပန္းခံလုပ္ေဆာင္ခဲ့ၿပီး ဒီလုိလုပ္ေဆာင္ႏိုင္ခဲ့လုိ႔လည္း ေပ်ာ္ရႊင္မိပါတယ္။ ဒီလုိဆုတံဆိပ္ေတြရရွိတာက ကၽြန္ေတာ္နဲ႔အတူ လက္တြဲအလုပ္လုပ္ခဲ့သူအားလုံးကို အသိအမွတ္ျပဳလုိက္တာပါပဲ”လုိ႔ ဗန္ဒိုက္က ေျပာပါတယ္။

Photo Credit

လီဗာပူးဟာ ေနရာအလုိက္ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု ၄ခုအနက္ ၂ေနရာရရွိခဲ့ၿပီး ဗန္ဒိုက္က အေကာင္းဆုံးေနာက္ခံလူဆုနဲ႔ အဲလစ္ဆန္က တစ္ႏွစ္တာအေကာင္းဆုံးဂိုးသမားဆုရရွိခဲ့ပါတယ္။ ေတာ့တင္ဟမ္ရဲ႕လုိရစ္နဲ႔ ဘာစီလုိနာရဲ႕တာစတီဂန္တုိ႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အဲလစ္ဆန္ဟာ စပါးကို ၂-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပဲြမွာ အံ့အားသင့္ဖြယ္ဂိုးကာကြယ္မႈ ၈ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ပါတယ္။

Photo Credit

အေကာင္းဆုံးကြင္းလယ္လူအျဖစ္ ဘာစီလုိနာေရာက္ ေအဂ်က္စ္ကြင္းလယ္လူေဟာင္း ဒီေဂ်ာင္က ေတာ့တင္ဟမ္ရဲ႕အဲရစ္ဆင္နဲ႔ လီဗာပူးရဲ႕ဟန္ဒါဆန္တုိ႔ကို ေက်ာ္ျဖတ္ကာ ေရြးခ်ယ္ခံခ့ဲရၿပီး ဘာစီလုိနာတိုက္စစ္မွဴး မက္ဆီက အေကာင္းဆုံးတုိက္စစ္မွဴးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

Photo Credit ; Getty Images

Unicode

မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဗန်ဒိုက်ရရှိ

လီဗာပူးအသင်းနောက်ခံလူ ဗန်ဒိုက်ဟာ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ကာ ၂၀၁၈-၁၉ ရာသီ ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။
ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲကျင်းပခဲ့ပြီးနောက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်း ၆ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားရရှိခဲ့ရာမှာ ၁၂ပွဲကစား ၅ပွဲအထိ ပေးဂိုးမရှိကစားနိုင်ခဲ့ပြီး နောက်ခံလူဖြစ်ပေမယ့် ၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီက ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး လီဗာပူးအသင်းဖော်တွေနဲ့ ပရိသတ်တွေက ပေးအပ်ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးလီဗာပူးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။ ”အသင်းဖော်တွေကို မဖြစ်မနေကျေးဇူးတင်ရပါမယ်။ သူတို့မရှိဘဲနဲ့ ကျွန်တော်လည်း ဒီလိုအောင်မြင်မှုမျိုးရရှိမှာမဟုတ်ပါဘူး”
”ဒါက ရှည်လျားတဲ့လမ်းမကြီးဖြစ်ပေမယ့် ကျွန်တော့်ခရီးရဲ့အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါတယ်။ အဆင့်တိုင်းမှာ အလုပ်ကို အပင်ပန်းခံလုပ်ဆောင်ခဲ့ပြီး ဒီလိုလုပ်ဆောင်နိုင်ခဲ့လို့လည်း ပျော်ရွှင်မိပါတယ်။ ဒီလိုဆုတံဆိပ်တွေရရှိတာက ကျွန်တော်နဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့သူအားလုံးကို အသိအမှတ်ပြုလိုက်တာပါပဲ”လို့ ဗန်ဒိုက်က ပြောပါတယ်။
လီဗာပူးဟာ နေရာအလိုက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ၄ခုအနက် ၂နေရာရရှိခဲ့ပြီး ဗန်ဒိုက်က အကောင်းဆုံးနောက်ခံလူဆုနဲ့ အဲလစ်ဆန်က တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုရရှိခဲ့ပါတယ်။ တော့တင်ဟမ်ရဲ့လိုရစ်နဲ့ ဘာစီလိုနာရဲ့တာစတီဂန်တို့ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အဲလစ်ဆန်ဟာ စပါးကို ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အံ့အားသင့်ဖွယ်ဂိုးကာကွယ်မှု ၈ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။
အကောင်းဆုံးကွင်းလယ်လူအဖြစ် ဘာစီလိုနာရောက် အေဂျက်စ်ကွင်းလယ်လူဟောင်း ဒီဂျောင်က တော့တင်ဟမ်ရဲ့အဲရစ်ဆင်နဲ့ လီဗာပူးရဲ့ဟန်ဒါဆန်တို့ကို ကျော်ဖြတ်ကာ ရွေးချယ်ခံခဲ့ရပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက အကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။