ပရီးမီးယားလိဂ္ အမွတ္ေပးခ်န္ပီယံဆုရွင္နဲ႔ ထိပ္သီးေလးသင္းဝင္ေရာက္မယ့္ အသင္းမ်ားကိုခန္႔မွန္းလိုက္တဲ့ လီဗာပူးဂႏၳ၀င္ကာေရဂါ

Photo Credit ; Getty Images

Photo Credit

ဂ်ာဂင္ကေလာ့ပ္ရဲ႔ လီဗာပူးအသင္းဟာ ယမန္ႏွစ္ရာသီက မန္စီးတီးအသင္းကို ၁ ပြဲသာရံႈးနိမ့္ခဲ့ၿပီး စီးတီးနဲ႔ တစ္မွတ္သာကြာဟခဲ့ကာ အမွတ္ေပးဖလားကို လက္လႊတ္လိုက္ရတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ နည္းျပဆာရီလက္ထက္မွာ အဆင့္ ၃ ေနရာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

စပါးအသင္းကလည္း ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ လီဗာပူးအသင္းကို ႐ံႈးနိမ့္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာအဆင့္ ၄ ေနရာရပ္တည္ခဲ့ပါတယ္။ အာဆင္နယ္အသင္းကေတာ့ ထိပ္သီး ၄ သင္းစာရင္း ဝင္ဖို႔ တစ္မွတ္သာလိုအပ္ခဲ့ၿပီး ရာသီပိတ္သိမ္းခ်ိန္မွာ အဆင့္ ၅ ေနရာနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

Photo Credit

မန္ခ်က္စတာယူႏိုက္တက္ အသင္းကလည္း ေမာ္ရင္ဟို၊ ဆိုးလ္ရွားစတဲ့နည္းျပအေျပာင္းအလဲေတြ ျဖစ္ပြားခဲ့ကာအဆင့္ ၆ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ လီဗာပူးဂႏၳ၀င္ေနာက္ခံလူကာေရဂါကေတာ့ လီဗာပူးအသင္းဟာ ဒီရာသီမွာ မန္စီးတီးအသင္းကို အေကာင္းဆံုးဖိအားေပးႏိုင္မယ္လို႔ ဆိုခဲ့ေပမယ့္ ပရီးမီးယားလိဂ္ဆုဖလားကိုေတာ့ မန္စီးတီးအသင္းကပဲထပ္မံသိမ္းပိုက္သြားမယ္လို႔ ခန္႔မွန္းခဲ့ပါတယ္။

Photo Credit

အဂၤလန္လက္ေရြးစင္ေဟာင္း ကာေရဂါက ဒီရာသီမွာ ေျမာက္လန္ဒန္ ၿပိဳင္ဘက္အသင္းေတြျဖစ္တဲ့ စပါးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ဟာ အဆင့္ ၃ နဲ႔ ၄ အတြင္းမွာဝင္ေရာက္ၿပီး ေနာက္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိႏိုင္မယ္လို႔ Daily Telegraph သတင္းမွာ ဆက္လက္ ခန္႔မွန္းေျပာဆိုခဲ့ပါတယ္။

Photo Credit ; Sky Sports

စပါးအသင္းဟာ လိုင္ယြန္အသင္းကြင္းလယ္လူ အန္ဒြန္ဘီလီကိုၿပီးခဲ့တဲ့လက ေခၚယူႏိုင္ခဲ့ပါတယ္။ အဂၤလန္အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာလည္း ဖူလ္ဟမ္ၾကယ္ပြင့္ ဆက္ဆီႏြန္ကိုေပါင္ ၂၅ သန္းနဲ႔ အရေခၚယူႏိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းကလည္း စိတ္ဝင္စားဖြယ္ ကစားသမားေခၚယူမႈေတြ ျပဳလုပ္ထားပါတယ္။

Photo Credit ; Getty Images

စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးေပါင္ ၇၂ သန္းနဲ႔ လိုင္ယြန္ေတာင္ပံကစားသမားနီကိုလပ္စ္ပီပီကိုေခၚယူထားခဲ့ၿပီး ခ်ဲလ္ဆီးေနာက္ခံလူေဒးဗစ္လူးဝစ္ဇ္နဲ႔ ဆဲလ္တစ္အသင္းဘယ္ေနာက္ခံလူတီယာေနးတို႔ကိုလည္း အေျပာင္းအေရႊ႕မပိတ္ခင္ အရေခၚယူထားႏိုင္ခဲ့ပါတယ္။
၂၀၁၉-၂၀၂၀ ရာသီအတြက္ ကာေရဂါရဲ႕ခန္႔မွန္းခ်က္မ်ား
ပရီးမီးယားလိဂ္ – မန္စီးတီး
ထိပ္သီး ၄ သင္း- မန္စီးတီး၊ လီဗာပူး၊ စပါး၊ အာဆင္နယ္
အက္ဖ္ေအဖလား- လီဗာပူး
လိဂ္ဖလား – စပါး
ခ်န္ပီယံလိဂ္ဖလား – မန္စီးတီး

Photo Credit ; PA

Unicode

ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုရှင်နဲ့ ထိပ်သီးလေးသင်းဝင်ရောက်မယ့် အသင်းများကိုခန့်မှန်းလိုက်တဲ့ လီဗာပူးဂန္ထဝင်ကာရေဂါ

ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ယမန်နှစ်ရာသီက မန်စီးတီးအသင်းကို ၁ ပွဲသာရှုံးနိမ့်ခဲ့ပြီး စီးတီးနဲ့ တစ်မှတ်သာကွာဟခဲ့ကာ အမှတ်ပေးဖလားကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ နည်းပြဆာရီလက်ထက်မှာ အဆင့် ၃ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။
စပါးအသင်းကလည်း ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာအဆင့် ၄ နေရာရပ်တည်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ ထိပ်သီး ၄ သင်းစာရင်း ဝင်ဖို့ တစ်မှတ်သာလိုအပ်ခဲ့ပြီး ရာသီပိတ်သိမ်းချိန်မှာ အဆင့် ၅ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းကလည်း မော်ရင်ဟို၊ ဆိုးလ်ရှားစတဲ့နည်းပြအပြောင်းအလဲတွေ ဖြစ်ပွားခဲ့ကာအဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ လီဗာပူးဂန္ထဝင်နောက်ခံလူကာရေဂါကတော့ လီဗာပူးအသင်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းကို အကောင်းဆုံးဖိအားပေးနိုင်မယ်လို့ ဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ်ဆုဖလားကိုတော့ မန်စီးတီးအသင်းကပဲထပ်မံသိမ်းပိုက်သွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်း ကာရေဂါက ဒီရာသီမှာ မြောက်လန်ဒန် ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အဆင့် ၃ နဲ့ ၄ အတွင်းမှာဝင်ရောက်ပြီး နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်မယ်လို့ Daily Telegraph သတင်းမှာ ဆက်လက် ခန့်မှန်းပြောဆိုခဲ့ပါတယ်။
စပါးအသင်းဟာ လိုင်ယွန်အသင်းကွင်းလယ်လူ အန်ဒွန်ဘီလီကိုပြီးခဲ့တဲ့လက ခေါ်ယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်အပြောင်းအရွှေ့နောက်ဆုံးရက်မှာလည်း ဖူလ်ဟမ်ကြယ်ပွင့် ဆက်ဆီနွန်ကိုပေါင် ၂၅ သန်းနဲ့ အရခေါ်ယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားဖွယ် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားပါတယ်။
စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းနဲ့ လိုင်ယွန်တောင်ပံကစားသမားနီကိုလပ်စ်ပီပီကိုခေါ်ယူထားခဲ့ပြီး ချဲလ်ဆီးနောက်ခံလူဒေးဗစ်လူးဝစ်ဇ်နဲ့ ဆဲလ်တစ်အသင်းဘယ်နောက်ခံလူတီယာနေးတို့ကိုလည်း အပြောင်းအရွှေ့မပိတ်ခင် အရခေါ်ယူထားနိုင်ခဲ့ပါတယ်။
၂၀၁၉-၂၀၂၀ ရာသီအတွက် ကာရေဂါရဲ့ခန့်မှန်းချက်များ
ပရီးမီးယားလိဂ် – မန်စီးတီး
ထိပ်သီး ၄ သင်း- မန်စီးတီး၊ လီဗာပူး၊ စပါး၊ အာဆင်နယ်
အက်ဖ်အေဖလား- လီဗာပူး
လိဂ်ဖလား – စပါး
ချန်ပီယံလိဂ်ဖလား – မန်စီးတီး