မက္ဂြိဳင္းယားကို ေခၚယူႏိုင္ခ့ဲၿပီးေနာက္ ဒီဘားလားနဲ႔ဖာနန္ဒက္စ္တုိ႔ကို ဆက္ေခၚဖုိ႔ ယူႏုိက္တက္ပရိသတ္ေတြ ေတာင္းဆို

Photo Credit ; Getty Images

Photo Credit ; EPA

ယူႏုိက္တက္ပရိသတ္ေတြဟာ ေနာက္ဆုံးမွာ ကာလရွည္လုိက္ေနခဲ့ရတဲ့လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို ေခၚယူႏုိင္ခဲ့ၿပီးေနာက္ အ႐ူးအမူးေပ်ာ္ရႊင္ေနၿပီး ေနာက္ထပ္ပစ္မွတ္ေတြျဖစ္တဲ့ တုိက္စစ္မွဴးဒီဘားလားနဲ႔ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္တုိ႔ကို ဆက္လက္ေခၚယူေပးဖုိ႔ လူမႈမီဒီယာမွာ အသီးသီးေတာင္းဆိုခဲ့ၾကပါတယ္။ ယူႏုိက္တက္ဟာ အဂၤလန္လက္ေရြးစင္ မက္ဂြိဳင္းယားကို ေပါင္ ၈၅သန္းနဲ႔ေခၚယူဖုိ႔ လက္စတာနဲ႔သေဘာတူညီမႈရရွိခဲ့ၿပီးေနာက္ ေဆးစစ္ေဆးမႈခံယူေတာ့မွာျဖစ္ပါတယ္။

Photo Credit 

ယူႏုိက္တက္ဟာ အသက္ ၂၆ႏွစ္အရြယ္ရွိ မက္ဂြိဳင္းယားအတြက္ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးအသုံးျပဳခဲ့ရေပမယ့္ ယူႏုိက္တက္ပရိသတ္ေတြကေတာ့ ေနာက္ထပ္တန္ဖုိးႀကီးေခၚယူမႈေတြျပဳလုပ္ေပးဖို႔ ေတာင္းဆိုေနတာျဖစ္ပါတယ္။ ေစ်းကြက္က ၾကာသပေတးေန႔မွာ ပိတ္သိမ္းေတာ့မွာျဖစ္လုိ႔ ယူႏုိက္တက္ပရိသတ္ေတြက ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားနဲ႔ စပို႔တင္းလစၥဘြန္းကြင္းလယ္လူ ဖာနန္ဒက္စ္တုိ႔ကို အရေခၚယူေပးဖို႔ အေလာတႀကီးေတာင္းဆုိေနတာပါ။

Photo Credit ; Getty Images

”မက္ဂြိဳင္းယားကို ေခၚယူၿပီးၿပီဆုိေတာ့ ဘ႐ူႏိုကို ေခၚယူဖုိ႔ အာ႐ုံစိုက္ရေတာ့မွာျဖစ္ၿပီး ျဖစ္ႏိုင္ရင္ ေဘာနပ္စ္အျဖစ္ လူကာကူရဲ႕ေနရာမွာ အစားထုိးဖို႔ ဒီဘားလားလည္း ေရာက္ေစခ်င္ပါတယ္”လုိ႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကလည္း ”မက္ဂြိဳင္းယားကို ေခၚၿပီးၿပီ။ အခုဒီဘားလားပဲလုိအပ္ေတာ့တယ္။ အရာအားလုံးက ယူႏုိက္တက္အတြက္ ၿပီးျပည့္စုံလာပါလိမ့္မယ္”လုိ႔ ေရးသားခဲ့ပါတယ္။ ”မက္ဂြိဳင္းယားက ပထမေျခလွမ္းပါ။ အခုေတာ့ ဒီဘားလားနဲ႔ ဖာနနဒက္စ္တုိ႔ကို ေခၚယူၿပီး ယူႏိုက္တက္ရဲ႕နာမည္ေကာင္းကို ျပန္ယူရမယ္”လုိ႔ ေနာက္တစ္ေယာက္ကလည္း ေရးသားခဲ့ပါတယ္။

Photo Credit ; PA

မက္ႏိုဘယ္အေကာင့္ပိုင္ရွင္ကလည္း မက္ဂြိဳင္းယားကို ေခၚယူဖုိ႔ စိတ္ပိုင္းျဖတ္ႀကိဳးစားခဲ့တာကို ၾကည့္ရင္ ဥေရာပထိပ္တန္းအဆင့္ကို ျပန္ေရာက္ဖို႔ ဘယ္ေလာက္ႀကိဳးစားေနတယ္ဆုိတာ ဒီဘားလားလည္း သိေစႏုိင္လိမ့္မယ္လုိ႔ သုံးသပ္ခဲ့ပါတယ္။ အာဂ်င္တီးနားႏုိင္ငံသား ဒီဘားလားဟာ ဂ်ဴဗင္တပ္စ္ကို ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူေရာက္ရွိေရးမွာ အဓိကက်ေနၿပီး ႏွစ္သင္းစလုံးက ကစားသမား ၂ဦးကို အလဲအထပ္ျပဳလုပ္ဖို႔ သေဘာက်ေနပါတယ္။

Photo Credit ; Getty Images

Unicode

မက်ဂွိုင်းယားကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဒီဘားလားနဲ့ဖာနန်ဒက်စ်တို့ကို ဆက်ခေါ်ဖို့ ယူနိုက်တက်ပရိသတ်တွေ တောင်းဆို

ယူနိုက်တက်ပရိသတ်တွေဟာ နောက်ဆုံးမှာ ကာလရှည်လိုက်နေခဲ့ရတဲ့လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အရူးအမူးပျော်ရွှင်နေပြီး နောက်ထပ်ပစ်မှတ်တွေဖြစ်တဲ့ တိုက်စစ်မှူးဒီဘားလားနဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်တို့ကို ဆက်လက်ခေါ်ယူပေးဖို့ လူမှုမီဒီယာမှာ အသီးသီးတောင်းဆိုခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားကို ပေါင် ၈၅သန်းနဲ့ခေါ်ယူဖို့ လက်စတာနဲ့သဘောတူညီမှုရရှိခဲ့ပြီးနောက် ဆေးစစ်ဆေးမှုခံယူတော့မှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အသက် ၂၆နှစ်အရွယ်ရှိ မက်ဂွိုင်းယားအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအသုံးပြုခဲ့ရပေမယ့် ယူနိုက်တက်ပရိသတ်တွေကတော့ နောက်ထပ်တန်ဖိုးကြီးခေါ်ယူမှုတွေပြုလုပ်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဈေးကွက်က ကြာသပတေးနေ့မှာ ပိတ်သိမ်းတော့မှာဖြစ်လို့ ယူနိုက်တက်ပရိသတ်တွေက ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားနဲ့ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဖာနန်ဒက်စ်တို့ကို အရခေါ်ယူပေးဖို့ အလောတကြီးတောင်းဆိုနေတာပါ။
”မက်ဂွိုင်းယားကို ခေါ်ယူပြီးပြီဆိုတော့ ဘရူနိုကို ခေါ်ယူဖို့ အာရုံစိုက်ရတော့မှာဖြစ်ပြီး ဖြစ်နိုင်ရင် ဘောနပ်စ်အဖြစ် လူကာကူရဲ့နေရာမှာ အစားထိုးဖို့ ဒီဘားလားလည်း ရောက်စေချင်ပါတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း ”မက်ဂွိုင်းယားကို ခေါ်ပြီးပြီ။ အခုဒီဘားလားပဲလိုအပ်တော့တယ်။ အရာအားလုံးက ယူနိုက်တက်အတွက် ပြီးပြည့်စုံလာပါလိမ့်မယ်”လို့ ရေးသားခဲ့ပါတယ်။ ”မက်ဂွိုင်းယားက ပထမခြေလှမ်းပါ။ အခုတော့ ဒီဘားလားနဲ့ ဖာနနဒက်စ်တို့ကို ခေါ်ယူပြီး ယူနိုက်တက်ရဲ့နာမည်ကောင်းကို ပြန်ယူရမယ်”လို့ နောက်တစ်ယောက်ကလည်း ရေးသားခဲ့ပါတယ်။
မက်နိုဘယ်အကောင့်ပိုင်ရှင်ကလည်း မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ကြိုးစားခဲ့တာကို ကြည့်ရင် ဥရောပထိပ်တန်းအဆင့်ကို ပြန်ရောက်ဖို့ ဘယ်လောက်ကြိုးစားနေတယ်ဆိုတာ ဒီဘားလားလည်း သိစေနိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ အာဂျင်တီးနားနိုင်ငံသား ဒီဘားလားဟာ ဂျူဗင်တပ်စ်ကို ယူနိုက်တက်တိုက်စစ်မှူး လူကာကူရောက်ရှိရေးမှာ အဓိကကျနေပြီး နှစ်သင်းစလုံးက ကစားသမား ၂ဦးကို အလဲအထပ်ပြုလုပ်ဖို့ သဘောကျနေပါတယ်။