မက္ဆီနဲ႔ေရာ္နယ္ဒိုသာ တစ္သင္းတည္းတြဲကစားျဖစ္ခဲ့ရင္…ယူႏိုက္တက္မွာမဟုတ္ဘဲ အာဆင္နယ္ကိုသာ ေရာ္နယ္ဒိုေရာက္သြားခဲ့ရင္…

Photo Credit

 

Photo Credit ; Getty Images

လက္ရွိဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ၂၀၀၃ ခုႏွစ္ ေႏြရာသီက ယူႏိုက္တက္အသင္းကို မေရာက္ရွိခင္ အာဆင္နယ္နည္းျပအာစင္ဝင္းဂါးနဲ႔ ေတြ႕ဆံုခဲ့တယ္လို႔ ဝန္ခံေျပာၾကားလိုက္ပါတယ္။ ထိုစဥ္က စပို႔တင္းလစၥဘြန္းအသင္းမွာ ေျခစြမ္းေကာင္းေတြ ျပသထားခဲ့တာေၾကာင့္ ေရာ္နယ္ဒိုကို ဥေရာပထိပ္သီးကလပ္အသင္းေတြက အထူးစိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။

Photo Credit

အဆိုပါ ေပၚတူဂီသားကလည္း သူ႕ရဲ႕အရည္အေသြးေကာင္းေတြကို ထိပ္သီးကလပ္အသင္းေတြကစိတ္ဝင္စားေနၾကတာေၾကာင့္ စိတ္လႈပ္ရွားေနပါတယ္။ ထိုစဥ္က ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔စီးရီးေအထိပ္သီးကလပ္ အင္တာမီလန္တို႔က ေရာ္နယ္ဒိုကိုေခၚယူဖို႔ စိတ္ဝင္စားခဲ့ၾကပါတယ္။ ေရာ္နယ္ဒိုကေတာ့ ေျမာက္လန္ဒန္မွာ အာစင္ဝင္းဂါးနဲ႔ ေတြ႔ဆံုခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ကမၻာ႔အေကာင္းဆံုးကစားသမားတစ္ဦးအျဖစ္ ျမင္ေတြ႕လာရမယ့္ ေရာ္နယ္ဒိုဟာ ေနာက္ဆံုးမွာေတာ့ နည္းျပဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ယူႏိုက္တက္အသင္းကိုသာေရာက္ရွိသြားခဲ့တာပါ။ ဒါဟာ ၂၀၀၉ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထိုစဥ္က)နဲ႔ မေျပာင္းေရႊ႕မီ အဂၤလန္ေျမက ေရာ္နယ္ဒိုရဲ႕ၾကယ္ပြင့္ ကစားသမားဘဝအစျပဳရာေနရာျဖစ္ခဲ့ပါတယ္။

Photo Credit ; AP

ေရာ္နယ္ဒိုရဲ႕ ေျခစြမ္းျပမႈအပါအ၀င္ ယူႏို္က္တက္ဟာ ေအာင္ျမင္မႈေတြ ဆြတ္ခူးပိုင္ဆိုင္ႏိုင္ခဲ့ၿပီး “ကၽြန္ေတာ့္ကို စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အသင္းေတြ အမ်ားႀကီးကမ္းလွမ္းခဲ့ၾကတယ္၊ ဗလန္စီယာလည္း တစ္သင္းအပါအဝင္ေပါ့”လို႔ ေရာ္နယ္ဒိုက TVL သတင္းကိုေျပာပါတယ္။

Photo Credit ; Getty Images

ဆက္လက္ၿပီး “ကၽြန္ေတာ္ အာစင္ဝင္းဂါးနဲ႔ ေတြ႔ဆံုခဲ့တယ္၊ အေျပာင္းအေရႊ႕ကိစၥအတြက္ေပါ့၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔လည္းေဆြးေႏြးမႈေတြ ရွိခဲ့ပါတယ္၊ ဒါေပမဲ့ ေနာက္ဆံုးမွာ ယူႏိုက္တက္အသင္းနဲ႔ ခ်စ္ၾကည္ေရးေျခစမ္းပြဲယွဥ္ၿပိဳင္ကစားခဲ့ၿပီး သူတို႔ကပိုၿပီးကၽြန္ေတာ့္ကိုေခၚယူဖို႔ စိတ္ဝင္စားၾကတယ္”

Photo Credit ; Getty Images

”ညွိႏိႈင္းတာေတြ ျပဳလုပ္ၿပီး ကၽြန္ေတာ့္ကို တစ္ခါတည္းလက္မွတ္ထိုးခိုင္းခဲ့ၾကတယ္ေလ”လို႔ ေရာ္နယ္ဒိုက ျပန္ေျပာျပပါတယ္။ အာဆင္နယ္နည္းျပေဟာင္းဝင္းဂါးကေတာ့ နည္းျပတစ္ေယာက္အေနနဲ႔ အတိတ္ကအေျပာင္းအေရႊ႕ကာလမွာ ေနာင္တအရဆံုးအရာတစ္ခုက ေရာ္နယ္ကိုအရမေခၚယူႏိုင္ခဲ့တာပဲလို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

ျပင္သစ္သားက ပရီးမီးယားလိဂ္မွာ အာဆင္နယ္အသင္းကို ၂၂ ႏွစ္ၾကာ ကိုင္တြယ္ခဲ့ၿပီးေနာက္၂၀၁၈ ခုႏွစ္မွာ အာဆင္နယ္အသင္းကေန ထြက္ခြာသြားခဲ့ပါတယ္၊ အာဆင္နယ္အသင္းရဲ႕ တရားဝင္ဝက္ဆိုက္ဒ္မွာေတာ့ ဝင္းဂါးက “စိတ္ထဲမွာ သိသိသာသာစြဲထင္မွတ္မိေနတဲ့ ကစားသမားကေရာ္နယ္ဒိုပဲ”လို႔ ေျပာၾကားခဲ့ပါေသးတယ္။

Photo Credit ; Getty Images

ဆက္လက္ၿပီး ဝင္းဂါးက “ေရာ္နယ္ဒိုကိုေပါင္ ၄.၅သန္းနဲ႔ေခၚယူဖို႔ ကၽြန္ေတာ္တို႔ ညွိႏိႈင္းေနခဲ့တာပါ၊ ကၽြန္ေတာ္တို႔ ေခၚယူႏိုင္ဖို႔ တကယ္ကိုနီးစပ္ေနပါၿပီ၊ ဒါေပမဲ့ ယူႏိုက္တက္က ေပါင္ ၁၂ သန္းေက်ာ္နဲ႔ ၾကားျဖတ္ ေခၚယူသြားခဲ့ပါတယ္။ အဲဒီအခ်ိန္က ကၽြန္ေတာ္တို႔ အဲဒီေလာက္ ပမာဏကိုမတတ္ႏိုင္ခဲ့ဘူး”လို႔ ရွင္းျပသြားခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

မက်ဆီနဲ့ရော်နယ်ဒိုသာ တစ်သင်းတည်းတွဲကစားဖြစ်ခဲ့ရင်…ယူနိုက်တက်မှာမဟုတ်ဘဲ အာဆင်နယ်ကိုသာ ရော်နယ်ဒိုရောက်သွားခဲ့ရင်…

လက်ရှိဂျူဗင်တပ်စ်ကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ် နွေရာသီက ယူနိုက်တက်အသင်းကို မရောက်ရှိခင် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးနဲ့ တွေ့ဆုံခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ထိုစဉ်က စပို့တင်းလစ္စဘွန်းအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားခဲ့တာကြောင့် ရော်နယ်ဒိုကို ဥရောပထိပ်သီးကလပ်အသင်းတွေက အထူးစိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
အဆိုပါ ပေါ်တူဂီသားကလည်း သူ့ရဲ့အရည်အသွေးကောင်းတွေကို ထိပ်သီးကလပ်အသင်းတွေကစိတ်ဝင်စားနေကြတာကြောင့် စိတ်လှုပ်ရှားနေပါတယ်။ ထိုစဉ်က ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့စီးရီးအေထိပ်သီးကလပ် အင်တာမီလန်တို့က ရော်နယ်ဒိုကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။ ရော်နယ်ဒိုကတော့ မြောက်လန်ဒန်မှာ အာစင်ဝင်းဂါးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် မြင်တွေ့လာရမယ့် ရော်နယ်ဒိုဟာ နောက်ဆုံးမှာတော့ နည်းပြဆာအဲလက်စ် ဖာဂူဆန်ရဲ့ယူနိုက်တက်အသင်းကိုသာရောက်ရှိသွားခဲ့တာပါ။ ဒါဟာ ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)နဲ့ မပြောင်းရွှေ့မီ အင်္ဂလန်မြေက ရော်နယ်ဒိုရဲ့ကြယ်ပွင့် ကစားသမားဘဝအစပြုရာနေရာဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှုအပါအဝင် ယူနိုက်တက်ဟာ အောင်မြင်မှုတွေ ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့ပြီး “ကျွန်တော့်ကို စာချုပ်ချုပ်ဆိုဖို့ အသင်းတွေ အများကြီးကမ်းလှမ်းခဲ့ကြတယ်၊ ဗလန်စီယာလည်း တစ်သင်းအပါအဝင်ပေါ့”လို့ ရော်နယ်ဒိုက TVL သတင်းကိုပြောပါတယ်။
ဆက်လက်ပြီး “ကျွန်တော် အာစင်ဝင်းဂါးနဲ့ တွေ့ဆုံခဲ့တယ်၊ အပြောင်းအရွှေ့ကိစ္စအတွက်ပေါ့၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့လည်းဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ ယူနိုက်တက်အသင်းနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ပြီး သူတို့ကပိုပြီးကျွန်တော့်ကိုခေါ်ယူဖို့ စိတ်ဝင်စားကြတယ်”
”ညှိနှိုင်းတာတွေ ပြုလုပ်ပြီး ကျွန်တော့်ကို တစ်ခါတည်းလက်မှတ်ထိုးခိုင်းခဲ့ကြတယ်လေ”လို့ ရော်နယ်ဒိုက ပြန်ပြောပြပါတယ်။ အာဆင်နယ်နည်းပြဟောင်းဝင်းဂါးကတော့ နည်းပြတစ်ယောက်အနေနဲ့ အတိတ်ကအပြောင်းအရွှေ့ကာလမှာ နောင်တအရဆုံးအရာတစ်ခုက ရော်နယ်ကိုအရမခေါ်ယူနိုင်ခဲ့တာပဲလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ပြင်သစ်သားက ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက်၂၀၁၈ ခုနှစ်မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်၊ အာဆင်နယ်အသင်းရဲ့ တရားဝင်ဝက်ဆိုက်ဒ်မှာတော့ ဝင်းဂါးက “စိတ်ထဲမှာ သိသိသာသာစွဲထင်မှတ်မိနေတဲ့ ကစားသမားကရော်နယ်ဒိုပဲ”လို့ ပြောကြားခဲ့ပါသေးတယ်။
ဆက်လက်ပြီး ဝင်းဂါးက “ရော်နယ်ဒိုကိုပေါင် ၄.၅သန်းနဲ့ခေါ်ယူဖို့ ကျွန်တော်တို့ ညှိနှိုင်းနေခဲ့တာပါ၊ ကျွန်တော်တို့ ခေါ်ယူနိုင်ဖို့ တကယ်ကိုနီးစပ်နေပါပြီ၊ ဒါပေမဲ့ ယူနိုက်တက်က ပေါင် ၁၂ သန်းကျော်နဲ့ ကြားဖြတ် ခေါ်ယူသွားခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့ အဲဒီလောက် ပမာဏကိုမတတ်နိုင်ခဲ့ဘူး”လို့ ရှင်းပြသွားခဲ့ပါတယ်။