ပါးမားနဲ႔စီးရီးေအအဖြင့္ပြဲမွာ အရန္ခံုထုိင္ခဲ့ရတဲ့အေပၚ အံ့အားသင့္ခဲ့တဲ့ ဒီလစ္

photo-gettyimages

photo-AP

ၿပီးခဲ့တဲ့စေနည ပါမားနဲ႔စီးရီးေအအဖြင့္ပြဲစဥ္မွာ အရန္ခုံထုိင္ခဲ့ရတဲ့အေပၚ အံ့အားသင့္ခဲ့ရေၾကာင္း ဂ်ဴဗင္တပ္ေနာက္ခံလူသစ္ဒီလစ္က ၀န္ခံေျပာၾကားလိုက္ပါတယ္။ အဲဒီနယ္သာလန္လက္ေရြးစင္ေနာက္ခံလူဟာ အခုေႏြရာသီအေျပာင္းအေရႊ႕မွာ ေအဂ်က္ကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၆၇.၈ သန္းနဲ႔ ဂ်ဴဗင္တပ္ကို ေရာက္လာခဲ့တာပါ။ ဒါေပမဲ့လည္း ဒီလစ္ဟာ ပါးမားကို ၁-၀ ဂိုးနဲ႔အႏိုင္ရခ့ဲတဲ့ပြဲမွာ လူစား၀င္အျဖစ္ေတာင္ ကစားခြင့္မရခဲ့ပါဘူး။ အဲဒီပဲြက ဂ်ဴဗင္တပ္ဗဟိုခံစစ္မွာ ခ်ီရယ္လီနီနဲ႔ဘိုႏုခ်ီတို႔ကသာ နည္းျပဆာရီရဲ႕ဦးစားေပးျဖစ္ခဲ့ၿပီး အဲဒီထဲမွာ ခ်ီရယ္လီနီက ဂ်ဴဗင္တပ္အတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းေပးခဲ့ပါတယ္။

photo-AFP

“အရွိအတိုင္းေျပာရရင္ ကစားခြင့္ရခ်င္သလို ကစားရမယ္လု႔ိလည္း ထင္ထားတာပါ။ ကၽြန္ေတာ္မပါႏိုင္တဲ့အရိပ္အေျခကို ေလ့က်င့္ေရးအစီအစဥ္မွာလည္း မေတြ႕ရပါဘူး။ ဒါေၾကာင့္ အရန္ခံုထိုင္ရမယ္လုိ႔ မေမွ်ာ္လင့္ခဲ့တာပါ။ ဘာပဲျဖစ္ျဖစ္ နည္းျပရဲ႕ဆုံးျဖတ္ခ်က္ကို ကၽြန္ေတာ္ေလးစားပါတယ္။ ကၽြန္ေတာ္ အရွိကိုအရွိအတိုင္းျမင္ရမွာပါ။ အီတလီမွာ အေျခက်ဖို႔ ႀကဳိးစားေနရဆဲလည္း ျဖစ္ပါတယ္။ ကစားသြားခဲ့ၾကတဲ့ ခ်ီရယ္လီနီနဲ႔ဘိုႏုခ်ီတို႔ဟာ ကမာၻ႔အေကာင္းဆုံးဗဟိုခံစစ္အတြဲအျဖစ္ ကာလရွည္ၾကာသတ္မွတ္ခံထားရတာပါ”လု႔ိ ဒီလစ္က နယ္သာလန္သတင္းစာတစ္ေစာင္ကို ေျပာခဲ့တာပါ။

photo-gettyimages

ဒါေပမဲ့ အသက္ ၂၀ အရြယ္ အဲဒီေအဂ်က္အသင္းေခါင္းေဆာင္ေဟာင္းက ပြဲထြက္ေနရာအတြက္ တိုက္ပြဲ၀င္ဖို႔ အၿမဲတမ္းျပင္ဆင္သြားမယ္လို႔ အခုိင္အမာေျပာၾကားလုိက္ပါတယ္။ “ရာသီတစ္ေလွ်ာက္လုံးမွာ ေနရာရဖို႔ ကၽြန္ေတာ္ႀကိဳးစားရမွာပါ။ ပထမဆုံးရက္သတၱပတ္ ၅ ပတ္ကေတာ့ ရုပ္ပိုင္းဆိုင္ရာအဆင့္အရ ခက္ခဲမွာပါ။ ဒါေပမဲ့ ကၽြန္ေတာ္ပိုၿပီးႀကံ႕ခိုင္လာတာကို သတိထားမိပါတယ္။ ခံစစ္ပိုင္းအရေတာ့ ေအဂ်က္မွာ ကၽြန္ေတာ္ေတြ႕ႀကဳံခဲ့ရတာေတြနဲ႔ သိပ္မကြာပါဘူး”လို႔ ဒီလစ္က ဆက္လက္ေျပာၾကားခဲ့တာပါ။

[Unicode]

ပြီးခဲ့တဲ့စနေည ပါမားနဲ့စီးရီးအေအဖွင့်ပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ရတဲ့အပေါ် အံ့အားသင့်ခဲ့ရကြောင်း ဂျူဗင်တပ်နောက်ခံလူသစ်ဒီလစ်က ဝန်ခံပြောကြားလိုက်ပါတယ်။ အဲဒီနယ်သာလန်လက်ရွေးစင်နောက်ခံလူဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ အေဂျက်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၆၇.၈ သန်းနဲ့ ဂျူဗင်တပ်ကို ရောက်လာခဲ့တာပါ။ ဒါပေမဲ့လည်း ဒီလစ်ဟာ ပါးမားကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်အဖြစ်တောင် ကစားခွင့်မရခဲ့ပါဘူး။ အဲဒီပွဲက ဂျူဗင်တပ်ဗဟိုခံစစ်မှာ ချီရယ်လီနီနဲ့ဘိုနုချီတို့ကသာ နည်းပြဆာရီရဲ့ဦးစားပေးဖြစ်ခဲ့ပြီး အဲဒီထဲမှာ ချီရယ်လီနီက ဂျူဗင်တပ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။

“အရှိအတိုင်းပြောရရင် ကစားခွင့်ရချင်သလို ကစားရမယ်လု့ိလည်း ထင်ထားတာပါ။ ကျွန်တော်မပါနိုင်တဲ့အရိပ်အခြေကို လေ့ကျင့်ရေးအစီအစဉ်မှာလည်း မတွေ့ရပါဘူး။ ဒါကြောင့် အရန်ခုံထိုင်ရမယ်လို့ မမျှော်လင့်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် နည်းပြရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားပါတယ်။ ကျွန်တော် အရှိကိုအရှိအတိုင်းမြင်ရမှာပါ။ အီတလီမှာ အခြေကျဖို့ ကြိုးစားနေရဆဲလည်း ဖြစ်ပါတယ်။ ကစားသွားခဲ့ကြတဲ့ ချီရယ်လီနီနဲ့ဘိုနုချီတို့ဟာ ကမ္ဘာ့အကောင်းဆုံးဗဟိုခံစစ်အတွဲအဖြစ် ကာလရှည်ကြာသတ်မှတ်ခံထားရတာပါ”လု့ိ ဒီလစ်က နယ်သာလန်သတင်းစာတစ်စောင်ကို ပြောခဲ့တာပါ။

ဒါပေမဲ့ အသက် ၂၀ အရွယ် အဲဒီအေဂျက်အသင်းခေါင်းဆောင်ဟောင်းက ပွဲထွက်နေရာအတွက် တိုက်ပွဲဝင်ဖို့ အမြဲတမ်းပြင်ဆင်သွားမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ “ရာသီတစ်လျှောက်လုံးမှာ နေရာရဖို့ ကျွန်တော်ကြိုးစားရမှာပါ။ ပထမဆုံးရက်သတ္တပတ် ၅ ပတ်ကတော့ ရုပ်ပိုင်းဆိုင်ရာအဆင့်အရ ခက်ခဲမှာပါ။ ဒါပေမဲ့ ကျွန်တော်ပိုပြီးကြံ့ခိုင်လာတာကို သတိထားမိပါတယ်။ ခံစစ်ပိုင်းအရတော့ အေဂျက်မှာ ကျွန်တော်တွေ့ကြုံခဲ့ရတာတွေနဲ့ သိပ်မကွာပါဘူး”လို့ ဒီလစ်က ဆက်လက်ပြောကြားခဲ့တာပါ။