မက္ဂြိဳင္းယားသာ ေပါင္သန္း ၈၀ ဆို ကူလီဘာလီက ၂၅၀ တန္တယ္လုိ႔ နာပိုလီပိုင္ရွင္ဆို

photo-gettyimages

 

photo-Reuters

နာပိုလီအသင္းပိုင္ရွင္ဒီေလာ္ရန္တစ္ဟာ ေနာက္ခံလူမက္ဂြိဳင္းယားအတြက္ မန္ယူအသင္းေပးခဲ့ရတဲ့ေစ်းနဲ႔ပတ္သက္လို႔ ေလွာင္ေျပာင္တဲ့သေဘာမ်ိဳးေျပာၾကားလုိက္ပါတယ္။ မန္ယူဟာ မက္ဂြိဳင္ယားအတြက္ လက္စတာကို ေပါင္းသန္း ၈၀ ေပးခဲ့ရတာျဖစ္ၿပီး အဲဒါဟာ ေနာက္ခံလူတစ္ဦးအတြက္ ကမာၻ႔စံခ်ိန္တင္ေၾကးလည္း ျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ ဒီေလာ္ရန္တစ္ကေတာ့ မက္ဂြိဳင္းယားလိုကစားသမားမ်ိဳးအတြက္ ေစ်းကမ်ားလြန္းလွၿပီး သူ႔အသင္းက ကူလီဘာလီကိုသာ ေရာင္းရမယ္ဆိုရင္ ေပါင္သန္း ၂၅၀ အထိေစ်းေခၚႏိုင္မွာျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

photo-gettyimages

”ကူလီဘာလီရဲ႕ထြက္ခြာေၾကးက ေပါင္သန္း ၁၅၀ ရွိပါတယ္။ ဒါေပမဲ့ ဥပမာအေနနဲ႔ဆုိရင္ အဂၤလန္မွာက ကစားသမားတစ္ေယာက္အတြက္ ေပါင္သန္း ၈၀ ေတာင္ေပးပါတယ္။ နာပိုလီမွာဆိုရင္ေတာ့ ကၽြန္ေတာ္က ေပါင္ ၃၀၊ ၃၅ သန္းေလာက္ပဲေပးမွာပါ။ ဒီလိုကစားသမားတစ္ေယာက္အတြက္ သူတို႔အဲဒီေလာက္ေတာင္ေပးရတယ္ဆုိရင္ ကၽြန္ေတာ့္ကစားသမားကူလီဘာလီရဲ႕တန္ေၾကးဆိုရင္ ေပါင္သန္း ၂၅၀ ေလာက္ရွိမွာေပါ့”လို႔ ဒီေလာ္ရန္တစ္က အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့တာပါ။

photo-gettyimages

နာပိုလီေနာက္ခံလူကူလီဘာလီဟာ အခုေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အေစာပိုင္းမွာ မန္ယူနဲ႔သတင္းထြက္ခဲ့ဖူးတဲ့ ကစားသမားလည္းျဖစ္ပါတယ္။ ေနာက္ပိုင္းမွသာ မက္ဂြိဳင္းယားဟာ မန္ယူရဲ႕အဓိကပစ္မွတ္ျဖစ္လာခဲ့တာပါ။

[Unicode]

နာပိုလီအသင်းပိုင်ရှင်ဒီလော်ရန်တစ်ဟာ နောက်ခံလူမက်ဂွိုင်းယားအတွက် မန်ယူအသင်းပေးခဲ့ရတဲ့ဈေးနဲ့ပတ်သက်လို့ လှောင်ပြောင်တဲ့သဘောမျိုးပြောကြားလိုက်ပါတယ်။ မန်ယူဟာ မက်ဂွိုင်ယားအတွက် လက်စတာကို ပေါင်းသန်း ၈၀ ပေးခဲ့ရတာဖြစ်ပြီး အဲဒါဟာ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေးလည်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလော်ရန်တစ်ကတော့ မက်ဂွိုင်းယားလိုကစားသမားမျိုးအတွက် ဈေးကများလွန်းလှပြီး သူ့အသင်းက ကူလီဘာလီကိုသာ ရောင်းရမယ်ဆိုရင် ပေါင်သန်း ၂၅၀ အထိဈေးခေါ်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

”ကူလီဘာလီရဲ့ထွက်ခွာကြေးက ပေါင်သန်း ၁၅၀ ရှိပါတယ်။ ဒါပေမဲ့ ဥပမာအနေနဲ့ဆိုရင် အင်္ဂလန်မှာက ကစားသမားတစ်ယောက်အတွက် ပေါင်သန်း ၈၀ တောင်ပေးပါတယ်။ နာပိုလီမှာဆိုရင်တော့ ကျွန်တော်က ပေါင် ၃၀၊ ၃၅ သန်းလောက်ပဲပေးမှာပါ။ ဒီလိုကစားသမားတစ်ယောက်အတွက် သူတို့အဲဒီလောက်တောင်ပေးရတယ်ဆိုရင် ကျွန်တော့်ကစားသမားကူလီဘာလီရဲ့တန်ကြေးဆိုရင် ပေါင်သန်း ၂၅၀ လောက်ရှိမှာပေါ့”လို့ ဒီလော်ရန်တစ်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာပါ။

နာပိုလီနောက်ခံလူကူလီဘာလီဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အစောပိုင်းမှာ မန်ယူနဲ့သတင်းထွက်ခဲ့ဖူးတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှသာ မက်ဂွိုင်းယားဟာ မန်ယူရဲ့အဓိကပစ်မှတ်ဖြစ်လာခဲ့တာပါ။