ဘန္ေလနဲ႔ပြဲအၿပီး ကာဘယ္ေလာ့စ္ကို အၿပီးေခၚယူေပးဖုိ႔ အာဆင္နယ္ပရိသတ္ေတြ ေတာင္းဆိုေနၾက

0
453

ဘန္ေလကို အႏုိင္ရခဲ့တဲ့ပြဲမွာ ေျခစြမ္းျပသြားခဲ့တဲ့ အာဆင္နယ္ကြင္းလယ္လူ ကာဘယ္ေလာ့စ္ကို အာဆင္နယ္ပရိသတ္ေတြ ခ်ီးက်ဴးေနၾကၿပီး အၿပီးစာခ်ဳပ္ေခၚယူဖို႔ ေတာင္းဆိုမႈေတြျပလုပ္ခဲ့ၾကပါတယ္။

စပိန္ ယူ 21 ကစားသမား ကာဘယ္ေလာ့စ္ကို ယခုေႏြရာသီေစ်းကြက္အတြင္းမွာ ရီးရဲလ္မက္ဒရစ္ကေန အငွားစာခ်ဳပ္နဲ႔ေခၚယူထားတာျဖစ္ၿပီး ဒီရာသီ အာဆင္နယ္အသင္းရဲ႕ ပြဲဦးထြက္ ႏွစ္ပြဲစလံုးကို ပြဲထြက္ကစားခြင့္ရရိွခဲ့တာျဖစ္ပါတယ္။

ဒုတိယပြဲစဥ္ျဖစ္တဲ့ ဘန္ေလနဲ႔ပြဲမွာ လာကာဇက္တီ၊ အူဘာမီယန္တို႔သြင္းယူခဲ့တဲ့ ႏွစ္ဂိုးစလံုးကို ဖန္တီးေပးခဲ့တာေၾကာင့္ အာဆင္နယ္အသင္းဟာ ဘန္ေလကို 2-1 နဲ႔အႏိုင္ရၿပီး 2009-2010 ေနာက္ပိုင္း ပထမဆံုးအျဖစ္ ရာသီအဖြင့္ႏွစ္ပြဲစလံုးကို အႏုိင္ရခဲ့တာျဖစ္ပါတယ္။

ကာဘယ္ေလာ့စ္ဟာ အာဆင္နယ္အသင္းရဲ႕ အႏုိင္ဂိုး ႏွစ္ဂိုးစလံုးကို ဖန္တီးေပးခဲ့ရံုသာမကဘဲ တစ္ပြဲလံုးမွာ ေဘာလံုးကို 97 ႀကိမ္ထိေတြ႕ခြင့္ရခဲ့ၿပီး ေဘာလံုးရွင္းထုတ္မႈ 4 ႀကိမ္၊ ေဘာလံုးေပးပို႔မႈ အႀကိမ္ 70 ျပဳလုပ္ႏုိင္ခဲ့လို႔ အဲဒီပြဲရဲ႕ အေကာင္းဆံုးကစားသမားဆုကို ရရိွသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းသမိုင္းမွာ ပထမဆံုးပြဲထြက္ကစားတဲ့ ပထမဆံုး ႏွစ္ပြဲတည္းနဲ႔ ဂိုးဖန္တီးမႈ 2 ႀကိမ္ျပဳလုပ္ႏုိင္ခဲ့တာ ယခင္က ေရးပါလာနဲ႔ မီခီတာယန္တို႔ ႏွစ္ဦးတည္းသာရိွၿပီး ကာဘယ္ေလာ့စ္က တတိယေျမာက္ကစားသမားျဖစ္ပါတယ္။

ကာဘယ္ေလာ့စ္ရဲ႕ ေျခစြမ္းျပမႈေၾကာင့္ အာဆင္နယ္အသင္းရဲ႕ တြစ္တာစာမ်က္နာေပၚမွာ ပရိသတ္တစ္ဦးက “ ကာဘယ္ေလာ့စ္ရိွေနၿပီပဲ အိုေဇးကို မလုိအပ္ေတာ့ဘူး” လို႔ ေရးသားခဲ့ၿပီး အျခားတစ္ဦးကလည္း “ ကာဘယ္ေလာ့စ္ကို ရာသက္ပန္ စာခ်ဳပ္ခ်ဳပ္ေပးပါ” လို႔ ဆိုပါတယ္။

အာဆင္နယ္ပရိသတ္ေတြဟာ ကာဘယ္ေလာ့စ္ကို အသင္းအတြက္ အလုိအပ္ဆံုးကစားသမားအျဖစ္ ေတာင္းဆုိခဲ့ၾကၿပီး ပရိသတ္တစ္ဦးကလည္း “ ကာဘယ္ေလာ့စ္က ကြင္းလယ္ေနရာစံုမွာ ကစားႏုိင္တယ္။ စပိန္ယူ 21 အသင္းမွာ ဗဟိုကြင္းလယ္ကစားသမားအျဖစ္ကစားတာ။ ဥေရာပ ယူ 21 ၿပိဳင္ပြဲရဲ႕ အေကာင္းဆံုးကစားသမားဆုရခဲ့ဖူးတယ္” လို႔ ေရးသားခ်ီးက်ဴးခဲ့ၿပီး အျခားတစ္ဦးကေတာ့ “ ေပါင္သန္း 100 ေပးရလည္း ကာဘယ္ေလာ့စ္ကို အၿပီးေခၚေပးပါ” လို႔ ေတာင္းဆိုခဲ့ၾကတာပဲျဖစ္ပါတယ္။

[Unicode]

ဘန်လေနဲ့ပွဲအပြီး ကာဘယ်လော့စ်ကို အပြီးခေါ်ယူပေးဖို့ အာဆင်နယ်ပရိသတ်တွေ တောင်းဆိုနေကြ
===================================

ဘန်လေကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြသွားခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ကာဘယ်လော့စ်ကို အာဆင်နယ်ပရိသတ်တွေ ချီးကျူးနေကြပြီး အပြီးစာချုပ်ခေါ်ယူဖို့ တောင်းဆိုမှုတွေပြလုပ်ခဲ့ကြပါတယ်။

စပိန် ယူ 21 ကစားသမား ကာဘယ်လော့စ်ကို ယခုနွေရာသီဈေးကွက်အတွင်းမှာ ရီးရဲလ်မက်ဒရစ်ကနေ အငှားစာချုပ်နဲ့ခေါ်ယူထားတာဖြစ်ပြီး ဒီရာသီ အာဆင်နယ်အသင်းရဲ့ ပွဲဦးထွက် နှစ်ပွဲစလုံးကို ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပွဲစဉ်ဖြစ်တဲ့ ဘန်လေနဲ့ပွဲမှာ လာကာဇက်တီ၊ အူဘာမီယန်တို့သွင်းယူခဲ့တဲ့ နှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ဘန်လေကို 2-1 နဲ့အနိုင်ရပြီး 2009-2010 နောက်ပိုင်း ပထမဆုံးအဖြစ် ရာသီအဖွင့်နှစ်ပွဲစလုံးကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ကာဘယ်လော့စ်ဟာ အာဆင်နယ်အသင်းရဲ့ အနိုင်ဂိုး နှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့ရုံသာမကဘဲ တစ်ပွဲလုံးမှာ ဘောလုံးကို 97 ကြိမ်ထိတွေ့ခွင့်ရခဲ့ပြီး ဘောလုံးရှင်းထုတ်မှု 4 ကြိမ်၊ ဘောလုံးပေးပို့မှု အကြိမ် 70 ပြုလုပ်နိုင်ခဲ့လို့ အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းသမိုင်းမှာ ပထမဆုံးပွဲထွက်ကစားတဲ့ ပထမဆုံး နှစ်ပွဲတည်းနဲ့ ဂိုးဖန်တီးမှု 2 ကြိမ်ပြုလုပ်နိုင်ခဲ့တာ ယခင်က ရေးပါလာနဲ့ မီခီတာယန်တို့ နှစ်ဦးတည်းသာရှိပြီး ကာဘယ်လော့စ်က တတိယမြောက်ကစားသမားဖြစ်ပါတယ်။

ကာဘယ်လော့စ်ရဲ့ ခြေစွမ်းပြမှုကြောင့် အာဆင်နယ်အသင်းရဲ့ တွစ်တာစာမျက်နာပေါ်မှာ ပရိသတ်တစ်ဦးက “ ကာဘယ်လော့စ်ရှိနေပြီပဲ အိုဇေးကို မလိုအပ်တော့ဘူး” လို့ ရေးသားခဲ့ပြီး အခြားတစ်ဦးကလည်း “ ကာဘယ်လော့စ်ကို ရာသက်ပန် စာချုပ်ချုပ်ပေးပါ” လို့ ဆိုပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ ကာဘယ်လော့စ်ကို အသင်းအတွက် အလိုအပ်ဆုံးကစားသမားအဖြစ် တောင်းဆိုခဲ့ကြပြီး ပရိသတ်တစ်ဦးကလည်း “ ကာဘယ်လော့စ်က ကွင်းလယ်နေရာစုံမှာ ကစားနိုင်တယ်။ စပိန်ယူ 21 အသင်းမှာ ဗဟိုကွင်းလယ်ကစားသမားအဖြစ်ကစားတာ။ ဥရောပ ယူ 21 ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုရခဲ့ဖူးတယ်” လို့ ရေးသားချီးကျူးခဲ့ပြီး အခြားတစ်ဦးကတော့ “ ပေါင်သန်း 100 ပေးရလည်း ကာဘယ်လော့စ်ကို အပြီးခေါ်ပေးပါ” လို့ တောင်းဆိုခဲ့ကြတာပဲဖြစ်ပါတယ်။