ပြဲထြက္ဂိုးသြင္းၿပီး ၂ ရက္အၾကာမွာ Adidas နဲ႔စပြန္ဆာရသြားတဲ႔ ဒန္နီရယ္ဂ်ိမ္း္စ္

မန္ယူအသင္းေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္း္စ္ဟာ အသင္းသစ္နဲ႔ ပြဲဦးထြက္မွာဂိုးသြင္းယူခဲ့ၿပီးေနာက္ ကလပ္ရဲ႕၀တ္စုံစပြန္ဆာျဖစ္တဲ႔ Adidas နဲ႔ဖိနပ္စပြန္ဆာကို ရရွိသြားခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၁ ႏွစ္သာရွိေသးတဲ႔ ဂ်ိမ္းစ္ဟာေႏြရာသီေစ်းကြက္ထဲမွာ ဆြမ္ဆီးကေနမန္ယူကိုေပါင္ ၁၅ သန္းနဲ႔ေျပာင္းလာတဲ႔သူျဖစ္ပါတယ္။ မန္ယူက ခ်ဲလ္ဆီးကို ၄-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ဂ်ိမ္း္စ္ဟာလူစား၀င္ၿပီးေနာက္ မန္ယူအတြက္ဂိုးသြင္းယူကာ ပရီးမီးယားလိဂ္မွာပြဲထြက္ကစားၿပီး အဖြင့္လွခဲ့သူျဖစ္ပါတယ္။

Photo…google

ဒီလိုဂိုးသြင္းယူၿပီး ၂ ရက္အၾကာမွာဘဲ ကလပ္စပြန္ဆာျဖစ္တဲ႔ Adidas နဲ႔သူ႔အၾကားမွ ဖိနပ္စပြန္ဆာအတြက္သေဘာတူညီခ်က္ရရွိသြားခဲ့တာျဖစ္ပါတယ္။ ဒီလိုလက္မွတ္ထိုးခဲ့တာကိုလည္း ဂ်ိမ္းစ္ကသူ႔တြစ္တာကေနတစ္ဆင့္ ေဖာ္ျပသြားခဲ့ပါတယ္။ ဒီလိုေဖာ္ျပရာမွာ သူဂိုးသြင္းတာကို Adidas ကဂုဏ္ျပဳထားတဲ႔ ဂရပ္ဖစ္ဒီဇိုင္းေအာက္မွာ လက္မွတ္ထိုးေနတဲ႔ ပုံကိုတင္ခဲ့တာျဖစ္ပါတယ္။

ပုံစာကိုလည္း Adidas နဲ႔လက္မွတ္ထိုးရလို႔ ၀မ္းသာပီတိျဖစ္မိေၾကာင္းေဖာ္ျပသြားခဲ့ပါေသးတယ္။ သူတို႔ၾကားမွာ ေငြေၾကးဘယ္ေလာက္မမာဏနဲ႔ စာခ်ဳပ္ခဲ့သလဲဆိုတာကိုေတာ႔မသိရေသးပါဘူး။ ဒါေပမယ္႔ ဒီစာခ်ဳပ္ဟာသူ႔ရဲ႕ၾကြယ္၀မႈကိုအမ်ားႀကီးအေထာက္အကူျဖစ္ေစမယ္လို႔ေတာ႔ သုံးသပ္ၾကပါတယ္။

 

Photo…Sky Sports

 

ဂ်ိမ္းစ္ဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာဂိုးသြင္းယူႏိုင္ခဲ့မႈအတြက္ အမ်ားႀကီးေက်နပ္ေနၿပီး အခုလိုေျပာခဲ့ပါတယ္။”ဒီလိုမ်ဳိးျဖစ္လာမယ္လို႔ မထင္ခဲ့ပါဘူး။ ဒါေပမယ္႔ မန္ယူနဲ႔လက္မွတ္ထိုးၿပီးခ်ိန္ကတည္းက တစ္ခုခုထူးျခားတာလုပ္ျပဖို႔ အိပ္မက္ခဲ့တာပါ။ ပြဲဦးထြက္ ၄-၀ နဲ႔ႏိုင္ခဲ့တဲ႔ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တာဟာ တကယ္႔ကိုအိပ္မက္ဆန္ပါတယ္” လို႔ေျပာသြားပါတယ္။

Photo…google

Unicode

ပွဲထွက်ဂိုးသွင်းပြီး ၂ ရက်အကြာမှာ Adidas နဲ့စပွန်ဆာရသွားတဲ့ ဒန်နီရယ်ဂျိမ်းစ်
မန်ယူအသင်းတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ အသင်းသစ်နဲ့ ပွဲဦးထွက်မှာဂိုးသွင်းယူခဲ့ပြီးနောက် ကလပ်ရဲ့ဝတ်စုံစပွန်ဆာဖြစ်တဲ့ Adidas နဲ့ဖိနပ်စပွန်ဆာကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်သာရှိသေးတဲ့ ဂျိမ်းစ်ဟာနွေရာသီဈေးကွက်ထဲမှာ ဆွမ်ဆီးကနေမန်ယူကိုပေါင် ၁၅ သန်းနဲ့ပြောင်းလာတဲ့သူဖြစ်ပါတယ်။ မန်ယူက ချဲလ်ဆီးကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂျိမ်းစ်ဟာလူစားဝင်ပြီးနောက် မန်ယူအတွက်ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်မှာပွဲထွက်ကစားပြီး အဖွင့်လှခဲ့သူဖြစ်ပါတယ်။

ဒီလိုဂိုးသွင်းယူပြီး ၂ ရက်အကြာမှာဘဲ ကလပ်စပွန်ဆာဖြစ်တဲ့ Adidas နဲ့သူ့အကြားမှ ဖိနပ်စပွန်ဆာအတွက်သဘောတူညီချက်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီလိုလက်မှတ်ထိုးခဲ့တာကိုလည်း ဂျိမ်းစ်ကသူ့တွစ်တာကနေတစ်ဆင့် ဖော်ပြသွားခဲ့ပါတယ်။ ဒီလိုဖော်ပြရာမှာ သူဂိုးသွင်းတာကို Adidas ကဂုဏ်ပြုထားတဲ့ ဂရပ်ဖစ်ဒီဇိုင်းအောက်မှာ လက်မှတ်ထိုးနေတဲ့ ပုံကိုတင်ခဲ့တာဖြစ်ပါတယ်။

ပုံစာကိုလည်း Adidas နဲ့လက်မှတ်ထိုးရလို့ ဝမ်းသာပီတိဖြစ်မိကြောင်းဖော်ပြသွားခဲ့ပါသေးတယ်။ သူတို့ကြားမှာ ငွေကြေးဘယ်လောက်မမာဏနဲ့ စာချုပ်ခဲ့သလဲဆိုတာကိုတော့မသိရသေးပါဘူး။ ဒါပေမယ့် ဒီစာချုပ်ဟာသူ့ရဲ့ကြွယ်ဝမှုကိုအများကြီးအထောက်အကူဖြစ်စေမယ်လို့တော့ သုံးသပ်ကြပါတယ်။

ဂျိမ်းစ်ဟာ ချဲလ်ဆီးနဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့မှုအတွက် အများကြီးကျေနပ်နေပြီး အခုလိုပြောခဲ့ပါတယ်။”ဒီလိုမျိုးဖြစ်လာမယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် မန်ယူနဲ့လက်မှတ်ထိုးပြီးချိန်ကတည်းက တစ်ခုခုထူးခြားတာလုပ်ပြဖို့ အိပ်မက်ခဲ့တာပါ။ ပွဲဦးထွက် ၄-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဟာ တကယ့်ကိုအိပ်မက်ဆန်ပါတယ်” လို့ပြောသွားပါတယ်။