ဘိုင္ယန္ေရာက္ေကာ္တင္ဟိုရဲ႕ေနာက္ကိုအရိပ္လုိလုိက္ေနဦးမယ့္ ကေလာ့ပ္ရဲ႕သတိေပးမႈ

photo-mirror

photo-bayern munich

ကြင္းလယ္လူေကာ္တင္ဟိုကေတာ့ ဘိုင္ယန္ျမဴးနစ္ကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ တရား၀င္ေရာက္ရွိသြားခဲ့ပါၿပီ။ အဲဒီအတြက္ ဘိုင္ယန္ဟာ အငွားေၾကးအျဖစ္ ဘာစီလိုနာကို ယူရို ၈.၅ သန္းေပးရမွာျဖစ္ၿပီး အငွားေခၚယူထားစဥ္ ေကာ္တင္ဟိုရဲ႕လစာကိုလည္း ေပးေခ်ရဦးမွာပါ။ အငွားစာခ်ဳပ္ထဲမွာေတာ့ ရာသီကုန္ရင္ ယူရိုသန္း ၁၂၀ နဲ႔အၿပီးသတ္ေခၚယူခြင့္ရွိတဲ့အခ်က္ကိုလည္း ထည့္သြင္းထားပါတယ္။

photo-bayern munich

တစ္နည္းအားျဖင့္ ဘာစီလုိနာအိပ္မက္ဆုိးကေန ေကာ္တင္ဟို အနည္းဆုံးတစ္ရာသီ လြတ္ေျမာက္ေတာ့မွာပါ။ ဒါေပမဲ့လည္း အသင္းေဟာင္းလီဗာပူးကနည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕သတိေပးစကားကလည္း သူ႔ရဲ႕ေနာက္ကို အရိပ္လိုလုိက္ေနဦးမွာပါ။ ကေလာ့ပ္ဟာ ေကာင္တင္ဟို လီဗာပူးက မထြက္ခြာခင္ ၂၀၁၇ ေမလက သတိေပးစကားေျပာၾကားခဲ့ဖူးပါတယ္။ အဲဒီတုန္းက ေကာ္တင္ဟိုဟာ အသင္းရဲ႕အေကာင္းဆုံးကစားသမားျဖစ္ေနၿပီး ကေလာ့ပ္ကိုယ္တုိင္ကလည္း သူ႔ကိုအတတ္ႏိုင္ဆုံးဆက္ထိန္းခ်င္ခဲ့တာပါ။ ”ဒီမွာပဲ ေနပါ။ သူတုိ႔ကမင္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ ရုပ္တုတစ္ခုတည္ေဆာက္ေပးတာနဲ႔ အဆုံးသတ္ပါလိမ့္မယ္။ တစ္ေနရာရာကိုသြားမယ္ဆိုရင္ ဆုိပါစုိ႔ ဘာစီလိုနာကို၊ ဘိုင္ယန္ျမဴးနစ္ကို၊ ရီးရဲလ္မက္ဒရစ္ကိုသြားရင္ မင္းဟာ ေနာက္ထပ္ကစားသမားတစ္ေယာက္သာ ျဖစ္လိမ့္မယ္။ ဒီမွာဆုိရင္ မင္းဟာ ပိုၿပီးတစ္ခုခုျဖစ္ႏိုင္ပါတယ္”လုိ႔ အဲဒီအခ်ိန္က အရမ္းကိုအသင္းေျပာင္းခ်င္ေနတဲ့ေကာ္တင္ဟိုကို ကေလာ့ပ္က သတိေပးခဲ့တာပါ။

photo-gettyimages

ကေလာ့ပ္ခန္႔မွန္းသတိေပးခဲ့တဲ့ ၃ သင္းထဲက ပထမဆုံးအသင္းမွာတင္ ေကာ္တင္ဟိုဟာဒုကၡေရာက္ခဲ့ၿပီးပါၿပီ။ သူဟာ ၿပီးခဲ့တဲ့ရာသီက ဘာစီလုိနာအတြက္ ၅၄ ပြဲမွာ ၁၁ ဂိုးသာသြင္းေပးႏိုင္ခဲ့ပါတယ္။ သူ႔အတြက္ လီဗာပူးကိုေပးခဲ့ရတဲ့ ေပါင္ ၁၄၂ သန္းနဲ႔ မထိုက္တန္တဲ့ေျခစြမ္းမ်ိဳးျဖစ္ခဲ့ပါတယ္။ အခုေတာ့ ၁၈ လအၾကာမွာပဲ ဘာစီလုိနာကေန ဘိုင္ယန္ကို ေျပာင္းခဲ့ရပါၿပီ။ ကေလာ့ပ္ရဲ႕သတိေပးစကားထဲက ဒုတိယေျမာက္အသင္းေပါ့။

[Unicode]

ကွင်းလယ်လူကော်တင်ဟိုကတော့ ဘိုင်ယန်မြူးနစ်ကို တစ်ရာသီအငှားစာချုပ်နဲ့ တရားဝင်ရောက်ရှိသွားခဲ့ပါပြီ။ အဲဒီအတွက် ဘိုင်ယန်ဟာ အငှားကြေးအဖြစ် ဘာစီလိုနာကို ယူရို ၈.၅ သန်းပေးရမှာဖြစ်ပြီး အငှားခေါ်ယူထားစဉ် ကော်တင်ဟိုရဲ့လစာကိုလည်း ပေးချေရဦးမှာပါ။ အငှားစာချုပ်ထဲမှာတော့ ရာသီကုန်ရင် ယူရိုသန်း ၁၂၀ နဲ့အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက်ကိုလည်း ထည့်သွင်းထားပါတယ်။

တစ်နည်းအားဖြင့် ဘာစီလိုနာအိပ်မက်ဆိုးကနေ ကော်တင်ဟို အနည်းဆုံးတစ်ရာသီ လွတ်မြောက်တော့မှာပါ။ ဒါပေမဲ့လည်း အသင်းဟောင်းလီဗာပူးကနည်းပြဂျာဂင်ကလော့ပ်ရဲ့သတိပေးစကားကလည်း သူ့ရဲ့နောက်ကို အရိပ်လိုလိုက်နေဦးမှာပါ။ ကလော့ပ်ဟာ ကောင်တင်ဟို လီဗာပူးက မထွက်ခွာခင် ၂၀၁၇ မေလက သတိပေးစကားပြောကြားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကော်တင်ဟိုဟာ အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်နေပြီး ကလော့ပ်ကိုယ်တိုင်ကလည်း သူ့ကိုအတတ်နိုင်ဆုံးဆက်ထိန်းချင်ခဲ့တာပါ။ ”ဒီမှာပဲ နေပါ။ သူတို့ကမင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်တုတစ်ခုတည်ဆောက်ပေးတာနဲ့ အဆုံးသတ်ပါလိမ့်မယ်။ တစ်နေရာရာကိုသွားမယ်ဆိုရင် ဆိုပါစို့ ဘာစီလိုနာကို၊ ဘိုင်ယန်မြူးနစ်ကို၊ ရီးရဲလ်မက်ဒရစ်ကိုသွားရင် မင်းဟာ နောက်ထပ်ကစားသမားတစ်ယောက်သာ ဖြစ်လိမ့်မယ်။ ဒီမှာဆိုရင် မင်းဟာ ပိုပြီးတစ်ခုခုဖြစ်နိုင်ပါတယ်”လို့ အဲဒီအချိန်က အရမ်းကိုအသင်းပြောင်းချင်နေတဲ့ကော်တင်ဟိုကို ကလော့ပ်က သတိပေးခဲ့တာပါ။

ကလော့ပ်ခန့်မှန်းသတိပေးခဲ့တဲ့ ၃ သင်းထဲက ပထမဆုံးအသင်းမှာတင် ကော်တင်ဟိုဟာဒုက္ခရောက်ခဲ့ပြီးပါပြီ။ သူဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ၅၄ ပွဲမှာ ၁၁ ဂိုးသာသွင်းပေးနိုင်ခဲ့ပါတယ်။ သူ့အတွက် လီဗာပူးကိုပေးခဲ့ရတဲ့ ပေါင် ၁၄၂ သန်းနဲ့ မထိုက်တန်တဲ့ခြေစွမ်းမျိုးဖြစ်ခဲ့ပါတယ်။ အခုတော့ ၁၈ လအကြာမှာပဲ ဘာစီလိုနာကနေ ဘိုင်ယန်ကို ပြောင်းခဲ့ရပါပြီ။ ကလော့ပ်ရဲ့သတိပေးစကားထဲက ဒုတိယမြောက်အသင်းပေါ့။