ဘာစီလုိနာက အငွားနဲ႔ထြက္ခြာခြင့္ျပဳထားတဲ့ ေကာ္တင္ညိဳကို ေခၚယူဖုိ႔ စပါးစီစဥ္ေန

Photo Credit

Photo Credit ; Getty Images

စပါးအသင္းဟာ ဘာစီလိုနာက အငွားနဲ႔ထြက္ခြာဖို႔ ခြင့္ျပဳထားတဲ့ ကြင္းလယ္လူ ေကာ္တင္ညိဳကို ေစ်းကြက္မပိတ္ခင္ ကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနၿပီး သူ႕ကို ေခၚယူဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္လည္း ရပ္တည္ေနေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images / AFP

လီဗာပူးကြင္းလယ္လူေဟာင္း ေကာ္တင္ညိဳဟာ ေျခစြမ္းျပသခဲ့တ့ဲ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕လိုေနၿပီး ယူႏုိက္တက္က စပါးနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ ျငင္းဆန္ထားတဲ့ ကြင္းလယ္လူ အဲရစ္ဆင္ကို ေခၚယူဖုိ႔ ႀကိဳးစားေနတာေၾကာင့္ လန္ဒန္အေျခစုိက္အသင္းကလည္း အဲရစ္ဆင္ရဲ႕ေနရာမွာ အစားထုိးဖို႔ ေကာ္တင္ညိဳကို ေခၚယူလုိေနတာျဖစ္ပါတယ္။

Photo Credit ; Getty Images / AFP

ဒိန္းမတ္လက္ေရြးစင္ အဲရစ္ဆင္ဟာ ၂၀၂၀ ေႏြရာသီမွာ စပါးအသင္းကေန အလြတ္ေျပာင္းေရႊ႕ခြင့္ရရွိထားၿပီး ယူႏုိက္တက္ဘက္က အခုခ်ိန္အထိ တရား၀င္ကမ္းလွမ္းျခင္းမရွိေသးေပမယ့္ စပါးအသင္းဥကၠ႒ လီဗုိင္းကေတာ့ အဲရစ္ဆင္အတြက္ သင့္ေတာ္တ့ဲေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းမႈရွိလာရင္ လက္သင့္ခံဖြယ္ရွိပါတယ္။

Photo Credit ; Getty Images

ၿဗိတိန္ေဘာလုံးေလာကရဲ႕ေႏြရာသီေစ်းကြက္က ပိတ္သိမ္းဖို႔ ၂ရက္ေတာင္ မလုိေတာ့တဲ့အခ်ိန္မွာ စပါးအသင္းက ပစ္မွတ္အမ်ားအျပားကို ခ်ိန္ရြယ္ေနၿပီး စပုိ႔တင္းလစၥဘြန္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္၊ ဘက္တစ္ကြင္းလယ္လူ လုိဆယ္ဆုိနဲ႔ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔ အဆင္မေျပျဖစ္ခဲ့ရတဲ့ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားတုိ႔ကို ေခၚယူဖို႔ ဆက္သြယ္ခ်ဥ္းကပ္ေနပါတယ္။

Photo Credit ; Getty Images

စပါးဟာ နည္းျပပိုခ်က္တီႏိုစိတ္ႀကိဳက္ ေစ်းကြက္အတြင္း ေျခသြက္လက္သြက္လႈပ္ရွားဖို႔ ႀကိဳးစားေနတာျဖစ္ၿပီး ပိုခ်က္တီႏိုက အက္စ္ပန္ညိဳမွာ ၂၀၁၂ ခုႏွစ္က အင္တာမီလန္ကေန အငွားနဲ႔လာေရာက္ကစားခဲ့တဲ့ ေကာ္တင္ညိဳနဲ႔ လက္တြဲခဲ့ဖူးကာ အသက္ ၂၇ႏွစ္အရြယ္ရွိ ေကာ္တင္ညိဳရဲ႕ကစားသမားဘ၀ကို ျပန္လည္စတင္ဖို႔ အေကာင္းဆုံးေနရာျဖစ္လာႏိုင္ပါတယ္။

Photo Credit ; Getty Images

အသင္းေဟာင္း လီဗာပူးက ေကာ္တင္ညိဳကို ျပန္လည္ေခၚယူမွာမဟုတ္ေၾကာင္း လူသိရွင္ၾကားေၾကညာထားသလုိ ယူႏုိက္တက္နဲ႔အာဆင္နယ္တို႔ကလည္း ေကာ္တင္ညိဳကို အဓိကပစ္မွတ္အျဖစ္ ႀကိဳးစားမွာမဟုတ္ဘဲ အာဆင္နယ္က လက္ရွိအခ်ိန္မွာ ဆဲလ္တစ္ဘယ္ေနာက္ခံလူ တီယာေနးနဲ႔ လိုက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏုိတုိ႔ကို ေခၚယူႏုိင္ဖို႔ အဓိကႀကိဳးစားေနပါတယ္။

Photo Credit ; Getty Images

Unicode

ဘာစီလိုနာက အငှားနဲ့ထွက်ခွာခွင့်ပြုထားတဲ့ ကော်တင်ညိုကို ခေါ်ယူဖို့ စပါးစီစဉ်နေ

စပါးအသင်းဟာ ဘာစီလိုနာက အငှားနဲ့ထွက်ခွာဖို့ ခွင့်ပြုထားတဲ့ ကွင်းလယ်လူ ကော်တင်ညိုကို ဈေးကွက်မပိတ်ခင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး သူ့ကို ခေါ်ယူဖို့ ရေပန်းအစားဆုံးအသင်းအဖြစ်လည်း ရပ်တည်နေကြောင်း သိရပါတယ်။
လီဗာပူးကွင်းလယ်လူဟောင်း ကော်တင်ညိုဟာ ခြေစွမ်းပြသခဲ့တဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လိုနေပြီး ယူနိုက်တက်က စပါးနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်ထားတဲ့ ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် လန်ဒန်အခြေစိုက်အသင်းကလည်း အဲရစ်ဆင်ရဲ့နေရာမှာ အစားထိုးဖို့ ကော်တင်ညိုကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။
ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ဟာ ၂၀၂၀ နွေရာသီမှာ စပါးအသင်းကနေ အလွတ်ပြောင်းရွှေ့ခွင့်ရရှိထားပြီး ယူနိုက်တက်ဘက်က အခုချိန်အထိ တရားဝင်ကမ်းလှမ်းခြင်းမရှိသေးပေမယ့် စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းကတော့ အဲရစ်ဆင်အတွက် သင့်တော်တဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုရှိလာရင် လက်သင့်ခံဖွယ်ရှိပါတယ်။
ဗြိတိန်ဘောလုံးလောကရဲ့နွေရာသီဈေးကွက်က ပိတ်သိမ်းဖို့ ၂ရက်တောင် မလိုတော့တဲ့အချိန်မှာ စပါးအသင်းက ပစ်မှတ်အများအပြားကို ချိန်ရွယ်နေပြီး စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၊ ဘက်တစ်ကွင်းလယ်လူ လိုဆယ်ဆိုနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အဆင်မပြေဖြစ်ခဲ့ရတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားတို့ကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်နေပါတယ်။
စပါးဟာ နည်းပြပိုချက်တီနိုစိတ်ကြိုက် ဈေးကွက်အတွင်း ခြေသွက်လက်သွက်လှုပ်ရှားဖို့ ကြိုးစားနေတာဖြစ်ပြီး ပိုချက်တီနိုက အက်စ်ပန်ညိုမှာ ၂၀၁၂ ခုနှစ်က အင်တာမီလန်ကနေ အငှားနဲ့လာရောက်ကစားခဲ့တဲ့ ကော်တင်ညိုနဲ့ လက်တွဲခဲ့ဖူးကာ အသက် ၂၇နှစ်အရွယ်ရှိ ကော်တင်ညိုရဲ့ကစားသမားဘဝကို ပြန်လည်စတင်ဖို့ အကောင်းဆုံးနေရာဖြစ်လာနိုင်ပါတယ်။
အသင်းဟောင်း လီဗာပူးက ကော်တင်ညိုကို ပြန်လည်ခေါ်ယူမှာမဟုတ်ကြောင်း လူသိရှင်ကြားကြေညာထားသလို ယူနိုက်တက်နဲ့အာဆင်နယ်တို့ကလည်း ကော်တင်ညိုကို အဓိကပစ်မှတ်အဖြစ် ကြိုးစားမှာမဟုတ်ဘဲ အာဆင်နယ်က လက်ရှိအချိန်မှာ ဆဲလ်တစ်ဘယ်နောက်ခံလူ တီယာနေးနဲ့ လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုတို့ကို ခေါ်ယူနိုင်ဖို့ အဓိကကြိုးစားနေပါတယ်။